Skip to main content

Feb 26, 2021

သတင်းများရေးသားထုတ်လွှင့်ဖော်ပြရာတွင် တည်ဆဲဥပဒေများနှင့် အညီဖြစ်စေရန်နှင့် အရေး ပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို အာဏာသိမ်းအစိုးရဟုလည်းကောင်း၊ အာဏာသိမ်းစစ်ကောင်စီဟု လည်းကောင်း မမှန်မကန် သုံးနှုန်းဖော်ပြခြင်းများ မပြုလုပ်ကြပါရန် ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် မီဒီယာအဖွဲ့အစည်းများ၊ ထုတ်ဝေနေသော သတင်းစာ/ဂျာနယ် များသို့ အကြောင်းကြားစာ (၃)ကြိမ် ပေးပို့၍ မေတ္တာရပ်ခံဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2021

မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူစ ဝိနည်းသိက္ခာပုဒ်တော်များ မရှိသေးမီကာလ၌ မြတ်စွာ ဘုရားရှင်က ရဟန်းတော်များ လိုက်နာစောင့်ထိန်းရမည့် သြဝါဒပါတိမောက် ကို ပြတော်မူ သည်။ ပါတိမောက်ကို ပြသည်ဆိုသည်မှာ ပါတိမောက်ဒေသနာ တော်ကို ဟောကြားတော်မူခြင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် စီမံခန့်ခွဲရေးအစည်း အဝေး(၂/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦးတို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2021

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။ မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဖေဖော်ဝါရီ ၈ ရက် တွင် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ပြောကြားခဲ့သည့် မိန့်ခွန်းပါ အချက်အလက်များကို ထုတ်နုတ်၍ ဌာနဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်သို့ ထပ်ဆင့်ညွှန်ကြား ရှင်းလင်းပြောကြားခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေး ခန်းမတွင် Zoom Meeting ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2021

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Feb 25, 2021

မြန်မာနိုင်ငံတွင် ယမန်နှစ် ၂၀၂၀ ပြည့်နှစ်ကာလအတွင်း မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် နိုင်ငံ့စီးပွားရေး ယိုင်နဲ့လာခဲ့ရာ နိုင်ငံ့စီးပွားရေးကို အမြန်ဆုံးပြန်လည် တည့်မတ် လာနိုင်ရေး၊ ဦးမော့လာနိုင်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်