Mar 29, 2021
၂၀၂၁ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ နေ့လည် ၁၂ ခွဲအချိန်ခန့်တွင် မဟာအောင်မြေမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးသည် အကျဉ်းဦးစီးဌာနသို့ လိုအပ်သော ရုံးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ ပို့ဆောင်ရေးအတွက် ဒသမ ၃၈ ခြောက်လုံးပြူး ၁ လက်၊ Icon စကားပြောဆက်သွယ်ရေးစက် ၁ လုံးအား အိတ်အတွင်းထည့်ကာ အရပ်ဝတ်ဝတ်ဆင်၍ ၎င်းပိုင်ဆိုင်ကယ်ဖြင့် ရဲစခန်းမှ ၁၄ လမ်းနှင့် ၈၇ x ၈၈ လမ်းအကြား ကမ်းနားလမ်းအတိုင်း တစ်ဦးတည်း ထွက်ခွာသွားခဲ့ရာ အောင်မြေသာစံမြို့နယ်၊ (၁၄)လမ်းထိပ်၊ နှင်းဆီအိမ်ရာသို့အရောက်တွင် လူစုလူဝေးအင်အား ၂၀၀ ဦးခန့်ပါဝင်သည့် လူအုပ်စုမှ တားဆီးသဖြင့် ဆိုင်ကယ်အား နောက်သို့ပြန်လှည့်မောင်းနှင်စဉ် ဆိုင်ကယ်လဲကျခဲ့ပြီး ဆူပူသူလူအုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရကာ တာယာကွင်းများဖြင့်စွပ်၍ အရှင်လတ်လတ် မီးရှို့သတ်ခံခဲ့ရကြောင်း သိရှိရပါသည်။
Mar 29, 2021
၂၀၂၁ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ဆူပူအကြမ်းဖက်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖြိုခွဲထိန်းသိမ်းစဉ် ဆူပူအကြမ်းဖက် သူများ အတွင်းမှ အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
Mar 29, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
Mar 29, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 29, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
Mar 29, 2021
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံမှု၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ ကြီးကြပ်မှုဖြင့် ကိုကိုးကျွန်းမြို့နယ်သို့ ပြေးဆွဲပေးမည့် M.V CHARITES သင်္ဘောခရီးစဉ်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်းမှ စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
Mar 29, 2021
Sky Net သတင်းဌာနမှ သတင်းထောက် ပိုးဥရန်နိုင်က ဆက်လက် မေးမြန်းရာ ယခင်က ည ၁ နာရီ မှ မနက် ၉ နာရီခွဲအထိ All internet shut-down လုပ်ဆောင်ပြီး အခုနောက်ပိုင်းတွင် Mobile data shut down ongep:Gecocloppesi Money transactions များနှင့် Online services များတွင် တော်တော်လေး အခက်အခဲဖြစ်နေသည်ကို တွေ့ရကြောင်း၊ မိမိတို့ သတင်းမီဒီယာများ မှာဆိုလျှင် Online နှင့် လုပ်နေရခြင်းဖြစ်သည့်အတွက် ယခုကိစ္စများနှင့် ပတ်သက်ပြီး Telecom Sector များနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ မည်သည့်အကြောင်းအရာများ ဆွေးနွေးလုပ်ဆောင်နေပါလဲ၊ ပုံမှန်မည်သည့် အချိန်တွင် ဖြစ်မည်နှင့် မည်သည့်အခြေအနေမှာ ပြန်ဖြစ်နိုင်မည်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
Mar 29, 2021
စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုလွင်သည် မတ်၂၅ ရက်က မန္တလေးတိုင်းဒေသကြီး တောင်သာမြို့ရှိ အမှတ်(၁၀) အထည်စက်ရုံသို့ ရောက်ရှိပြီး မိမိ ထုတ်ကုန်ပစ္စည်းအား ဈေးကွက်ရှိ ပစ္စည်းများနှင့် ယှဉ်ပြိုင်ရောင်းချ နိုင်ရေးဆောင်ရွက်ရန်၊ ကုန်ချောလက်ကျန်များ ကုန်စင်အောင် ရောင်းချနိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်ရုံရှိ ကုန်ကြမ်းများကို မိမိတို့ ဌာနအတွင်းရှိ စက်ရုံများတွင် ပြန်လည်အသုံးပြုနိုင်ရေး ပေါင်းစပ် ဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် စက်ရုံရေရှည်ရပ်တည် လည်ပတ်နိုင်ရေး အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရန်တို့ကို မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များ ကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးသည်။
Mar 29, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများအတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေးစောင့် ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော် ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၁ဝဝ၈၇ ဦး၊ အတွင်းလူနာ ၄၁၉၁ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့်လူနာများကို ခွဲစိတ် ပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတကာ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံ တက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် ကိုပါ စီမံဆောင်ရွက်ပေးသည်။