Skip to main content

သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ရေးသားဖော်ပြခြင်းမပြုသည့် သတင်းစာ/ဂျာနယ်များအား အသိပေး ဆောင်ရွက် လျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၅ သတင်းများရေးသားထုတ်လွှင့်ဖော်ပြရာတွင် တည်ဆဲဥပဒေများနှင့် အညီဖြစ်စေရန်နှင့် အရေး ပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို အာဏာသိမ်းအစိုးရဟုလည်းကောင်း၊ အာဏာသိမ်းစစ်ကောင်စီဟု လည်းကောင်း မမှန်မကန် သုံးနှုန်းဖော်ပြခြင်းများ မပြုလုပ်ကြပါရန် ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် မီဒီယာအဖွဲ့အစည်းများ၊ ထုတ်ဝေနေသော သတင်းစာ/ဂျာနယ် များသို့ အကြောင်းကြားစာ (၃)ကြိမ် ပေးပို့၍ မေတ္တာရပ်ခံဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် အချို့သော သတင်းမီဒီယာများနှင့် သတင်းအဖွဲ့အစည်း များသည် အာဏာ သိမ်းစစ်အစိုးရ၊ အာဏာသိမ်းစစ်ကောင်စီ စသည့် အသုံးအနှုန်းများကို ဆက်လက်ရေးသား ဖော်ပြနေခြင်း၊ လူထုဆူပူအုံကြွမှုဖြစ်စေရန် ရည်ရွယ်၍ သတင်းမီဒီယာကျင့်ဝတ်နှင့် သွေဖည် ကာ ရေးသားဖော်ပြခြင်းတို့ကို ဆက်လက်လုပ်ဆောင်ဖော်ပြနေကြောင်းတွေ့ရှိရသည်။ သို့ဖြစ်၍ အဆိုပါ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ရေးသားဖော်ပြ ခြင်းမပြုသည့် သတင်းစာ၊ ဂျာနယ်များအား သတင်းမီဒီယာဥပဒေ အခန်း(၄) ပုဒ်မ(၉)ပါ ပြဋ္ဌာန်းချက်များ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ အခန်း(၄) ပုဒ်မ(၈)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရေးသား ဖော်ပြပေးနိုင်ရေးအတွက် လိုအပ်သလို ကြီးကြပ်ဆောင်ရွက်ပေးပါရန် မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီသို့၂၄-၂-၂၀၂၁ ရက်နေ့တွင် ထပ်မံ မေတ္တာရပ်ခံအသိပေး အကြောင်း ကြားထားကြောင်းနှင့် လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်