Feb 27, 2021
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများအချင်းချင်း ချစ်ခင်စည်းလုံးမှု၊ တစ်ဦး အပေါ်တစ်ဦး နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖြစ်ပေါ်စေရေးအတွက် မြန်မာ့ရိုးရာ ထမနဲ ထိုးပွဲများကို နှစ်စဉ်ကျင်းပခဲ့ရာ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် တပို့တွဲလပြည့်နေ့(ဖေဖော်ဝါရီ ၂၆)ရက်နေ့တွင် ရိုးရာမပျက် ထမနဲထိုးပွဲကျင်းပ၍ ပျော်ရွှင်ကြည်နူးလျက်ရှိသည်။
Feb 27, 2021
သတင်းများရေးသားထုတ်လွှင့်ဖော်ပြရာတွင် တည်ဆဲဥပဒေများနှင့် အညီဖြစ်စေရန်နှင့် အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အာဏာသိမ်းအစိုးရဟုလည်းကောင်း၊ အာဏာသိမ်းစစ်ကောင်စီဟုလည်းကောင်း မမှန်မကန် သုံးနှုန်းဖော်ပြခြင်းများ မပြုလုပ်ကြပါရန် ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီနှင့် မီဒီယာအဖွဲ့ အစည်းများ၊ ထုတ်ဝေနေသော သတင်းစာ/ဂျာနယ်များသို့ အကြောင်းကြားစာ (၃)ကြိမ် ပေးပို့၍ မေတ္တာရပ်ခံဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
Feb 27, 2021
ကိုဗစ် − ၁၉ ကာကွယ်ရေး မပြီးဆုံးသေး ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး ဦးစားပေး မဆောင်ရွက်နေသည်ကို တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ လျော့နည်းကျဆင်းသွားသည်ဆိုသော်လည်း ရောဂါပိုးတွေ့လူနာများ ထပ်မံ မတွေ့ရှိနေဆဲ၊ ဗီဇမျိုးကွဲသစ်များ ထပ်မံတွေ့ရှိနေဆဲဖြစ်၍ ကိုဗစ်-၁၉ ရောဂါ -ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပစ်ပယ်ထား၍ ရနိုင်မည်မဟုတ်ပေ။ ရပ်တန့် ထား၍ ရနိုင်မည်မဟုတ်ပေ။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာပေါ်ရှိ လူဦးရေ ၁၁၃ သန်းကျော် ကူးစက်ခံရပြီး လူဦးရေ နှစ်သန်းခွဲကျော် သေဆုံးခဲ့ရသည်။ ရောဂါပြန်လည် ကင်းစင်ကျန်းမာလာသူ လူဦးရေ ၈၉ သန်းခန့် ရှိသည်။ မြန်မာနိုင
Feb 27, 2021
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)