Feb 24, 2021
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း နိုင်ငံရပ်ခြားတွင် ကာလရှည်ကြာစွာ ပိတ်မိဒုက္ခခံနေရသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ မြန်မာနိုင်ငံသို့ ပြန်လာသင့်ကြောင်း အဆိုပါပြည်ပရောက်မြန်မာနိုင်ငံသားများအား အမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရေး စီမံ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် နိုင်ငံတော် သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လမ်းညွှန်မှာကြားခဲ့သဖြင့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေပြီး ယခင်ကာလများကတည်းက အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည့် မြန်မာနိုင်ငံသားများအား ခေါ်ဆောင်ရန် တပ်မတော် (ရေ)မှ ဗိုလ်မှူးချုပ် နိုင်မင်းကျော် ဦးဆောင်သည့် စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွား ဆေးရုံ ရေယာဉ်(သံလွင်)နှင့် စစ်ရေယာဉ် (ဆင်ဖြူရှင်)တို့သည် ရန်ကုန်မြို့မှ မလေးရှားနိုင်ငံ၊ လူမွတ် (Lumut) ရေတပ်ဆိပ်ကမ်းသို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စတင်ထွက်ခွာခဲ့သည်။
Feb 24, 2021
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ညောင်လေးပင်ကျေးရွာနေသူ အမျိုးသမီးတစ်ဦး သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီတွင် ကျေးရွာအတွင်း၌ ဆိုင်ကယ်မတော်တဆတိမ်းမှောက်၍ ယာဘက်လက် ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ပြည်မြို့ (ကုတင်-၅၀၀) ပြည်သူ့ဆေးရုံမှာ ဖွင့်လှစ်ကုသခြင်းမရှိသဖြင့် ညနေ ၅ နာရီခန့်တွင် ပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသခြင်းမရှိဘဲ ပုဂ္ဂလိက သံလွင်ဆေးရုံ၌ အခကြေးငွေရယူလျက် ဆေးကုသနေသည့် ဒေါက်တာ ကျော်သူရ ထံသို့ သွားရောက်ပြသခဲ့ရာ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၁၁ နာရီတွင် အမျိုးသမီး၏ ယာဘက်လက်သူကြွယ်နှင့် လက်သန်းနှစ်ချောင်းအား ငွေကျပ် ၁၃ သိန်းပေး၍ ခွဲစိတ်ဖြတ်တောက်ခဲ့ရသည့်အပြင် ဒေါက်တာကျော်သူရမှ ဒုတိယအကြိမ် ထပ်မံခွဲစိတ်ရန် လိုအပ်ကြောင်း ပြောလာခဲ့သဖြင့် ငွေကြေးမတတ်နိုင်တော့သည့်အတွက် ၎င်းပုဂ္ဂလိကဆေးရုံမှ အမှတ်(၆)တပ်မတော်ဆေးရုံ(ကုတင်-၁၀၀)သို့ လာရောက်ပြသ အရေးပေါ် ခွဲစိတ်ကုသမှုခံ ယူခံရသည်။
Feb 24, 2021
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူး အဆင့် အလံတင်အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံ မောင်တောမြို့ အမှတ်(၁) လူဝင်/ ထွက် စစ်ဆေးရေးစခန်း (POE) ၌ ကျင်းပ သည်။
Feb 24, 2021
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များသည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အောင်ဆန်းခန်းမတွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Feb 24, 2021
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့်အတူ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တို့လိုက်ပါ၍ ယမန်နေ့နံနက်(၈)နာရီက ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာ အနီးရှိ ဂုံညှင်းပင် စခန်းရှေ့တွင် ကျင်းပပြုလုပ်သော အလောင်းတော်ကဿပ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကပိုင်-သပိတ်ဆေး-ဘုရားဖူးရာ သီလမ်းဖွင့်ပွဲသို့ တက်ရောက်ခဲ့သည်။
Feb 24, 2021
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို ဖေဖော်ဝါရီ ၂၂ရက် နံနက်မှ စတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Feb 24, 2021
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပါသည်။ ညအပူချိန်များမှာ တနင်္သာရီ တိုင်းဒေသကြီးတွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်အောက် (၃)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန် တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် နေပြည်တော်တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်ထက် (၅)ဒီဂရီစင်တီဂရိတ် ပိုခဲ့ကာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။
Feb 24, 2021
ရှမ်းပြည်နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းတင်ပြ ချက်နှင့် လမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု တင်ပြခြင်းကို ယနေ့ မွန်းလွဲ ၂နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ကျင်းပ သည်။
Feb 24, 2021
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။