Mar 04, 2021
တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၁) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကာကွယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြား သည်။
Mar 04, 2021
နိုင်ငံတော်ဆန့်ကျင်ရေးအစုအဖွဲ့များအနေဖြင့် လူငယ်ထုများအား ရှေ့တန်းတင်ကာ ပိုစတာ များ၊ ဆိုင်းဘုတ်များ၊ ဆန္ဒပြသူအဖွဲ့များအတွက် ပစ္စည်းမျိုးစုံတီထွင်ကာ နောက်ကွယ်မှ ထောက်ပံ့သော ငွေကြေးအမြောက်အများကို အကုန်ကျခံပြီး နိုင်ငံရေးသမားအများစုက လှုံဆော်မှုပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Mar 04, 2021
ပျဉ်းမနားမြို့၌ အကြမ်းဖက်သူလူအုပ်စုမှ ရဲတပ်ဖွဲ့ဝင်(၁)ဦးကို အကြောင်းမဲ့ဖမ်းဆီး ရိုက်နှက်၍ ခေါင်းတုံးတုံးခြင်း၊ မျက်ခုံးမွှေးရိတ်ခြင်းများပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
Mar 04, 2021
ဆူပူဆန္ဒပြသူ လူအုပ်စုအတွင်း ဗုံးပစ်လက်နက်ကိုင်ဆောင်ထားသူ အုပ်စုများ ပါဝင်လာမှု တွေ့ရှိရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြင်းခြံမြို့၌ အကြမ်းဖက်သူလူတစ်စုမှ သံဃာတော်တစ်ပါးအား ဖမ်းဆီး၊ လူဝတ်လဲ၊ ရိုက်နှက်မှု ဖြစ်စဉ်ဖြစ်ပွား
Mar 04, 2021
မြင်းခြံမြို့၌ အကြမ်းဖက်သူလူတစ်စုမှ သံဃာတော်တစ်ပါးကို ဖမ်းဆီး၊ လူဝတ်လဲ၊ ရိုက်နှက် ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Mar 04, 2021
မြင်းခြံမြို့ရှိ မြဝတီဘဏ် ATM ငွေထုတ်စက်ကို လူစုလူဝေးဖြင့် ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Mar 04, 2021
နေပြည်တော်အတွင်း အုပ်ချုပ်ရေး၊ ဒေသဆိုင်ရာဖွံ့ဖြိုးရေးနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 04, 2021
အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရန်မြန်မာနိုင်ငံသူ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ကြိုးပမ်းနေကြ သည်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးသည် ရည်မှန်းချက်ပန်းတိုင်ဖြစ်ပြီး လတ်တလောလိုအပ်ချက်မှာ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပင်ဖြစ်သည်။ မိမိတို့ နိုင်ငံအဖို့ စည်းလုံးညီညွတ်ရေးသည် အတိတ်၊ ပစ္စုပ္ပန် အနာဂတ်တည်းဟူသော ကာလသုံးပါးစလုံးတွင် လိုအပ်ချက် ဖြစ်သည်။ ထို့အပြင် ယနေ့နိုင်ငံတွင် ဆောင်ရွက်နေကြရသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အခြေခံတစ်ရပ်လည်း ဖြစ်သည်။
Mar 04, 2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက်အနီး၌ ယနေ့တွင် ဆူပူဆန္ဒပြသူ အချို့က အုပ်စုဖွဲ့၍ ဆူပူဆန္ဒပြမှုများ ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များလာရောက်၍ လူစုခွဲမှုများ ၊ မပြုလုပ်နိုင်ရန် ကားလမ်းမပေါ်တွင် အတားအဆီးများပိတ်ဆို့ခဲ့သည်။ ၎င်းအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဘေးအန္တရာယ်ဖြစ်ပွားစေရန်နှင့် ရပ်ကွက်အတွင်းရှိ အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများကိုပါ ဆူပူမှုတွင် ပါဝင်လာစေရန် ရည်ရွယ်ချက်ဖြင့် ကားလမ်းပေါ်တွင် တာယာကွင်းများချထား၍ မီးရှို့မှုများ ၊ ကိုပါ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 04, 2021
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။