Skip to main content

မြောက်ဥက္ကလာပမြို့နယ် (၂)ရပ်ကွက်အနီး ဆူပူဆန္ဒပြသူအချို့က လမ်းမပေါ်တွင် မီးရှို့တားဆီး

နေပြည်တော် မတ် ၃ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက်အနီး၌ ယနေ့တွင် ဆူပူဆန္ဒပြသူ အချို့က အုပ်စုဖွဲ့၍ ဆူပူဆန္ဒပြမှုများ ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များလာရောက်၍ လူစုခွဲမှုများ ၊ မပြုလုပ်နိုင်ရန် ကားလမ်းမပေါ်တွင် အတားအဆီးများပိတ်ဆို့ခဲ့သည်။ ၎င်းအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဘေးအန္တရာယ်ဖြစ်ပွားစေရန်နှင့် ရပ်ကွက်အတွင်းရှိ အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများကိုပါ ဆူပူမှုတွင် ပါဝင်လာစေရန် ရည်ရွယ်ချက်ဖြင့် ကားလမ်းပေါ်တွင် တာယာကွင်းများချထား၍ မီးရှို့မှုများ ၊ ကိုပါ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ အများပြည်သူအသုံးပြုလျက်ရှိသော လမ်းများပေါ်တွင် အတားအဆီးများ ပိတ်ဆို့ခြင်း၊ မီးရှို့ ခြင်းများပြုလုပ်ခြင်းသည် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ရှင်းလင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်