နေပြည်တော် မတ် ၄
နေပြည်တော်အတွင်း အုပ်ချုပ်ရေး၊ ဒေသဆိုင်ရာဖွံ့ဖြိုးရေးနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်တို့ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နေပြည်တော်အတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို အထူးအလေးထား ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်းနှင့် ဦးမြင့်စိုးတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်း ဆောင်ရွက် နေမှုများကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာဒေသများအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ က တင်ပြချက်များအပေါ် ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)