နေပြည်တော် မတ် ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၃/၂၀၂၁ ကြိမ် မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
သတင်းစာရှင်းလင်းပွဲမစတင်မီတက်ရောက်လာကြသူများအား COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများကလိုအပ်သည့် ကျန်းမာရေးဆိုင်ရာများဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချထား ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှု၊ မဲလိမ်မဲခိုးမှုများကြောင့် နိုင်ငံတော်၏တာဝန်ကို ရယူ ထိန်းသိမ်း ခဲ့ရသည့်အခြေအနေများ၊ တပ်မတော်အနေဖြင့် မဲမသမာမှုများကို တရား ဥပဒေနှင့်အညီဖြေရှင်းပေးရန်၊ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ စေ့စပ်ညှိနှိုင်းအဖြေရှာ နိုင်ရေးတောင်းဆိုခဲ့သော်လည်း လျစ်လျူရှုခဲ့ပြီး ယခုအခြေ အနေသို့ ရောက်ရှိမှ သာလျင် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် ပြောဆိုလျက်ရှိသည့် အခြေအနေများ နိုင်ငံ အတွင်းရှိ အချို့မြို့ကြီးများ၌ ငြိမ်းချမ်းစွာဆန္ဒပြမှုအသွင်မှ အကြမ်းဖက်ဆူပူမှု အသွင် (Riot)၊ ၎င်းမှ မင်းမဲ့စရိုက်ဆန်သော လူအုပ်စု(Anarchy Mob) အသွင်၊ ထိုမှတစ်ဆင့်လက်နက်ကိုင်အကြမ်းဖက်သည့်အသွင်(Rebel) အဆင့်သို့ ကူးပြောင်း လာသည့်အခြေအနေများ၊ မင်းမဲ့စရိုက်အသွင် လက်နက်ကိုင်အကြမ်းဖက်မှု များလုပ်ဆောင်ခဲ့ရာတွင် မြို့နယ်(၃၀)ခုရှိ ပြည်သူပိုင်ရုံး ၆ ခု၊ ရဲစခန်း ၃၀ ခု၊ ရဲကင်း ၁၂ ခု၊ အဆောက်အဦ ၅ ခုတို့ကို အကြမ်းဖက် ဖျက်ဆီးခဲ့ပြီး မီးရှို့ ဖျက်ဆီးမှုအနေဖြင့် စာသင်ကျောင်းမီးရှို့မှု ၃ ကြိမ်၊ တံတားမီးရှို့မှု ၁ ကြိမ်၊ ATM စက်နှင့် ဘဏ်များ ဖျက်ဆီးခံရမှု ၂ ကြိမ်၊ ဆက်သွယ်ရေးတာဝါတိုင်များ ဖျက်ဆီးခံရမှု ၁ ကြိမ်၊ မီးသတ်စခန်းဖျက်ဆီးခံရမှု ၁ ကြိမ်၊ မော်တော်ယာဉ် များဖျက်ဆီးခံရမှု ၄ ကြိမ်၊ နေအိမ်များမီးရှို့ခံရမှု ၂ ကြိမ်၊ ဆိုင်များ ဖျက်ဆီးခံရ မှု ၂ ကြိမ်နှင့် မီးရထားလမ်းပိုင်းဖျက်ဆီးခံရမှု ၂ ကြိမ်ရှိခဲ့ပြီး လမ်းပန်း ဆက်သွယ်မှုတွင် အဓိကအရေးကြီးသည့် မီးရထား လမ်းကြောင်းကို ပြတ် တောက်အောင် ဖျက်ဆီးလုပ်ဆောင်ခြင်းသည် နိုင်ငံအတွက် အလွန်အန္တရာယ်ကြီး သည့် လုပ်ဆောင်မှုပင်ဖြစ်သည့် အခြေအနေများ။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မတ်လ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အထိ စက်ရုံ၊ အလုပ်ရုံများ မီးရှို့ဖျက်ဆီးခံရမှု အနေဖြင့် အထည်ချုပ်စက်ရုံ ၁၀ ရုံ၊ အထည်ချုပ်လုပ်ငန်းသုံးစက်ပစ္စည်းစက်ရုံ ၂ ရုံ၊ လျှပ်စစ်ပစ္စည်းစက်ရုံ ၁ ရုံ၊ ဓာတ်မြေဩဇာစက်ရုံ ၁ ရုံ၊ အိတ်ချုပ်စက်ရုံ ၁ ရုံ၊ ပီနံအိတ်စက်ရုံ ၁ ရုံနှင့် ဖော့ပစ္စည်းစက်ရုံ ၁ ရုံ၊ စုစုပေါင်း စက်ရုံ၊ အလုပ်ရုံ မီးလောင်ဆုံးရှုံးမှု ၁၇ ရုံဖြစ်ပြီး ၎င်းစက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေသူများ၊ မှီခို နေရသူများ လူဦးရေသောင်းချီ၍ အလုပ်လက်မဲ့ဖြစ်ခဲ့ရသည့် အခြေအနေများ၊ နိုင်ငံ့ကုန်ထုတ်စွမ်းအားစုတွင် အရေးကြီးသည့် ပြည်တွင်းပြည်ပရင်းနှီး မြှပ်နှံမှု ဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများကို မီးရှို့ဖျက်ဆီးခြင်း၊ လုယက်ခြင်းများ အထိ လုပ်ဆောင်ခဲ့ကြပြီး မီးသတ်မည့် မီးသတ်ယာဉ်များကိုလည်း ထွက်ခွာ၍ မရအောင် အကြမ်းဖက်တားဆီးခဲ့သည့် အခြေအနေများ။
အကြမ်းဖက် တိုက်ခိုက်မှုများအတွင်း ရဲတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ပြီး ၁၆၃ ဦးဒဏ်ရာ ရရှိခဲ့ကာ တပ်မတော်သား ၄ ဦးကျဆုံးပြီး မိသားစုဝင် ၁ ဦး သေဆုံးခဲ့ရသည့် အခြေအနေများ၊ Cyber Bullying ပြုလုပ်ပြီး သတင်းပေး၊ ဒလန် ဟု စွပ်စွဲကာ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုသူ အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၂ ဦး ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရ ပြီး သေဆုံးသူ စုစုပေါင်း ၄၄ ဦး၊ ဒဏ်ရာရရှိသူ ၁၆၃ ဦးရှိခဲ့သည့် အခြေအနေများ၊ ရဲသတင်းပေး ဒလန်ဟုစွပ်စွဲချက်ဖြင့် ကတုံးရိတ်ခြင်း၊ လည်ပင်းတွင် စာတန်း ချိတ်ဆွဲခြင်း၊ တစ်သက်လုံး အရှက်ရစေမည့် မျက်နှာတွင် တက်တူး ထိုးခြင်း တို့ကို လုပ်ဆောင်လျက်ရှိသည့် အခြေအနေများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခြင်း၊ ရဲစခန်းများကို ဝိုင်းဝန်းအကြမ်းဖက်တိုက်ခိုက်ခြင်းနှင့် သက်သေခံ ပစ္စည်းများကို ဖျောက်ဖျက်ရန် လုပ်ဆောင်ခြင်းများသည် ရည်ရွယ်ချက် ရှိစွာဖြင့် လုပ်ဆောင်နေကြခြင်း ပင်ဖြစ်သည့် အခြေအနေများ၊ အကြမ်းဖက်ရာ တွင် လူကိုသေစေနိုင်သည့်၊ ပြင်းထန်စွာ ဒဏ်ရာရရှိစေနိုင်သည့် လက်နက် များ၊ အကြမ်းဖက်သုံးပစ္စည်းများကို နေရာအနှံ့မှ ရှာဖွေဖော်ထုတ်တွေ့ရှိရ သည့် အခြေအနေများ၊ အကြမ်းဖက်ဆူပူမှုများ လုပ်ဆောင်နေခြင်းကြောင့် သေဆုံးမှု၊ ဒဏ်ရာရမှုများရှိသကဲ့သို့ တာဝန်မဲ့ ကျင့်ဝတ် မလိုက်နာသူများ ကြောင့် ဆေးကုသမှုခံယူရန် လိုအပ်သော်လည်း ဆေးကုသမှုမရရှိသည့် အပြစ်မဲ့လူနာ ပြည်သူများ သေဆုံးနေရမှုများကိုလည်း စဉ်းစားသင့်သည့် အခြေအနေများ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ပြီးခဲ့သည့် ရက်သတ္တ ပတ်ကာလအတွင်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကျွန်းစု မြို့နှင့် ရန်ကုန် တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့တို့သို့ သွားရောက်၍ နယ်မြေခံတပ်များမှ အရာရှိ ၊ စစ်သည်၊ မိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ တပ်မတော်၏ နိုင်ငံတော် တာဝန်များကို ဥပဒေနှင့်အညီ ထမ်းဆောင်နေမှု အခြေအနေများ၊ “ဒီမိုကရေစီ ဆို သည်မှာ အများ၏ဆန္ဒနှင့်ဆောင်ရွက်ခြင်းဖြစ်ပြီး အများ၏ဆန္ဒနှင့်ဆောင်ရွက် သည်ဆိုသော်လည်း အများ၏ဆန္ဒသည် စစ်မှန်ပြီးရိုးသားသည့် နိုင်ငံရေးဖြစ်ရန် လိုသည့်အခြေအနေများ၊ အများ၏ဆန္ဒသည်ရိုးသားမှုမရှိပါက ယင်းနိုင်ငံရေး သည် ဒီမိုကရေစီဟု ပြောနိုင်ရန် ခဲယဉ်းသည်”ဟု ပြောကြားခဲ့သည့် အခြေအနေ များ၊ အကြမ်းဖက်ဆန္ဒပြမှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး “လူငယ်၊ လူရွယ်များ ကို အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု ကင်းမဲ့စေတဲ့ လုပ်ဆောင်ချက်များကို လုပ်ဆောင်လာစေရန်၊ ဆူပူ အကြမ်းဖက်မှုများဖြစ်ပေါ်လာစေရန် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများ လုပ်ဆောင်နေသည်ကို တွေ့မြင်ရပြီး နိုင်ငံတော်အတွက် အန္တရာယ်ရှိသည့် လုပ်ရပ်များဖြစ်သည်”ဟု ပြောကြားခဲ့သဖြင့် လူငယ်၊ လူရွယ်များအနေဖြင့် မိမိတို့၏ ရည်ရွယ်ချက်များ၊ အနာဂတ်များကို ရှုမြင်ပြီး နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှု၊ နိုင်ငံရေးသမားများ၏ ချောက်ချမှုများကို သတိထားရှုမြင်သင့်သည့် အခြေအနေများ။
မီဒီယာများအနေဖြင့် သတင်းများကို မှန်ကန်စွာရေးသားပြီး နှစ်ဘက်အမြင် မျှတစွာ ရေးသားခြင်း၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ကို ထိခိုက်စေမည့် အရေးအသားများ၊ အကြမ်းဖက်မှုဖြစ်အောင် သွေးထိုးလှုံ့ဆော် မှုများကို ရှောင်ရှားရမည်ဖြစ်သော်လည်း အချို့မီဒီယာများအနေဖြင့် သွေးထိုးလှုံ့ ဆော်မှု၊ သတင်းမှားဖြန့်ချိမှုများကို ရည်ရွယ်ချက်ရှိရှိဆောင်ရွက်လျက်ရှိခဲ့သည်ကို တွေ့ရှိရသည့် အခြေအနေများ၊ မီဒီယာများအနေဖြင့် အကြမ်းဖက်ဆူပူဆန္ဒပြ သူ များ၏ မီးရှို့ဖျက်ဆီးမှုများ၊ ဒလန်ဟုစွပ်စွဲပြီး ကားတာယာ ကွင်းဖြင့် ပတ်၍ ရက်စက်စွာ မီးရှို့သတ်ဖြတ်မှု၊ မျက်လုံးဖောက်သတ်ဖြတ်မှု၊ ရိုးသားစွာ အသက် မွေးဝမ်း ကျောင်းပြုနေသည့် အမျိုးသမီးတစ်ဦးကို ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်မှု စသည့် ဖြစ်စဉ်ဖြစ်ရပ်များကို သတင်း အမှောင်ချပြီး တစ်ဖက်သတ်ရေးသားနေမှု အခြေအနေများ၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် တရားမဝင်ဖွဲ့စည်း ထားသည့် CRPH ကို မတရားအသင်းအဖြစ် ကြေညာထားရှိပြီးဖြစ်ရာ မီဒီယာများ၏ သတင်းဖော်ပြချက်များ၊ ရေးသားချက်များသည် ၎င်းမတရားအသင်းနှင့် ပတ်သက်၍ တစ်နည်းနည်းဖြင့် လုပ်ကိုင်ဆောင်ရွက်ကူညီပါက မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁)အရ ပြစ်မှုမြောက်ကြောင်း သတိပေးပြောကြားလိုသည့် အခြေအနေများ။
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို နိုင်ငံတော်ပိုင်မြေသုံးစွဲမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်အနေဖြင့် ထိုက်သင့်သည့် အခကြေးငွေ မရရှိဘဲ နစ်နာမှုရှိခြင်း၊ ဖောင်ဒေးရှင်းပိုင် အလှူငွေများကို အသုံးပြု၍ လူနေအိမ် ဆောက်လုပ်ခြင်းသည် ဖောင်ဒေးရှင်း၏ မူလရည်ရွယ်ချက်ဖြစ်သည့် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုဘဝမြှင့်တင်ရေးတို့နှင့် သက်ဆိုင်ခြင်းမရှိသည့် သုံးစွဲမှုဖြစ်သည့် အခြေအနေများနှင့် ငွေကြေးဆိုင်ရာများကို အသေးစိတ် ဆက်လက်စစ်ဆေး လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း က ဒေါ်အောင်ဆန်းစုကြည်ထံ အမေရိကန်ဒေါ်လာ ၆ သိန်း၊ အကယ်ဒမီရွှေ ၇ ပိဿာ(၁၁.၄၃၁ ကီလိုဂရမ်) ပေးခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ဦးဖြိုးမင်းသိန်း ကိုယ်တိုင် ပြောကြား ထားသည့် Video Clip ကို ပြသကာ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုအဆင့်အဖွဲ့ဝင်အချို့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အဖွဲ့ဝင်အချို့၏ လာဘ်ပေး၊ လာဘ်ယူမှု၊ မသမာမှုများကို ဖော်ထုတ်လျက်ရှိပြီး ယခင်ဝန်ကြီးချုပ်များဖြစ်သည့် ဒေါ်နန်းခင်ထွေးမြင့်၊ ဦးဝင်းသိန်း၊ ဦးညီပုနှင့် နေပြည်တော်ကောင်စီဉက္ကဌ ဒေါက်တာ မျိုးအောင် တို့သည့် အဂတိလိုက်စားမှုများ ရှိသည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်က စစ်ဆေးနေသည့်အခြေအနေများ၊ မဲမသမာမှု၊ မဲလိမ်မှုများ နှင့် ပတ်သက်ပြီး NLD အုပ်ချုပ်ရေးမှူးအချို့နှင့် အမာခံများ ဆောင်ရွက်ခဲ့ သည့် အခြေအနေများ စသည့်အခြေအနေများကို Powerpoint Presentation များ၊ Video Clip များဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များ၊ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲ ကျင်းပပြီးစီး သည့် ကာလများတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုအခြေအနေများ၊ မဲမသမာမှုဖြစ်ပေါ် စေရန် ဖိအားပေး စေခိုင်းခံခဲ့ရမှုဖြစ်စဉ်ဖြစ်ရပ်များ၊ မဲစာရင်းလက်တွေ့ စစ်ဆေး ချက်များ၊ ရွေးကောက်ပွဲတွင် မဲမသမာမှု များဖြစ်ပေါ်စေရန် ဖိအားပေး လုပ်ဆောင်ခဲ့မှုများကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူများ၊ ဖိအားပေးစေခိုင်းခံခဲ့ရသူ များ၏ ပြောကြားချက် Video Clip များ၊ သက်သေအထောက်အထားများဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် သတင်းဌာနများမှသတင်းထောက် များ၏ သိရှိလိုသည့်မေးမြန်းမှုများအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှအဖွဲ့ဝင် ဦးခင်မောင်ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ဌာနဆိုင်ရာသတင်း ထုတ်ပြန်ရေး အဖွဲ့ကိုယ်စား လှယ်များက ပြန်လည် ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲကိုရုပ်သိမ်းခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများမှီငြမ်းကိုးကားနိုင်ရေး အတွက် သတင်းစာရှင်းလင်းပွဲ ဆိုင်ရာ အချက်အလက်များ၊ လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များ၊ မဲစာရင်း လက်တွေ့ စစ်ဆေး ချက်များနှင့် သိရှိနိုင်ရန်လိုအပ်သည့် တွေ့ရှိချက်အထောက်အထားများ၊ သိမ်းဆည်း ရမိသည့် ဆူပူအကြမ်းဖက်လှုပ်ရှားမှုများတွင် အသုံးပြုလာသော ဒေသန္တရလုပ် လက်နက်၊ ကိရိယာပစ္စည်းများ စသည်တို့ကိုခင်းကျင်းပြသထားရှိရာ သတင်းစာ ရှင်းလင်းပွဲတက်ရောက်လာကြသူများက လိုက်လံကြည့်ရှုလေ့ လာကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လိုက်လံရှင်းလင်း ပြသခဲ့သည်။
သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သူများနှင့် ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်း ရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက်ပြည်ပသတင်းဌာနမှ သတင်းထောက်များလာရောက် သတင်းရယူခဲ့ကြ ကြောင်းနှင့် သတင်းစာ ရှင်းလင်း ပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှု အပြည့်အစုံကိုဆက်လက် ဖော်ပြသွားမည်ဖြစ် ကြောင်းသတင်းရရှိသည်။