Skip to main content

မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခြင်း အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၂၃ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲတွင် နေပြည်တော် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာ ကွယ်ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပ သည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ဝန်ထမ်းများ အနေဖြင့် တာဝန်များ ထမ်းဆောင် ရာတွင် စေတနာထား၍ အကောင်းဆုံးဆောင်ရွက်ကြစေ လိုပါကြောင်း၊ Teaching Assistant (TA) နှင့် Language Teacher (LT) ခန့်ထားမှုနှင့် ပတ်သက်၍ ဒေသခံများကို ဦးစားပေးခန့်ထားရေးနှင့် လစာတိုးမြှင့် ခံစား ခွင့်ပြုရေး အတွက် ပညာရေးဝန်ကြီးဌာနနှင့်လည်းကောင်း၊ မှတ်ပုံတင်များလျှောက်ထား ရာတွင် မျိုးနွယ်စု အမှန် ဖြစ်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်လည်းကောင်း ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းတစ်ခုတွင် မျှော်မှန်းချက်၊ မူဝါဒများ ချမှတ်အကောင် အထည်ဖော်မှသာ ရည်မှန်းချက်ပန်းတိုင်သို့ လျင်မြန်စွာ ရောက်ရှိနိုင်မည် ဖြစ်ပါကြောင်း၊ ရည်မှန်းချက်များပြည့်ဝအောင်မြင်စေရန် ဝန်ကြီး ဌာန၏ လမ်းပြမြေပုံဖြစ် သည့် မဟာဗျူဟာ တစ်ရပ်ရှိရန် လိုအပ်သည့် မူဝါဒများရေးဆွဲရန်နှင့် အကောင် အထည် ဖော်နိုင်ရန် ဝန်ကြီးဌာန အနေဖြင့် မလွဲမသွေ ဆောင်ရွက်ရမည့်ကိစ္စ တစ်ရပ်ဖြစ်ပါကြောင်း။ ယခုရေး ဆွဲလျက်ရှိသည့် မဟာဗျူဟာပါ ရည်မှန်းချက်က “တိုင်းရင်းသားများအားလုံး တန်းတူညီမျှသော နိုင်ငံသား အခွင့် အရေးများရရှိနိုင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့် အရေးများကို အပြည့်အဝရရှိနိုင်ရေး၊ တိုင်းရင်း သားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက် သည့်ဥပဒေပါ ရည်ရွယ်ချက်များနှင့် မြန်မာ နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအတိုင်း ပြည့်ဝအောင်မြင်နိုင်ရေး” ဖြစ်သဖြင့် တိုင်းရင်း သားများအတွက် ဥပဒေပါ အခွင့်အရေးများ ရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် မဟာဗျူဟာတစ်ရပ်ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ မဟာဗျူဟာပါ အခန်းကဏ္ဍများကို နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်နှင့်အမျှ ဖွံ့ဖြိုးမှု ကွာဟချက်များ လျော့နည်း ကျဉ်းမြောင်း လာမည်ဟု မျှော်လင့်ရပါကြောင်း၊ မဟာဗျူဟာ ရေးဆွဲရာတွင် နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ မျှော်မှန်းချက် များနှင့်လည်း ကိုက်ညီရန်လိုအပ်ပါ ကြောင်း။ နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး ရရှိရေးကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားရေးရာကိစ္စရပ်များသည် အရေးကြီး သည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ တိုင်းရင်းသား ရေးရာ ရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပိုမို ထိရောက်စွာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ “မဟာဗျူဟာ” တွင် ပါဝင်သင့်ပါဝင်ထိုက်သည်များ ပြည့်စုံ စွာပါဝင်နိုင်ရေး၊ မဟာဗျူဟာ အပြီးသတ်ရေးဆွဲ နိုင်ရေးနှင့် မဟာဗျူဟာ၏သက်တမ်းဖြစ် သည့် (၂၀၂၁) ခုနှစ် မှ (၂၀၃၀)ခုနှစ် အထိ (၁၀) နှစ်တာ ကာလအတွင်းတွင် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။ ယင်းနောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို နှင့် ညွှန်ကြားရေးမှူး ဒေါ်သဥ္ဇာနိုင်တို့က Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အခွင့်အရေးဆိုင်ရာ မဟာဗျူဟာနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေး မှူးချုပ်များက မြန်မာ နိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာနှင့်ပတ်သက်၍ လိုအပ်သည့်အချက်များ ထည့်သွင်း ရေးဆွဲနိုင်ရေးအတွက် အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြား ခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)