Skip to main content

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီသို့ စီမံကိန်းလုပ်ငန်းများ လာရောက်ရှင်းလင်း

တောင်ကြီး မတ် ၂၂ တာချီလိတ်မြို့နယ်အတွင်းရှိ လယ်ယာမြေများအား လယ်ယာမြေအခြားနည်း အသုံးပြုခွင့်လျှောက်ထား သည့်ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်မည့်စီမံကိန်း လုပ်ငန်းများကို ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီသို့ လုပ်ငန်းရှင်များက လာရောက်ရှင်းလင်း မှုကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ဖေဖော်ဝါရီ ၁ ရက်မှစ၍ အစိုးရအသစ် အပြောင်းအလဲအုပ်ချုပ်မှုကာလတွင် ယခင်အစိုးရလက်ထက်က မပြီးပြတ်သေးသည့် စီမံကိန်းလုပ်ငန်းများရှိကြောင်း၊ စီမံကိန်းလုပ်ငန်းတွင် အများဆုံးသက်ဆိုင်မှုမှာ မြေယာကိစ္စများဖြစ်သည့် ငှားရမ်းမှု၊ အခြားနည်းသုံးစွဲမှုများ ပါဝင်သောကြောင့် ယင်းလုပ်ငန်းများအား စုစည်းကာ အချို့ လုပ်ငန်းများကို ရှင်းလင်းပြီး အစိုးရအဖွဲ့ကို တင်ပြ၍ လိုအပ်သည်များကို ပြည်နယ်ကောင်စီ အဖွဲ့ဝင် များကဆွေးနွေးကာ အမှုတွဲအားလုံးပြီးပြည့်စုံပါက သက်ဆိုင်ရာကို ပြန်လည်ဆက်တင်ပြီး ပြန်ကျလာပါက ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သည့်အတွက် တကယ်လုပ်မည့် လုပ်ငန်းရှင်ကြီးများကို ခေါ်ယူ၍ ရှင်းလင်းတင်ပြခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် လုပ်ငန်းရှင်များက လာရောက်ရှင်းလင်းကြသည့်အတွက် ကျေးဇူးတင် ရှိပါကြောင်း ပြောကြားသည်။ ဆက်လက်၍ စီမံကိန်းလုပ်ငန်းများအား ဆောင်ရွက်မည့် လုပ်ငန်းရှင်များဖြစ်သော ဦးလော်ဒါး၊ ဒေါ်ဝါဝါနှင့် ဒေါ်မီဒေးကိုယ်စားတာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြ | သည့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဝင်နှင့် သက်ဆိုင်ရာဌာနများက ဆွေးနွေးကြကာ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း က အမှာစကားပြောကြားကြောင်း သိရသည်။ မောင်မောင်သန်း(တောင်ကြီး)