Skip to main content

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆူပူအကြမ်းဖက်သူများ တားဆီးပိတ်ဆို့ထားသော အတားအဆီးများကို ရှင်းလင်းဖယ်ရှား

နေပြည်တော် မတ် ၂၂ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆူပူအကြမ်းဖက်သူများ တားဆီး ပိတ်ဆို့ထားသော အတားအဆီးများကို ရှင်းလင်းဖယ်ရှားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယင်းသတင်းထုတ်ပြန်ချက်အရ ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်အစိုးရ ၏ အုပ်ချုပ်မှုယန္တရားနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်ပျက်ပြား စေရေးတို့အတွက် ဆူပူဆန္ဒပြမှုများနှင့် အကြမ်း ဖက်လုပ်ရပ်များအား ပြုလုပ်လျက်ရှိကြောင်း၊ ထိုသို့ပြုလုပ်ရာတွင် အများပြည်သူသွား လမ်းမကြီးများ၊ လမ်းသွယ်များ၊ တံတားများအား အတားအဆီးများဖြင့် ပိတ်ဆို့ချထားခြင်း၊ သဲအိတ်များ၊ ကော် ပိုက်လုံးကြီးများ၊ ဝါးကပ်များ၊ သံချောင်းများ၊ ဓာတ်မီးတိုင် အကျိုးများဖြင့် အခိုင်အမာပြုလုပ် ထားရှိခြင်း၊ အချို့သောနေရာများတွင် လမ်းများကို တူးဖော်ဖျက်ဆီးကာ ပိတ်ဆို့ခြင်းများကို အခိုင် အမာပြုလုပ်ထားရှိသည်ကို တွေ့ရှိရကြောင်း။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှုများကို ဥပဒေနှင့်အညီ ဖြိုခွဲထိန်းသိမ်းကာ ဆူပူအကြမ်းဖက်သူများ ပြုလုပ် ပိတ်ဆို့ထားသည့် အတားအဆီးများကိုလည်း လူအင်အား၊ စက်ယန္တရားအင်အားများဖြင့် ရှင်းလင်းဖယ်ရှား၍ အများပြည်သူ ဆက်သွယ်သွားလာမှု အဆင်ပြေစေရေး နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း။ ယနေ့နံနက် ၉ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ အုတ်ကျင်း ဘူတာရုံလမ်းတွင် ဆူပူအကြမ်းဖက်သူများ ပြုလုပ် ထားရှိသော အတားအဆီးများကို ဘက်ဟိုးယာဉ် တစ်စီး၊ မြေသယ်ယာဉ် ငါးစီးတို့ဖြင့် ဖယ်ရှားရှင်းလင်းခဲ့ပြီး ခရီးသွားပြည်သူများ ပုံမှန်အတိုင်း ပြန်လည် သွားလာလျက်ရှိကြောင်း သိရသည်။ သတင်းစဉ်