Skip to main content

Apr 17, 2021

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ ဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံ အားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2021

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်နှင့် ချင်းပြည်နယ်၊ ထန်တလန်မြို့၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်နှင့် စဉ့်ကိုင်မြို့နယ် များအတွင်းရှိ ကျေးရွာအချို့တို့၌ ဆူပူ အကြမ်းဖက်မှုတွင် အသုံးပြုသည့် လက်လုပ်သေနတ်များ ကိုင်ဆောင်နေကြောင်း သတင်းအရ အေပြီ ၁၅ ရက်နှင့် ယနေ့တို့တွင် တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်အသီးသီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်၍ ဒေသခံ ပြည်သူများကို တရားမဝင် လက်နက်ကိုင်ဆောင်ခြင်းသည် တရားဥပဒေဖြင့် ထိရောက်စွာ အရေးယူခံရနိုင်ကြောင်း နားလည်သဘော ပေါက်အောင် ရှင်းလင်း ပြောကြား သည်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2021

နိုင်ငံတော်အတွင်း လူစုလူဝေးများအနေဖြင့် သာမန်ဆန္ဒပြမှုမှ ဆူပူဆန္ဒပြခြင်း၊ ဆူပူဆန္ဒပြရာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်ပြုခြင်း၊ လူပုဂ္ဂိုလ်ဆိုင်ရာအငြိုးအတေးများကို အခြေခံ၍ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများ လုယူခြင်းများကို အသိဉာဏ်ဆင်ခြင်တုံတရားကင်းမဲ့စွာ ကြံစည်အားထုတ်ပြုလုပ်လာမှုများကို တွေ့ရှိနေရပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2021

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစား နှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့် တာဝန်ရှိသူများ နှင့်အတူ ဧပြီ(၁၅)ရက်နှင့် ဧပြီ(၁၆)ရက်များတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ တည်ဆောက် ပြုပြင် မွမ်းမံမှုလုပ်ငန်းများကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2021

၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက် (၁၃၈၂ ခု တန်ခူးလဆန်း ၅ ရက်) မြန်မာ့ရိုးရာ မဟာသင်္ကြန်(အတက်နေ့)တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ကုသိုလ်ကောင်း မှုပြုသူများ၊ ရေပက်ခံကားများ၊ ရေပက်ခံထွက်ကြသူများကို တွေ့ရပြီး စတုဒိသာ မဏ္ဍပ် များတွင်လည်း အကျွေးအမွေးများဖြင့် ဧည့်ခံကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2021

ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားနှင့် ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရေးတို့အတွက် နောက်ကွယ် မှ ကြိုးကိုင်ခြယ်လှယ်နေသူများ၏ သွေးထိုးလှုံ့ဆော်မှုများဖြင့် အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လျက်ရှိရာတွင် အများပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန်နှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရ သည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2021

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန်လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအားဖြန့်ဝေခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှုဖြစ်ပေါ်စေရန်နှင့် အများပြည်သူအထိတ်တလန့်ဖြစ်စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခြင်း၊ Social Pumishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိသည့် အောက်ဖော်ပြပါ အနုပညာရှင်အချို့နှင့် အခြားပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2021

ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူး၍ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ရုံးဝင်း အတွင်း မြန်မာ့ရိုးရာမိသားစု သင်္ကြန်ပွဲတော်ကို ဝန်ထမ်း မိသားစု မဟာသင်္ကြန်ပွဲတော် အဖြစ် ဧပြီ ၁၄ ရက် (တန်ခူး လဆန်း ၃ ရက်) မဟာသင်္ကြန် အကျနေ့တွင်ကျင်းပရာ ကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီကျင်းပ ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်