Skip to main content

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်(၁၆-၄-၂၀၂၁)

နေပြညတော် ဧပြီ ၁၆

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ ဝန်ထမ်းနှင့် ကျန်းမာရေး ဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံ အားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ ဆရာဝန် များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ဖြစ်ပါသည်။ 
ကာသာမြို့ပြည်သူ့ဆေးရုံမှ ဒေါက်တာ ဇော်နိုင်ဖြိုး(ခွဲစိတ်အထူးကုဆရာဝန်)သည် မြသုခဆေးရုံ၌ လည်းကောင်း၊ မင်္ဂလာဒုံ မြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ ကျော်စွာလင်း(အထူးကု)သည် ဆာကူရာဆေးရုံ၌လည်းကောင်း၊ ညောင်ရွှေမြို့ ပြည်သူ့ဆေးရုံမှ ဒေါက်တာ အောင်မြင့်ကျော် (လ/ထ ဆရာဝန်)သည် ကျော်သွားနှင့်ခံတွင်းဆေးခန်း၌လည်းကောင်း၊ ကလောမြို့ ပြည်သူ့ဆေးရုံမှ ဒေါက်တာ စောမြတ်သစ္စာသည်လင်းသစ္စာအထူးကုဆေးရုံနှင့် ကိုယ်ပိုင်ဆေးခန်း၌ လည်းကောင်း၊  နေပြည်တော် ပြည်သူ့ဆေးရုံမှ ဒေါက်တာမျိုးမင်းနိုင်(မေ့ဆေးဆရာဝန်)သည် ကောင်းသစ် ဆေးရုံ၌ လည်းကောင်း တာဝန်ကျရာ ဆေးရုံများတွင် ကုသခြင်းမပြုဘဲ CDM ပြုလုပ်၍ ပြင်ပပုဂ္ဂလိကဆေးရုံ/ဆေးခန်းများတွင် သွားရောက်ကုသလျက် ရှိကြောင်း မှတ်တမ်းဓာတ်ပုံများနှင့် စိစစ်တွေ့ရှိရပါသည်။

အဆိုပါအမှုဖွင့်လှစ်ထားသော ဆရာဝန်များအား ဖမ်းဆီးရမိရေးဆောင်ရွက် လျက်ရှိရာ လက်ခံထား သူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည့် အပြင် ၎င်းတို့ကိုလက်ခံ၍ ဆေးကုသခွင့် ပေးထားသည့် ပြင်ပပုဂ္ဂလိက ဆေးရုံ/ဆေးခန်း များကိုလည်း လုပ်ငန်းလိုင်စင်ပိတ်သိမ်း သွားမည်ဖြစ် ကြောင်း၊ ဆေးရုံ/ဆေးခန်းပိုင်ရှင်များ ကိုလည်း တရားဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် မည်သည့်ကျန်းမာရေးဝန်ထမ်းမဆို တာဝန်ကျရာ ဆေးရုံများ၌ CDM လှုပ်ရှားမှုတွင် ပါဝင်ကာ မူလတာဝန်များထမ်းဆောင်ခြင်းမရှိဘဲ အခြားပြင်ပ ပုဂ္ဂလိက ဆေးရုံ/ဆေးခန်း များသို့သွားရောက်၍ အခကြေးငွေရယူ ဆေးကုသခြင်း၊ ကူညီလုပ်ဆောင် ခြင်းများ ပြုလုပ်ပါက တရား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဆရာဝန် များနှင့် ကျန်းမာရေး ဝန်ထမ်းများအား လက်ခံထားသည့် ပုဂ္ဂလိက ဆေးရုံ/ ဆေးခန်းပိုင် ရှင်များအား CDM လှုပ်ရှားမှု၌ ပါဝင်သူများကို ထောက်ခံအားပေးခြင်းအရ ထိရောက်စွာအရေးယူ သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။ 

သတင်းစဉ်