Skip to main content

Apr 14, 2021

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ ဝန်ထမ်းနှင့် ကျန်းမာရေး ဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံ အားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ ဆရာဝန် များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2021

အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရေးနှင့် အများ ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရေးတို့အတွက် အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်လျက်ရှိရာ တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဆောက်အဦများအား မီးပုလင်း၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်မီးရှို့ ​ဖျက်ဆီးခြင်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား အလုပ်ဝတ္တရားများ ဆောင်ရွက်၍မရစေရန် လူအုပ်စုဖွဲ့၍ ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ဖမ်းဆီးချုပ်နှောင်၍ လူ့ဂုဏ်သိက္ခာ ထိခိုက်စေသည့် ကျူးလွန်မှုများ ဆောင်ရွက်သည့်အပြင် အချို့နေရာများ၌ ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2021

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နှင့် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် များအတွင်းရှိ ကျေးရွာအချို့တို့၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် လက်လုပ် သေနတ်များ ကိုင်ဆောင်နေကြောင်း သတင်းအရ အေပြီ ၁၃ ရက်နှင့် ယနေတို့တွင် တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်အသီးသီးမှ လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ် ရေးမှူး များနှင့်အတူ သွားရောက်၍ ဒေသခံပြည်သူများကို တရားမဝင် လက်နက်ကိုင် ဆောင်ခြင်းသည် တရားဉပဒေဖြင့် ထိရောက်စွာ အရေးယူခံရနိုင်ကြောင်း နားလည်သဘော ပေါက်အောင် ရှင်းလင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2021

၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ကချင်ပြည်နယ်၊ တနိုင်းမြို့၌ KIA အဖွဲ့မှ မော်တော်ယာဉ်များအား ဆက်ကြေးကောက်ခံပြီး ဆန်တင်ယာဉ် ၄ စီးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2021

၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၃ ရက် မြန်မာသက္ကရာဇ် ၁၃၈၂ ခု၊ နှောင်းတန်ခူး လဆန်း ၂ ရက်နေ့၊ မဟာသင်္ကြန်အကြိုနေ့နှင့် ယနေ့အကျနေ့တို့တွင် မြန်မာ့ရိုးရာအစဉ် အလာတစ်ခုဖြစ်သည့် မဟာ သင်္ကြန်ပွဲတော်ကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ယိမ်းအက အဖွဲ့များနှင့် ဒေသခံပြည်သူများက ပျော်ရွှင် စည်ကားသိုက်မြိုက်စွာဖြင့် အတာရေသင်္ကြန်ပွဲတော်ကို ဆင်နွှဲခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2021

ဆူပူအကြမ်းဖက်မှုကို လိုလားပြီး နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန် လည်ပတ် ရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို မလိုလားသူများက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာ ရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာဝန် ထမ်းများ အား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင် လျက်ရှိသဖြင့် ထိုသို့လုပ်ဆောင်နေမှုများကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်လှစ်ဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2021

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှား မှုတွင် ပါဝင်စေရန်လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအားဖြန့်ဝေခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှု ဖြစ်ပေါ်စေရန်နှင့် အများပြည်သူအထိတ်တလန့်ဖြစ်စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခြင်း၊ Social Pumishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိသည့် အောက်ဖော်ပြပါ အနုပညာရှင်အချို့နှင့် အခြားပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2021

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစား နှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့်အတူ ဧပြီ ၁၂ ရက် နံနက်(၁၁)နာရီတွင် အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) သင်တန်းသားစားသောက် ဆောင်၌ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် ရန်ကုန်တိုင်းဒေသကြီးမှ ဝန်ထမ်း များကို ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကား ပြောကြား သည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2021

၂၀၂၁ ခုနှစ် ဧပြီလ ၁၄ ရက် (၁၃၈၂ ခု တန်ခူးလဆန်း ၃ ရက်) မြန်မာ့ရိုးရာ မဟာ သင်္ကြန် (အကျနေ့)တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ် ကောင်းမှုပြု ကြသူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းကြသူများ၊ အေးချမ်းပျော်ရွင် စွာရေကစား ကြသူများနှင့် အပန်းဖြေစခန်းများ၌ လာရောက်အပန်းဖြေကြသူများဖြင့် စည်ကား လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်