Skip to main content

ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ မဟာသင်္ကြန်ပွဲတော် ဝန်ထမ်းမိသားစုသင်္ကြန်ပွဲကျင်းပ

မြစ်ကြီးနား ဧပြီ ၁၅ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူး၍ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ရုံးဝင်း အတွင်း မြန်မာ့ရိုးရာမိသားစု သင်္ကြန်ပွဲတော်ကို ဝန်ထမ်း မိသားစု မဟာသင်္ကြန်ပွဲတော် အဖြစ် ဧပြီ ၁၄ ရက် (တန်ခူး လဆန်း ၃ ရက်) မဟာသင်္ကြန် အကျနေ့တွင်ကျင်းပရာ ကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီကျင်းပ ခဲ့သည်။ ဖွင့်လှစ်ပေး မဟသင်္ကြန်ပွဲတော်အကျနေ့ ကို ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန် နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီး ချုပ် ဦးတူးဂျာ၊ ပြည်နယ်ကောင်စီ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီး များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီးတို့ တက်ရောက် ကြပြီး မဟာသင်္ကြန်ပွဲတော် ယိမ်း အကအလှအဖွဲ့များက ပိတောက် လက်ဆောင် တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ် ပေးကြသည်။ နှုတ်ခွန်းဆက်စကား ယင်းနောက် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က မြန်မာ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာနှင့် အညီ မဟာသင်္ကြန်ပွဲတော်ကို ခြိမ့်ခြိမ့်သဲ ကျင်းပပြုလုပ်ခွင့်မရ သော်လည်း မိသားစု သင်္ကြန် အနေ ဖြင့် ကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မဟာသင်္ကြန်ကာလတွင် နှစ်ဟောင်းက အညစ်အကြေး မှန်သမျှကို ကိုယ်ရော စိတ်ပါ စင်ကြယ်သန့်ရှင်းပြီး နှစ်သစ်မှာ မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင်ကြပါ စေကြောင်း ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်စကား ပြောကြား သည်။ ထို့က်ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ယိမ်းအဖွဲ့ များက အကအလှများ၊ ခေတ်ပေါ် တေးသီချင်း များဖြင့် သီဆို ဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂုဏ်ပြု ဆုများ ချီးမြှင့်ခဲ့ကြပြီး (အောက်ပုံ) မဟာသင်္ကြန်ပွဲတော် အကျနေ့အား ပျော်ရွှင်စွာ ရေပက်ကစား ခဲ့ကြကာ ဌာနဆိုင်ရာများ၏ စုပေါင်းစတုဒိသာကျွေးမွေးဧည့်ခံ မှုကို လိုက်လံအားပေးသုံးဆယ် ခဲ့ကြသည်။ ပြည်နယ် (ပြန်/ဆက်)