Skip to main content

Apr 18, 2021

မန္တလေးတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီက ကြီးမှူး ကျင်းပသည့် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာနှစ်ဆန်း ( ၁ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲကိုယနေ့နံနက် ၈ နာရီတွင် မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီရုံး မျက်နှာစာရှေ့ ကျုံးတောင်ဘက်ခြမ်း၌ လည်းကောင်း၊ ညနေ ၅ နာရီတွင် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် လည်းကောင်း ကျင်းပသည်။ ။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2021

ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိ ရပ်ကွက် ပျဉ်းမနား- တောင်ညိုလမ်းမဘေးရှိ မင်္ဂလာ ကန်တော်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2021

နေပြည်တော်၊ ဧပြီ - ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်သို့ ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် KIA အဖွဲ့က ရှထောင်ကျေးရွာ၏အနောက်မြောက်ဘက် မီတာ ၅၀၀ ခန့်အကွာရှိ တောင်ကုန်းပေါ်မှ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက် ဒုံး ၃ လုံးသည် နယ်မြေခံတပ်အနီး သို့လည်း ကောင်း၊ ရှော့တိုက်ဒုံး ၁ လုံး သည် အောက်မော်ဖောင်းကျေးရွာအတွင်းသို့ လည်းကောင်း အသီးသီး ကျရောက် ပေါက်ကွဲခဲ့သည်။
ရှော့တိုက်ဒုံးကျရောက်

ဆက်လက်ဖတ်ရှုရန်

Apr 18, 2021

ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်း များ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2021

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်သော ယနေ့တွင် နှစ်ဉီးပရိတ်တရား တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဇီဝိတဒါနငါးလွှတ် ခြင်းနှင့် သက်ကြီးဘိုးဘွားများအား ပူဇော် ကန်တော့ခြင်းတို့ကို တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း/ တပ်ဖွဲ့အသီးသီး၌ ပြုလုပ် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2021

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ခေါင်းဆေးကျွန်းတွင် တည်ထားကိုးကွယ်လျက်ရှိ သော သမိုင်းဝင်ဆံ တော်ရှင်သစ္စာမဏ္ဍိုင်စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့် တင်လှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်း တွင် အဆိုပါစေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ အလှူတော်မင်္ဂလာအခမ်းအနားသို့ ခေါင်းဆေးကျွန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုမင်္ဂလ အမှူးပြုသော သံဃာတော် များ၊ သာသနာ့နွယ်ဝင်သီလရှင်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး မွန်ပြည်နယ်၊ စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ တက်ရောက် ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2021

အနယ်နယ်အရပ်ရပ်တွင်ရှိသည့် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများတွင် ဆေးကုသရန် အခက်အခဲ များ ဖြစ်ပေါ်လျက် ရှိသည့်အတွက် ဆေးရုံဝန်ထမ်းများနှင့် လူနာရှင်များ၏ အကူအညီတောင်းခံမှုများ ကြောင့် တပ်မတော်ဆေးကုသရေး အဖွဲ့များကိုစေလွှတ်၍ ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက် မှုများကို ဆောင်ရွက်ပေးနေရသည်။ CDM လုပ်သွားသည့် ဆရာဝန်များကြောင့် ပြည်သူ့ဆေးရုံများ တံခါးပိတ်ထားရသည့် အခြေအနေတွင် တပ်မတော်ဆေးရုံများ၌ အရပ်သားလူနာမြောက်မြားစွာ သွားရောက်ကုသနေကြရသည်။ ရောဂါဝေဒနာ ဟူသည် နေ့ည အချိန်ရွှေ့ဆိုင်းထား၍ မရသလို မဖြစ်မနေ အချိန်မှန် စစ်ဆေးကုသမှုပြုရမည့် ရောဂါမျိုးတွင်လည်း အကြောင်းကြောင်းကြောင့် ကုသမှုမရရှိနိုင်ပါက လူနာအဖို့ အန္တရာယ်ကြီးလှသည်။ နိုင်ငံရေးယုံကြည်ချက်၊ ခံစားချက်တို့ကို အကြောင်းပြု၍ တာဝန်တို့ကို စွန့်လွှတ်စွန့်ပစ်ခဲ့ခြင်းတို့၏ အကျိုးဆက်တို့ကို တိုက်ရိုက်ခံစားကြရ သူတို့မှာ ကံဆိုးလှရှာသည့်လူနာများပင်ဖြစ်သည်။ အထူးသဖြင့် ငွေကြေးအကုန်အကျ ခံကာ ပုဂ္ဂလိ ကဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်မကုသ နိုင်ကြသည့် ဝင်ငွေနည်းပြည်သူများဖြစ်သည့် ဝေဒနာရှင် များပင် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်