Skip to main content

Apr 30, 2021

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ နယ်မြေခံတပ်နှင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ နယ်မြေခံတပ်များသို့ ယနေ့နံနက်အစောပိုင်းတွင် သောင်းကျန်းသူ (စိစစ်ဆဲ)အဖွဲ့က ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ သည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2021

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်၊ ခေမာ ကျောင်းလမ်းနှင့် ဧရာ(၁၅)လမ်းထောင့်အနီး၌ မတ် ၂၇ ရက် ည ၁၂ နာရီခွဲခန့်တွင် စိုင်းခေး(ခ)အိုက်ခေး(ခ)ကေကေ(ဘ)ဦးထွန်းမြင့် အပါအဝင် လူအုပ်စု(၁၉)ဦးခန့် က ဗိုလ်ကြီး ထက်အောင်ကျော်နှင့် မောင်သန့်ဇင်ထွေးတို့ စီးနင်းမောင်းနှင် လာသည့် APACHE အမျိုးအစား အနက်ရောင်မော်တော်ဆိုင်ကယ်၊ ဗိုလ်ကြီး ထက်အောင်ကျော် ကိုင်ဆောင်သည့် ပစ္စတိုသေနတ် ၁ လက်၊ MAH(U) အမျိုးအစား ICON တစ်လုံးတို့အား လုယက်ယူဆောင်ခြင်း၊ ဗိုလ်ကြီး ထက်အောင်ကျော်နှင့် မောင်သန့်ဇင်ထွေး တို့အား နောက်ပြန်ကြိုးတုပ်ကာ တုတ်များ၊ ဓားများဖြင့် ဝိုင်းဝန်း ရိုက်နှက်ထိုးခုတ်ခြင်း၊ လက်သီးဖြင့် ထိုးခြင်းနှင့် ခြေထောက်ဖြင့် ကန်ခြင်းများ ပြုလုပ် ခဲ့သဖြင့် ၎င်းတို့တွင် ဒဏ်ရာများ အသီးသီးရရှိကာ မောင်သန့်ဇင်ထွေးမှာ ယာဘက် ရင်ခေါင်းထိုးသွင်းဒဏ်ရာကြောင့် ယာဘက်အဆုတ်ထိုးသွင်းဒဏ်ရာရရှိပြီး ရင်ခေါင်း အတွင်းသွေးလွန်ခြင်းကြောင့် သွေးထွက်လွန်သွေးလန့်၍ သေဆုံးခဲ့ခြင်းတို့ ဖြစ်ခဲ့ရ သည်အထိ စိုင်းခေး(ခ)အိုက်ခေး(ခ)ကေကေ(ဘ)ဦးထွန်းမြင့် သည် ဓားပြမှုကို ကျူးလွန်ရာတွင် လူသတ်မှုကိုပါ ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ-၃၉၆ အရ ဧပြီ ၂၈ ရက်တွင် “ သေဒဏ် ”အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နှင့် ဒီပဲယင်းမြို့များရှိ ဆူပူအကြမ်းဖက်သူများက ၎င်းတို့၏နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများအပေါ် အခြေခံ၍ အေးချမ်းစွာ နေထိုင်သော ပြည်သူလူထုနေအိမ်များအား အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့မှုကြောင့် အမျိုးသား ၂ ဦး သေဆုံးကာ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2021

၁။ နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအား ဖြန့်ဝေခြင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံးကြွမှု ဖြစ်ပေါ်စေရန်နှင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန်အတွက် သွေးထိုး လှုံ့ဆော်မှုများပြုလုပ်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများကို လှုမှုကွန်ရက်စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိသည့် အောက်ပါကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့် အခြား ပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅ - က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်အပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2021

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် (၂၉-၄-၂၀၂၁)

ဆက်လက်ဖတ်ရှုရန်

Apr 30, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အပတ်စဉ် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် Video Conferencing ပြုလုပ်ပြီး သတင်း မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်၊၊

ဆက်လက်ဖတ်ရှုရန်

Apr 30, 2021

လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ ပထမ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2021

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် ကရင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင် များကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2021

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၁၀ နာရီတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)အတွင်း လုပ်ငန်းဆောင်ရွက်မှု များကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းသည် ယနေ့ နံနက် ၁၀ နာရီ တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃) စုပေါင်းခန်းမ၌ လည်းကောင်း၊ နံနက် ၁၁ နာရီတွင် ရုံးအမှတ် (၅၂)၊ အစည်းအဝေး ခန်းမ၌လည်းကောင်း ဝန်ကြီးဌာနမှ အရာထမ်းများနှင့် တွေ့ဆုံ အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်