နေပြည်တော်၊ ဧပြီ - ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အပတ်စဉ် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် Video Conferencing ပြုလုပ်ပြီး သတင်း မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်၊၊
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွန်ချက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒီဇင်ဘာလ ၂၆ ရက်နေ့ ကောင်စီအစည်းအဝေး ဆုံးဖြတ်ချက် အရ သတင်းစီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး၊ ပြည်သူများ သတင်းမှန်များ အချိန်မီ သိရှိစေရေး မီဒီယာများ၏ သတင်းရရှိမှုပိုမိုတိုးတက်စေရေး ရည်ရွယ်၍ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို အပတ်စဉ် ဆောင်ရွက်သွားမည့်အခြေအနေများ၊ လက်ရှိတွင် အွန်လိုင်းမှ Video Conferencing ဖြင့် ပြုလုပ်၍ မီဒီယာများ၏ သိရှိလိုသည်များ ရှင်းလင်း ဖြေကြားမည့် အခြေအနေများ၊ ထိုသို့ပြုလုပ်ရာတွင် သတင်းထုတ်ပြန်ရေးအဖွဲ့တွင် တိုးချဲ့ ဖွဲ့စည်းထားသည့် ဗိုလ်မှူး ကောင်းထက်စံ၊ ဗိုလ်ကြီး ရဲဘုန်းကျော် နှင့် ဗိုလ်ကြီး ဒေါ်အေးသဇင်မြင့် တို့ဖြင့် အလှည့်ကျရှင်းလင်းဆောင်ရွက်သွားမည့် အခြေအနေ များနှင့် တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ခိုင်ခိုင်မာမာအာမခံသည့် အနေဖြင့် မီဒီယာကို စတုတ္ထမဏ္ဍိုင် အဖြစ် အသိအမှတ်ပြုမှုနှင့်အညီ သတင်းမှန်များပြန့်ပွားစေရေး၊ သတင်းစီးဆင်းမှုမြန်ဆန် စေရေး၊ ပြည်သူများ သတင်းမှန်သိစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာ မီဒီယာများအနေဖြင့် လည်း စတုတ္ထမဏ္ဍိုင်ပီသစွာ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများ အား ရှင်းလင်းပြောကြားပြီး သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် တက်ရောက်လာ ကြသည့် သတင်းမီဒီယာများအား တစ်ဦးချင်းမိတ်ဆက်ပေးသည်။
ထို့နောက် သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ကြီး ဒေါ်အေးသဇင်မြင့် က ပြောကြားရာတွင် အာဆီယံနိုင်ငံခေါင်း ဆောင်များအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်၍ တပ်မတော်အနေဖြင့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော် တာဝန်ကိုလွှဲပြောင်းရယူခဲ့မှု၊ ငြိမ်းချမ်းစွာဆန္ဒပြမှုမှတစ်ဆင့် ဆူပူအကြမ်း ဖက်မှုများ ဖြစ်ပေါ်လာခဲ့မှုနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ ဖွဲ့စည်းပုံ၊ ရှေ့လုပ်ငန်းစဉ် များ၊ ရည်မှန်းချက်များအား အထောက်အထားခိုင်ခိုင်လုံလုံ၊ အကြောင်းပြချက် ပြည့်ပြည့်စုံစုံဖြင့် အာဆီယံခေါင်း ဆောင်များအား လူချင်းတွေ့ဆုံပြီး တစ်နေရာတည်း၊ တစ်ချိန်တည်းတွင် တူညီသည့်စကားလုံးများနှင့် ရှင်းလင်းပြော ကြားခဲ့မှု အခြေအနေများ၊ CDM လှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် အရေးယူခံခဲ့ရသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့မှု အခြေအနေများ၊ နယ်စပ်ဒေသလုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် တပ်မတော်စခန်း များအား KNLA တပ်မဟာ(၅)က NCA သဘော တူညီချက်များကို ချိုးဖောက်ပြီး တိုက်ခိုက် ခဲ့မှု အခြေအနေများနှင့် ယနေ့နံနက်အစောပိုင်းတွင် မကွေးမြို့နှင့် မိတ္ထီလာမြို့တို့ရှိ နယ်မြေခံ တပ်စခန်းများအား သောင်းကျန်းသူ(စိစစ်ဆဲ) အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့မှုအခြေအနေများ၊ ဧပြီ ၂၄ ရက်တွင် ဖြစ်ပွားခဲ့သည့် မင်းတပ်မြို့ ဖြစ်စဉ်နှင့်ပတ်သက်၍ အချို့မီဒီယာများတွင် ကောလာဟလ သတင်းအမှား များဖြန့်ချိနေပြီး သွေးထိုးလှုံ့ဆော်နေမှု အခြေအနေများ စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ကြီး ဒေါ်အေးသဇင်မြင့် က သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများ အပေါ် ပြန်လည် ရှင်းလင်းဖြေကြားသည်။
အဆိုပါ Video Conferencing ဖြင့်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်း ရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေ စိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်သတင်းရယူခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်