နေပြည်တော်၊ ဧပြီ-၂၉
၁။ နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအား ဖြန့်ဝေခြင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံးကြွမှု ဖြစ်ပေါ်စေရန်နှင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန်အတွက် သွေးထိုး လှုံ့ဆော်မှုများပြုလုပ်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများကို လှုမှုကွန်ရက်စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိသည့် အောက်ပါကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့် အခြား ပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅ - က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်အပ်ပါသည်။
၂။ အထက်ဖော်ပြပါ ပြစ်မှုကျူးလွန်သူများအား လက်ခံထားရှိသူများကိုလည်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် ထိုကဲ့သို့ ဆောင်ရွက်နေသူများကိုလည်း ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပါသည်။