နေပြည်တော် ဧပြီ ၂၉
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် ကရင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင် များကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ဦးစားပေးလုပ်ဆောင်
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက ကရင်ပြည်နယ်သည် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် ထိစပ် လျက်ရှိသဖြင့် ရင်းနှီးမြှုပ်နှံလိုသူ များအနေဖြင့် စိတ်ဝင်စားမှု ရှိပါကြောင်း၊ ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လွယ်ကူလျင်မြန် အဆင်ပြေ ချောမွေ့စေရေးနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်းများနှင့် အညီ ဖြစ်စေရေးသည် အရေးကြီးကြောင်း၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီက ခွင့်ပြုထားသည့် လုပ်ငန်းများအပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြု ပြီး လုပ်ငန်းများကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဖြစ်စေရေး ကြပ်မတ်ဆောင်ရွက် သွားရန်ဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်၅ ရပ်နှင့် ဦးတည် ချက် ၉ ရပ်ကို အခြေခံကာ ရင်းနှီး မြှုပ်နှံမှုမူဝါဒကို လိုက်လျော ညီထွေ ချမှတ်အကောင်အထည် ဖော်လျက်ရှိပါကြောင်း၊ ပြည်နယ် အတွင်းရှိ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် အသေးစားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ၊ အချိန်တိုတို အတွင်း ရလဒ်ကောင်းများရရှိ မည့် လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း။
ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက် သည့် တင်ပြလျှောက်ထားမှုများ ကို ဥပဒေပြဋ္ဌာန်းချက်ပါ သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် စိစစ်ဆောင်ရွက်ပေးရန် လိုကြောင်း၊ နိုင်ငံသား ကုန်ထုတ် လုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီး မြှုပ်နှံသူများအတွက် အထောက် အကူပြုစေမည့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်တစ်ရပ် ဖြစ်ပေါ်လာစေ ရေး ဌာနများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း ပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ထို့နောက် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြည်နယ် အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဝင်များက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ရှင်းလင်းဆွေးနွေး ပြောကြား သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ဘားအံစက်မှုဇုန် အစည်းအဝေးခန်းမ၌ ကရင် ပြည်နယ်အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့ စေရေး နိုင်ငံတော်အစိုးရက ပြင်ဆင် ဆောင်ရွက်နေသည့်အစီ အစဉ်များ၊ COVID-19 ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်း များ ပြန်လည် လည်ပတ်ဆောင် ရွက်နိုင်ရေး ဆက်လက်ဆောင် ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက် လာကြသည့် စီးပွားရေးလုပ်ငန်း ရှင်များက စီးပွားရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ နှင့် လက်ရှိ ရင်ဆိုင်ကြုံတွေ့ နေရသည့် လုပ်ငန်းအခက်အခဲ များကို ဆွေးနွေးတင်ပြကြ ရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန၊ ပြည်နယ်ဦး စီးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်း များနှင့် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံ ကာ အခက်အခဲများကိုဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
သတင်းစဉ်