Skip to main content

Apr 29, 2021

အာရှပစိဖိတ်ဒေသတွင်း ရုပ်သံ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း Asia- Pacific Institute for Broadcasting Development (AIBD) UNESCO's IPDC နှင့် ပူးပေါင်း၍ သတင်းထောက်များ၊ မီဒီယာ လုပ်ငန်း လုပ်ကိုင်နေသူများ ဆိုက်ဘာလုံခြုံရေး ကိစ္စရပ်များတွင် ပိုမိုသိရှိလိုက်နာနိုင်ရန်၊ ဒစ်ဂျစ်တယ်လုံခြုံမှုနှင့် ပတ်သက် သည့် ဆွေးနွေးပွဲကို ယနေ့တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2021

မုံရွာမြို့နယ်အတွင်း ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှုများတွင် ဦးဆောင်ပါဝင်သည့် မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ဝေမိုးနိုင်ကို ဧပြီ ၁၅ ရက်တွင် မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်အတွင်း ဆူပူဆန္ဒပြနေစဉ် ဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့် ဆက်စပ်တရားခံများအား ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2021

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီလ ၂၇ ရက်နေ့ ည ၈ နာရီ သတင်း ထုတ်ပြန်ချက်အရ တစ်ရက်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂၄၄၆ ခုအား စစ်ဆေး ပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၈ ဦးတွေ့ရှိခဲ့ပြီး ကိုဗစ် -၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူတစ်ဦးရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2021

လူ့သဘာဝအရ စိတ်ခံစားမှုသည် အလွယ်တကူ ဖြစ်နိုင်သော်လည်း ဆင်ခြင်စဉ်းစားရန်အတွက်မှာမူ အလေ့အထလည်း ရှိပါမှ၊ ဆင်ခြင်စဉ်းစားနိုင်သည့် ဉာဏ်အရည်အသွေးလည်း ရှိပါမှ ဖြစ်နိုင်သည်။ သို့ဖြစ်သည့်အတွက် လူအများစုမှာ စိတ်ခံစားမှုကိုသာ ဦးစားပေးတတ်ကြသည်။ နောက်ထပ် လူ့သဘာဝတစ်ခုမှာ ကောင်းသတင်းထက် ဆိုးသတင်းကို လည်းကောင်း၊ အပြုအဖြစ်သတင်းထက် အပျက်အဖျက် သတင်းကိုလည်းကောင်း ပို၍စိတ်ဝင်စားတတ်ကြခြင်းဖြစ် သည်။ နောက်ထပ် လူ့သဘာဝတစ်ခုမှာ အမှားတစ်ခုကို အမှန် အဖြစ် အကြိမ်ကြိမ်အထပ်ထပ် ကြားသိလာရသည်နှင့်အမျှ အမှန်ဟူ၍ လက်ခံလာတတ်ကြခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2021

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 28, 2021

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များကို ယနေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အောင်ဆန်းခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 28, 2021

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ဧပြီ ၂၇ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်းအကွက် အမှတ် ၂၉ ၊ ၃၀ ရှိ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ လှူဒါန်း ငွေဖြင့် စိုက်ပျိုး တည်ထောင်ခဲ့သော ၂၀၁၉ ခုနှစ်၊ ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်း ဧက ၁၀၀ နှင့် ၂၀၂၀ ပြည့်နှစ်၊ ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း ဧက ၁၀၀ တို့၏ ဖြစ်ထွန်းအောင်မြင်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူး၊ နေပြည်တော်ကောင်စီနယ်မြေက ဆောင်ရွက် ပြီးစီးမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်