Skip to main content

Mar 29, 2021

(၂၀၂၁ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Mar 29, 2021

(၂၀၂၁ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2021

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံမှု၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ ကြီးကြပ်မှုဖြင့် ကိုကိုးကျွန်းမြို့နယ်သို့ ပြေးဆွဲပေးမည့် M.V CHARITES သင်္ဘောခရီးစဉ်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်းမှ စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2021

Sky Net သတင်းဌာနမှ သတင်းထောက် ပိုးဥရန်နိုင်က ဆက်လက် မေးမြန်းရာ ယခင်က ည ၁ နာရီ မှ မနက် ၉ နာရီခွဲအထိ All internet shut-down လုပ်ဆောင်ပြီး အခုနောက်ပိုင်းတွင် Mobile data shut down ongep:Gecocloppesi Money transactions များနှင့် Online services များတွင် တော်တော်လေး အခက်အခဲဖြစ်နေသည်ကို တွေ့ရကြောင်း၊ မိမိတို့ သတင်းမီဒီယာများ မှာဆိုလျှင် Online နှင့် လုပ်နေရခြင်းဖြစ်သည့်အတွက် ယခုကိစ္စများနှင့် ပတ်သက်ပြီး Telecom Sector များနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ မည်သည့်အကြောင်းအရာများ ဆွေးနွေးလုပ်ဆောင်နေပါလဲ၊ ပုံမှန်မည်သည့် အချိန်တွင် ဖြစ်မည်နှင့် မည်သည့်အခြေအနေမှာ ပြန်ဖြစ်နိုင်မည်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2021

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုလွင်သည် မတ်၂၅ ရက်က မန္တလေးတိုင်းဒေသကြီး တောင်သာမြို့ရှိ အမှတ်(၁၀) အထည်စက်ရုံသို့ ရောက်ရှိပြီး မိမိ ထုတ်ကုန်ပစ္စည်းအား ဈေးကွက်ရှိ ပစ္စည်းများနှင့် ယှဉ်ပြိုင်ရောင်းချ နိုင်ရေးဆောင်ရွက်ရန်၊ ကုန်ချောလက်ကျန်များ ကုန်စင်အောင် ရောင်းချနိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်ရုံရှိ ကုန်ကြမ်းများကို မိမိတို့ ဌာနအတွင်းရှိ စက်ရုံများတွင် ပြန်လည်အသုံးပြုနိုင်ရေး ပေါင်းစပ် ဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် စက်ရုံရေရှည်ရပ်တည် လည်ပတ်နိုင်ရေး အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရန်တို့ကို မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များ ကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများအတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေးစောင့် ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော် ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၁ဝဝ၈၇ ဦး၊ အတွင်းလူနာ ၄၁၉၁ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့်လူနာများကို ခွဲစိတ် ပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတကာ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံ တက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် ကိုပါ စီမံဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2021

ဖာပွန်ခရိုင်အတွင်းရှိ ထီးမူထကျေးရွာအနီး တပ်မတော်စခန်းတစ်ခုအား မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် KNLAမှ ဘောကျော်ဟဲ ဦးဆောင်မှုဖြင့် KNLAတပ်မဟာ ၅ တပ်ဖွဲ့ဝင်တို့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2021

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင် တိုက်နယ်ဆေးရုံနှင့် ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ် တကောင်း တိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ် စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ် ယင်းတော်တိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ် ပင်းတလဲတိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ် ဝဲလောင်တိုက်နယ်ဆေးရုံး ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံ ရွှေကျင်မြို့နယ် ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံနှင့် လက်ပံတန်းမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူရှင်များက အကူအညီတောင်းခံမှုကြောင့် တပ်မတော်ဆေးကုသရေးအဖွဲ့များ စေလွှတ်၍ ရောဂါဝေဒနာခံစားနေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုး ရောဂါ၊ နှလုံးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန် လိုအပ်သော လူနာများ ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2021

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ ပခန်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိမလာဘိဝံသအား ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့ဝင်များက သွားရောက်ဖူးမြော်ကြည်ညိုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဖြစ်သော အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်အား ဆက်ကပ်ပူဇော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ဖတ်ရှုရန်