နေပြည်တော် မတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ ပခန်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိမလာဘိဝံသအား ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့ဝင်များက သွားရောက်ဖူးမြော်ကြည်ညိုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဖြစ်သော အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်အား ဆက်ကပ်ပူဇော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ရင်းရင်းနှီးနှီး တွေ့ဆုံ
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဝန်းသိုမြို့ ခန္တီပရိယတ္တိ စာသင် တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဇနဝ အား ဖူးမြော်ကြည်ညိုကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဖြစ်သော အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်အား ဆက်ကပ်ပူဇော်ကာ လှူဖွယ် ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြ သည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ရွှေဘိုတပ်နယ်နှင့် ဝန်းသို တပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်။ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြား ခဲ့သည်။
ဆက်ကပ်လှူဒါန်း
အလားတူ တနင်္သာရီတိုင်း ဒေသကြီး လောင်းလုံးမြို့နယ် အောင်ရေဖြူကျေးရွာအုပ်စု နာရဒ ရာမကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တနာရဒ ဆရာတော်ကြီးအား ယနေ့ နံနက် ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့ဝင်များ တနင်္သာရီ တိုင်းသေကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့်အဖွဲ့ဝင်များက သွားရောက် ဖူးမြော်ကြည်ညိုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်သည့် သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ် ဖြစ်သော အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်အား ဆက်ကပ် ပူဇော်ကာ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
သွားရောက်ဖူးမြော်
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဝိဇောတာရုံကျောင်းတိုက်ဦးစီး ပဓာနနာယက၊ ပန္ဒရေသ ရွှေကျင်သာသနာပိုင် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု သက်တော်ရှည် ဆရာတော်ဘုရားကြီးအား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဖဒိုမန်းငြိမ်းမောင်၊ ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်အဖွဲ့ ဝင်များက သွားရောက်ဖူးမြော် ကြည်ညိုပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ဆက်ကပ် သည့် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်အား ဆက်ကပ်ပူဇော်ကာ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့သည်။
ထို့အတူ ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားသို့ ဘွဲ့တံဆိပ်တော်ယူရန် ကြွရောက်နိုင်ခြင်းမရှိသော ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်ရှိ KWEKABAW ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူ လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် သာယာကုန်းကျေးရွာ သုံးထပ်ကျောင်းတိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တပဏ္ဍိတ အား ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင် များက သွားရောက်ဖူးမြော် ကြည်ညို၊ ကာ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော် နှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့သည်။
ရေစက်သွန်းချ
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ဆံတော်ရပ်ကွက်ရှိ ဇောတိကာရုံ ပါဠိတက္ကသိုလ် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ကုဏ္ဍလဇောတိက အား ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းနှင့် အဖွဲ့ဝင်များက သွားရောက် ဖူးမြော်ကြည်ညိုပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်သည့် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေးခဲ့ကြသည်။
ထို့အတူ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲများကို တိုင်း စစ်ဌာနချုပ်အသီးသီး၌ မတ် ၂၇ ရက်နှင့် ယနေ့တို့တွင် ပြုလုပ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ ဘွဲ့ တံဆိပ်တော်ရ ဆရာတော်ကြီး များ၊ သာသနာ့နွယ်ဝင် သီလရှင် ဆရာကြီးများ ကြွရောက်တော်မူ ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများ၊ တိုင်းမှူးများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဘွဲ့တံဆိပ်များ ဆက်ကပ်
ဆက်လက်၍တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ဘွဲ့တံဆိပ်တော်ရ ဆရတော်ကြီး များနှင့် သာသနာ့နွယ်ဝင် သီလရှင် ဆရာကြီးများအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များ အလိုက်တာဝန်ရှိသူများက ဘွဲ့တံဆိပ် တော်များအားအသီးသီးဆက်ကပ် လှူဒါန်းကြပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေကြသည်။
ယင်းနောက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက ဆရာတော်ကြီးများနှင့် သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီးများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြောင်း သတင်းရရှိသည်။
သတင်းစဉ်