Skip to main content

Mar 28, 2021

နေ့စဉ်မိုးလေဝသသတင်း (၂၀၂၁ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Mar 28, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများအတွက် တပ်မတော်ဆေးရုံများနှင့်ယာယီ ကုသရေးဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက် မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၉၉၇၈၄ ဦး၊ အတွင်း လူနာ ၄၂၀၉ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူး များ၊ သူနာပြုများဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့်လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော လူနာများ ကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း များ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံတက်လူနာ များနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက်ကိုပါ စီမံဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 28, 2021

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည် မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင် တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ် စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ် ယင်းတော်တိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ် ပင်းတလဲတိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ် ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့နယ် ပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့နယ် ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံနှင့် လက်ပံတန်း မြို့နယ် ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက အကူအညီတောင်းခံမှုကြောင့် တပ်မတော်မှ ဆေးကုသရေးအဖွဲ့များစေလွှတ်၍ ရောဂါဝေဒနာခံစားနေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရိုး | အကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့ နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန် လိုအပ်သောလူနာများကို ခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 28, 2021

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့မွန်းလွဲ ၁ နာရီတွင် တာမွေမြို့နယ်အတွင်း၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လှည့်ကင်းယာဉ်များဖြင့် လှည့်ကင်းဆောင်ရွက်နေစဉ် မလွှကုန်းဌေးကြွယ် (က)ရပ်ကွက် မနေရလမ်း အရောက်၌ မသင်္ကာဖွယ်တွေ့ရှိသည့် ယာဉ်အမှတ် YGN 7F-8709 Toyota Ractis အဖြူရောင်ယာဉ်ကိုစစ်ဆေးရန်တားဆီးစဉ် ယာဉ်ပေါ်ပါ သူများထဲမှ တစ်ဦးက လက်ပစ်ဗုံးဟုယူဆရသော ဗုံးတစ်လုံးဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့ပြီး ယာဉ်ပေါ်မှဆင်းကာ ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ကျော်သူမြင့်နှင့် ခင်မောင်ကျော်တို့ နှစ်ဦးအား ဗုံး နှစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အနီးရှိတိုက်ပေါ်သို့ တက်ပြေးသွားသည့် ကျန်အမျိုးသား တစ်ဦးသည် တိုက်လှေကားထိပ် အရောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ရန် ပြုလုပ်စဉ် ၎င်း၏လက်အတွင်း ပေါက်ကွဲသွားသဖြင့် နေရာတွင် သေဆုံးသွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 28, 2021

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား မြို့ ရွာကောက်ရပ်ကွက်ပေါင်းလောင်း(၁) ရပ် (၁၀)လမ်းတွင် နေထိုင်သည့် ရာအိမ် မှူးဖြစ်သူ ဦးဟန်ထွန်းနိုင်(ဘ)ဦးဝင်းနိုင် ကို မတ် ၂၃ ရက် ည ၁၀ နာရီခန့်တွင် ဆူပူအကြမ်းဖက်သူလူတစ်စုက ဝိုင်းဝန်း ရိုက်နှက်ခဲ့မှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 28, 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက် ရန်ပြုပစ်ခတ်တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် လက်ပစ်ဗုံးများအနေဖြင့် ၂၀၂၁ ခုနှစ် မတ် ၂၆ ရက်တွင် လှိုင်မြို့မရဲစခန်းအား တိုက်ခိုက်မှုဖြစ်စဉ်တွင် လက်ပစ်ဗုံး သုံးလုံးစလုံး ပေါက်ကွဲခဲ့ပြီး လက်ပစ်ဗုံးပစ်ခတ်စဉ် လွင့်စင်ကျခဲ့သည့် လီဗာတံ နှစ်ချောင်းနှင့် ဗုံးအိမ်ခေါင်း တစ်ခု၊ဘောစိအစအနများ တွေ့ရှိရပြီး ၎င်းအစအနများနှင့် လီဗာတံ ပုံစံတူ သုံးချောင်းကို မတ် ၂၇ ရက် ကြည့်မြင်တိုင်မြို့နယ် မြို့မရဲစခန်းကို လာရောက်ပစ်ခတ်သည့် လက်ပစ်ဗုံး သုံးလုံး ပေါက်ကွဲရာနေရာတွင် ထပ်မံတွေ့ရှိခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 28, 2021

နိုင်ငံတော်အတွင်းရှိ နေရာအချို့တို့တွင် ယနေ့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆူပူအကြမ်းဖက်သူများအနေဖြင့် အကြမ်းဖက်မှုပုံစံမျိုးစုံဖြင့် အကြမ်းဖက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဂျင်ကလိ၊ မီးစာတပ်ဆင်ထားသည့် ဓာတ်ဆီပုလင်းများ၊ လက်လုပ်မိုင်း၊ လုပ်သေနတ်များဖြင့် ရန်ပြုတိုက်ခိုက်ခြင်း၊ အများပြည်သူသွားလာအသုံးပြုသည့် လမ်းမကြီး၊ လမ်းသွယ်များအား အသုံးပြု၍မရအောင် အတားအဆီးများ ချထားပိတ်ဆို့ခြင်း၊ နိုင်ငံတော်ပိုင် အဆောက်အဦများအား အကြောင်းမဲ့ မီးပုလင်း၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ အား ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 28, 2021

နေပြည်တော်ရှိ ဥပ္ပါတသန္တိကုန်းတော် ပြင်၌ တည်ထားကိုးကွယ်သည့် ဥပ္ပါတ သန္တိစေတီတော်၏ လိုဏ်တော်ကြီး အတွင်း၌ ကိန်းဝပ်စံပယ်တော်မူလျက်ရှိ သည့် မဟာမဏိမယရတနာကျောက်စိမ်း ဗုဒ္ဓရုပ်ပွားဆင်းတုတော် လေးဆူနှင့် မဟာဆုတောင်းပြည့် (ပန်းပေါင်း) ဘုရား ကြီးတို့အား (၁၃)ကြိမ်မြောက် ရွှေကြာ သင်္ကန်းတော်ကပ်လှူပူဇော်ခြင်း အခမ်း အနားကို ယနေ့ နံနက် ၆ နာရီခွဲတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 28, 2021

မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေ များကို (၇၆)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြသည့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံမှူးများအား ယနေ့မွန်းလွဲ ၁ နာရီခန့် တွင် နေပြည်တော်ရှိGrand Amara Hotelရှိဧည့်ခန်းမဆောင်၌ တာဝန်ရှိသူများက ရှင်းလင်းပြောကြားကြသည်။

ဆက်လက်ဖတ်ရှုရန်