Skip to main content

ဆေးကုသရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် မတ် ၂၈ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင် တိုက်နယ်ဆေးရုံနှင့် ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ် တကောင်း တိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ် စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ် ယင်းတော်တိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ် ပင်းတလဲတိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ် ဝဲလောင်တိုက်နယ်ဆေးရုံး ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံ ရွှေကျင်မြို့နယ် ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံနှင့် လက်ပံတန်းမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူရှင်များက အကူအညီတောင်းခံမှုကြောင့် တပ်မတော်ဆေးကုသရေးအဖွဲ့များ စေလွှတ်၍ ရောဂါဝေဒနာခံစားနေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုး ရောဂါ၊ နှလုံးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန် လိုအပ်သော လူနာများ ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက် ပေးခဲ့သည်။ စတင်ဆောင်ရွက်ပေးလျက်ရှိ အလားတူ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ပြည်သူ့ဆေးရုံရှိ ဆရာဝန်များနှင့် သူနာပြုများ သည် ၎င်းတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်းမရှိဘဲ တာဝန်များ ပျက်ကွက် လျက်ရှိပြီး ဒေသခံပြည်သူများက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အကူအညီ တောင်းခံလာခဲ့ သဖြင့် ယနေ့တွင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မှ တပ်မတော်သား ဆရာဝန်များနှင့် သူနာပြုများ ပါဝင် သောဆေးအဖွဲ့ကို အဆိုပါဆေးရုံသို့ စေလွှတ်ခဲ့ရာ ရပ်မိရပ်ဖများနှင့် ဒေသခံ ပြည်သူများက ဝမ်းမြောက်ဝမ်းသာစွာဖြင့် လှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်းနှင့် ဒေသခံ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို စတင်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။ သတင်းစဉ်