Skip to main content

May 09, 2021

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော် ကောင်စီဝင် ဦးဇေယျာလင်း၊ ဦးမြင့်စိုး တို့နှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ တိရိစ္ဆာန်ဥယျာဉ်၊ ရွှေကျပျိုးဥယျာဉ်နှင့် သစ်တောသုတေသနဌာနရှိ လုပ်ငန်းဆောင်ရွက်ချက်များကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 09, 2021

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် မေ (၈) ရက် နံနက်ပိုင်းတွင် အမ်းမြို့၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၁၆)ရုံး အစည်းအဝေးခန်းမဆောင်တွင် ရခိုင်ပြည်နယ် အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် လုပ်ငန်းလျာထားချက်နှင့် ဆောင်ရွက်ပြီးစီးမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 09, 2021

နိုင်ငံလူဦးရေအများဆုံး မှီတင်းနေထိုင်ရာ ကျေးလက်ဒေသများ ဖွံ့ဖြိုးရေး၊ ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ လူနေမှုအဆင့်အတန်း မြင့်မားရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ၏ အထွက်နှုန်း တိုးတက်ရေး သာမက အရည်အသွေးကောင်းမွန်ရေး၊ တန်ဖိုးမြင့်ကုန်ချောများအဖြစ် ထုတ်လုပ်တင်ပို့ ရောင်းချနိုင်ရေးကိုပါ အားပေး ကူညီဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 09, 2021

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ကာ၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ နေ့အပူချိန်များမှာ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီ စင်တီဂရိတ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီ ဂရိတ်ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 09, 2021

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ ခရီးသွား ပြည်သူများ အဆင်ပြေစေရန် ရည်ရွယ်၍ ယခင် နေ့စဉ် ခရီးသည် လိုက်ပါစီးနင်းမှု များသော ရန်ကုန်- ပဲခူး RBE ခရီးသည်တင် ရထားကို ယနေ့ နံနက်ပိုင်တွင် ပဲခူး ဘူတာကြီးမှ ရန်ကုန်သို့ စတင် ထွက်ခွာပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 09, 2021

တပ်မတော်အနေဖြင့် နိုင်ငံတော်၏လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးလုပ်ငန်းများကို နိုင်ငံအဝန်းတွင် ဆောင်ရွက် လျက်ရှိပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလား တောင့်တလျက်ရှိသော ထာဝရငြိမ်းချမ်းရေး ရရှိရန် လက်ရှိ အကောင် အထည် ဖော်ဆောင်ရွက် လျက်ရှိသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လမ်းကြောင်းအား ဆက်လက်လျှောက်လှမ်းနိုင် ရန် လက်မှတ်ရေးထိုး ပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးကို ခိုင်မာအောင် ဆက်လက် ဆွေးနွေးခြင်း၊ လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင် အဖွဲ့များကို လက်မှတ်ရေးထိုး နိုင်သည်အထိ ဆက်လက် ဆွေးနွေးနိုင်ရေးတို့ကို အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 09, 2021

ကိုဗစ် -၁၉ ကပ်ရောဂါကို ကမ္ဘာ့နိုင်ငံအများစု မှာ ယနေ့အချိန်အထိ ဖြစ်ပွားနေဆဲဖြစ်တာမို့ နိုင်ငံ တကာလေ ကြောင်းခရီးသည်တွေကနေ ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရမှုအန္တရာယ် ကင်းဝေးစေဖို့ အတွက် ယာယီ ကန့်သတ် ထားခဲ့တဲ့ နိုင်ငံတကာ ခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံ သို့ပျံသန်းဆင်းသက်ခြင်းဆိုင်ရာ ညွှန်ကြား ချက်ရဲ့ သက်ရောက်မှုကာလကို မေ ၃၁ ရက်အထိ တိုးမြှင့် ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ် - ၁၉ တတိယ လှိုင်းအဖြစ် ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပေးနှိုးဆော်ချက်တွေကို ဧပြီလအတွင်း ထုတ်လွှင့်တာ၊ ပညာပေး အစီအစဉ်တွေ ဆောင် ရွက်နေတာကို တွေ့ရှိရပါတယ်။ အိမ်နီးချင်းနိုင်ငံ များမှာ ကူးစက်နှုန်းမြင့်မားနေခြင်းကြောင့် ကိုဗစ် - ၁၉ ရေရောဂါ ကာကွယ်ရေးအစီအမံများ ထားရှိ ဆောင်ရွက်နေတာကို မြင်တွေ့ရပါတယ်။ ။

ဆက်လက်ဖတ်ရှုရန်

May 09, 2021

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းနှင့် ကျန်းမာရေး ဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင် လုပ်ဆောင် ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရား အသင်းအား ထောက်ခံ အားပေးခြင်း တို့ကို ဆောင်ရွက် လျက်ရှိသည့် အောက်ဖော်ပြပါ သူနာပြုများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေး ယူဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်