ကနောင်
ယမန်နေ့မှအဆက်
ကိုဗစ် -၁၉ ကပ်ရောဂါကို ကမ္ဘာ့နိုင်ငံအများစု မှာ ယနေ့အချိန်အထိ ဖြစ်ပွားနေဆဲဖြစ်တာမို့ နိုင်ငံ တကာလေ ကြောင်းခရီးသည်တွေကနေ ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရမှုအန္တရာယ် ကင်းဝေးစေဖို့ အတွက် ယာယီ ကန့်သတ် ထားခဲ့တဲ့ နိုင်ငံတကာ ခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံ သို့ပျံသန်းဆင်းသက်ခြင်းဆိုင်ရာ ညွှန်ကြား ချက်ရဲ့ သက်ရောက်မှုကာလကို မေ ၃၁ ရက်အထိ တိုးမြှင့် ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ် - ၁၉ တတိယ လှိုင်းအဖြစ် ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပေးနှိုးဆော်ချက်တွေကို ဧပြီလအတွင်း ထုတ်လွှင့်တာ၊ ပညာပေး အစီအစဉ်တွေ ဆောင် ရွက်နေတာကို တွေ့ရှိရပါတယ်။ အိမ်နီးချင်းနိုင်ငံ များမှာ ကူးစက်နှုန်းမြင့်မားနေခြင်းကြောင့် ကိုဗစ် - ၁၉ ရေရောဂါ ကာကွယ်ရေးအစီအမံများ ထားရှိ ဆောင်ရွက်နေတာကို မြင်တွေ့ရပါတယ်။ ။
ထို့ပြင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိတာကို မြင်တွေ့ရပါတယ်။ ဦးစားပေး အစီအစဉ်အရ ဇန်နဝါရီ ၂၇ ရက်တွင် ကာကွယ်ဆေးထိုးနှံခြင်း စတင်ခဲ့ပြီး ဧပြီ ၂၁ရက် အထိပထမ အကြိမ်ကာကွယ်ဆေးထိုးနှံခြင်းတွင် ကာကွယ်ဆေးအရေအတွက် ၁ ဒသမ ၅၄ သန်း၊ ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံခြင်းအဖြစ် သုည ဒသမ ၃၄သန်း စုစုပေါင်း ကာကွယ်ဆေး ၁ ဒသမ ၈၈ သန်းကို ထိုးနှံခဲ့ပြီး ဖြစ်ပါတယ်။ ထို့အတူ ရန်ကုန်မြို့ အခြေစိုက် နိုင်ငံတကာသံရုံးများက သံဝန်ထမ်းတွေနဲ့ မိသားစု ဝင်တွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးတွေကို ဧပြီ ၅ ရက်မှာ စတင်ထိုးနှံပေးခဲ့ပါတယ်။
ပြည်ပကနေ နယ်စပ်လမ်းကြောင်းများကနေ ဝင်ရောက်လာခဲ့ကြတဲ့ ကရင်နဲ့ မွန်ပြည်နယ်တို့က ဒေသခံတွေ ကိုဗစ် - ၁၉ ကပ်ရောဂါ ကာကွယ်ရေး နည်းလမ်းတွေအရ ကွာရန်တင်းထားရှိဖို့နဲ့ ကျန်းမာရေးစစ်ဆေးပေးတာ၊ နှာခေါင်း တို့ဖတ်။ အာခေါင်တို့ဖတ် ရယူတာတွေကို အရှေ့တောင် တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်ဆေးရုံက တာဝန် ယူဆောင်ရွက် ပေးလျက်ရှိတာကိုလည်း ဧပြီ ၄ ရက်က သိရှိရပါတယ်။
ဧပြီ ၅ ရက်က UWSA “၀” တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေကို ဆေးဘက်ဆိုင်ရာသင်တန်းနဲ့ မွမ်းမံသင်တန်းတွေ ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့ ဝမ်ဟုန် ကျေးရွာ ဝမ်ဟုန်ဆေးရုံမှာ တြိဂံဒေသ တိုင်းစစ်ဌာန ချုပ် နယ်မြေခံဆေးတပ်ရင်းက ဆေးတပ်ဖွဲ့ဝင်တွေက သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ ဆေးဘက် ဆိုင်ရာ သင်တန်းကို ဒေသခံတိုင်းရင်းသားပြည်သူ ၄၆ ဦးနဲ့ မွမ်းမံဆေးဘက်ဆိုင်ရာသင်တန်းကို ဒေသခံ တိုင်းရင်း သား ပြည်သူတွေ ၂၄ ဦးတို့ကို သင်ကြား ပေးလျက်ရှိတာဖြစ်တဲ့အတွက် ဒေသခံတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အတွက် ပိုမိုအားဖြည့် ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ။
ထို့အတူ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အစရှိတဲ့ မြို့ကြီးတွေရဲ့ ပြည်သူ့ဆေးရုံကြီးတွေကို အမြန်ဆုံး ပြန်လည် ဖွင့်လှစ်ဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စီမံဆောင်ရွက်မှုတွေကို လည်း မြင်တွေ့ခဲ့ရပါတယ်။ ရလဒ် အဖြစ် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးတို့ အပါအဝင် မြို့နယ်များရှိ ပြည်သူ့ဆေးရုံအချို့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ပြည်သူ့ဆေးရုံ တွေအတွက် ဆေးဝါးဝယ်ယူနိုင်ဖို့ ငွေကျပ်ဘီလီယံ ၃၀၀ လျာထားခဲ့ပြီး ဆေးရုံလုပ်ငန်းလိုအပ်ချက်တွေ နဲ့အညီ ဖြည့်ဆည်းပေးမှာဖြစ်သလို ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း အစဉ်တစိုက် ဖိတ်ခေါ်လျက်ရှိ နေတာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ အကျိုး ဆက်အဖြစ် ကျန်းမာရေး ဝန်ထမ်းတွေ မိမိတို့မူလ လုပ်ငန်းခွင်ကို အများအပြား ပြန်လည်ဝင်ရောက် လာခဲ့တာကိုလည်း ဝမ်းမြောက် ဖွယ်မြင်တွေ့နေရပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူ့ဆေးရုံတွေမှာ တာဝန် ထမ်းဆောင်ပြီး ဆရာဝန်ကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်တွေနဲ့မညီဘဲ CDM ပြုလုပ်နေတဲ့ ဆရာဝန် တွေနဲ့ သူတို့ကိုလက်ခံထားတဲ့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေ၊ CDM ပြုလုပ်ဖို့ တိုက်တွန်း လှုံ့ဆော် နေတာတွေ၊ဆူပူဆန္ဒပြမှုတွေမှာ ကိုယ်တိုင်ပါဝင်တဲ့ အတွက် ဥပဒေအရအမှုဖွင့်အရေးယူခံရတဲ့ ဆရာဝန် တွေရဲ့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေကိုလည်း ၊ လိုင်စင်ပယ်ဖျက်ပြီး ပိတ်သိမ်းလျက်ရှိတဲ့အပြင် အဆိုပါ အရေး ယူခံထားရတဲ့ ဆရာဝန်တွေရဲ့ နိုင်ငံကူးလက်မှတ်တွေကိုလည်း အမည်ပျက်စာရင်း ရေးသွင်းထားပြီးဖြစ်ပါတယ်။
မြန်မာ့အားက စား ဖွံ့ဖြိုးတိုးတက်စေရေး အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် အားကစားပြိုင်ပွဲ တွေကို စတင် ကျင်းပ တော့မှာ ဖြစ်ပါတယ်။ ပထမ ဦးစွာ ဘောလုံးအားကစားနည်းကို အမျိုးသား ၂၁ နှစ်အောက်၊ အမျိုးသမီး ၂၅ နှစ်အောက် ပြိုင်ပွဲတွေ စတင်ကျင်းပပေးမယ်လို့ ဧပြီ ၂၆ ရက်ကကျင်းပတဲ့ အားကစားပြိုင်ပွဲများ ကျင်းပရေးနဲ့ တည်ဆောက် ရေးလုပ်ငန်းများညှိနှိုင်းအစည်းအဝေးပွဲက သိရှိရ ပါတယ်။ ၂၀၂၁ ခုနှစ် ဩဂုတ်လနဲ့ စက်တင်ဘာလ တွေမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အလေးမ၊ ဝူရှူးနဲ့ ဖူဆယ်ပြိုင်ပွဲတွေကိုလည်း ဆက်လက်ကျင်းပမယ်လို့ သတ်မှတ် ခဲ့ကြတာကိုလည်း မြင်တွေ့ရပါတယ်။
ပညာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ အခြေခံပညာဦးစီးဌာနလက်အောက်က ဆရာ ဆရာမတွေ၊ အဆင့်မြင့် ပညာဦးစီးဌာနနည်းပညာ၊ သက်မွေးပညာနဲ့ လေ့ကျင့်ရေးဦးစီးဌာနတို့ လက်အောက်က တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် သိပ္ပံကျောင်းတွေက သင်ကြားရေး ဆရာ ဆရာမတွေ၊ စီမံဝန်ထမ်းတွေအားလုံး လုပ်ငန်းခွင် ကို မေလ ၃ရက်နေ့ နောက်ဆုံးထား၍ မပျက် မကွက် ဝင်ရောက်ကြဖို့လည်း အသိပေးထားပြီး ပြန်လည် ဝင်ရောက် လာနေ တာကိုလည်း ကြားသိ ရပါတယ်။
၂၀၂၁ ခုနှစ် ပညာသင်နှစ်အတွက် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဆေးနှင့် ဆေးပညာ နှီးနွယ်တက္ကသိုလ်တွေက ဖွင့်လှစ်မယ့် ဘွဲ့လွန်ဆေးပညာ ဒီပလိုမာသင်တန်း တွေဆေးပညာမဟာသိပ္ပံသင်တန်းတွေနဲ့ ပါရဂူ ဘွဲ့သင်တန်းတွေအတွက် ဘွဲ့လွန်သင်တန်းဝင်ခွင့် လျှောက်လွှာတွေကို မေ ၁၅ ရက်အထိ လျှောက် ထားနိုင် ပြီဖြစ်တဲ့အတွက် ပညာဖြည့်ဆည်းဖို့ ရည်မှန်းထားသူတွေအတွက် မျှော်လင့်ချက် ပြည့်ဝ နိုင်ခဲ့ပါပြီ။
ထို့အတူ ပညာရေးကဏ္ဍ အဆင့်မြင့်မား စေဖို့အတွက် ဧပြီလအတွင်း တစ်နိုင်ငံလုံး အတိုင်း အတော အခြေခံ ပညာမူလတန်းအဆင့်၊ အလယ် တန်းအဆင့်၊ အထက်တန်းအဆင့် သင်ရိုးသစ် မွမ်းမံသင်တန်းများ ဆရာ ဆရာမ တွေကို သင်ကြားပေးလျက်ရှိတာ မြင်တွေ့ရပါတယ်။ သင်ရိုးဘာသာရပ်အလိုက် သင်ကြားနည်းစနစ်တွေ ကို ဆရာ လမ်းညွှန်စာအုပ်များအတိုင်း လေ့ကျင့် ပို့ချနေပြီ ဖြစ်ပါတယ်။ ဆရာတွေအနေနဲ့ သင်ရိုး သစ်ပြဋ္ဌာန်းချက်တွေအပြင် မိမိတို့နိုင်ငံရဲ့ သမိုင်းကြောင်း၊ ပထဝီအနေအထားနဲ့ နီတိစတဲ့ ပြန်လည် သင်ကြားပြသသင့်တာတွေကိုလည်း မွမ်းမံ သင်တန်းတွေမှာ ထည့်သွင်းသင်ကြားခြင်းအတွက် ကျောင်းသားကျောင်းသူများအတွက် အကျိုး ကျေးဇူးများ ရရှိလာ စေမှာ ဖြစ်ပါတယ်။ ။
ပညာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ တက္ကသိုလ်များမှာ ပါရဂူဘွဲ့နဲ့ ပါရဂူဘွဲ့ကြိုး သင်တန်းလျှောက်လွှာများ လျှောက်ထားရမယ့် ရက်ကိုမူလကဧပြီ၆ရက်လို့သတ်မှတ်ထားပေမယ့် သင်္ကြန်ပွဲတော်မတိုင်မီ ဧပြီ ၁၂ ရက်အထိ နောက် ဆုံးထား လျှောက်ထားကြဖို့အတွက် ဖြေလျှော့ပေး ခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီရဲ့ ပညာရေးကဏ္ဍကို အမြန်ဆုံးပြန်လည်မြှင့်တင်နိုင်ဖို့ အကောင်အထည် ဖော် ဆောင်ရွက် တာတွေရဲ့ ထင်သာမြင်သာ ဆောင်ရွက်မှုအဖြစ် လာမည့် မေ ၅ ရက်မှာ စတင်ပြီး အစိုးရနည်းပညာကောလိပ်နဲ့ အစိုးရ စက်မှုလက်မှု သိပ္ပံများက AGTI သုံးနှစ် ဒီပလိုမာတန်းတွေရဲ့ နောက်ဆုံးနှစ်၊ အစိုးရနည်းပညာအထက်တန်း ကျောင်း တွေရဲ့ နောက်ဆုံးနှစ်ဖြစ်တဲ့ ဒုတိယနှစ် သင်တန်းတွေကို စတင်ဖွင့်လှစ်နေပြီဖြစ်သလို အဆင့်မြင့် ပညာ ဦးစီးဌာန လက်အောက်က တက္ကသိုလ်၊ ဒီဂရီကောလိပ်ကောလိပ်တွေက ၂၀၁၉ - ၂ဝ၂ဝ ပညာသင်နှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ နောက် ဆုံးနှစ် သင်တန်းတွေနဲ့ မဟာဘွဲ့ (ရေးဖြေ)သင်တန်းတွေကို မေ ၅ ရက်မှာ စတင်ဖွင့်လှစ်ပေးနေပြီ ဖြစ်ပါတယ်။
ထို့အတူ ၂၀၁၉ -၂၀၂၀ ပညာသင်နှစ် ဘွဲ့လွန် ပြတိုက် ပညာ ဒီပလိုမာ တစ်နှစ်သင်တန်းတွေရဲ့ ဒုတိယနှစ်ဝက် စာသင် ကာလသင်တန်းကို ဧပြီ ၂၁ ရက်က စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာ တစ်နှစ်ရဲ့ ဒုတိယနှစ်ဝက် စာသင်ကာလသင်တန်းကို မေ ၄ ရက်မှာ ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ပါတယ်။ အမျိုးသား ယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် (ရန်ကုန်)ရဲ့ မဟာဝိဇ္ဇာဘွဲ့ (ဒုတိယနှစ်ဝက်) ပုံမှန် သင်တန်းတွေနဲ့ အနုပညာ ကွန်ပျူတာဒီပလိုမာ (တစ်နှစ်) သင်တန်းတွေကိုလည်း မေ ၅ ရက်နဲ့ ၁၀ ရက်တို့မှာ ပြန်လည်ဖွင့်လှစ်သွားတော့မှာ ဖြစ်ပါ တယ်။
အမျိုးဘာသာသာသနာဆိုင်ရာဆောင်ရွက်ချက်များ
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏ သီရိမြို့နယ်ဗုဒ္ဓဥယျာဉ်တော်မှာ တည်ထားပူဇော်မယ့် ကမ္ဘာ့အကြီးဆုံး စကျင်ကျောက်တော်ဖြင့် တည်ထား တဲ့ ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ် ပွားတော်မြတ်ကြီးရဲ့ ဆင်းတု တော် အပိုင်း (၁) ကိုဆီမီးခုံဆိပ်ကမ်းမှတစ်ဆင့် နေပြည်တော်သို့ ပင့်ဆောင် ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဧပြီ ၄ ရက်နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ နယ် ဆီမီးခုံကျေးရွာအနီးကျင်းပရာမှာလည်း နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တက်ရောက်၍ ပရိတ်နဲ့သာ ရည်များ ပက်ဖျန်း ပူဇော်ခဲ့ပါတယ်။ ဧပြီ ၁၀ရက်မှာ နေပြည်တော်ရှိ တည်ထားပူဇော်မယ့် မင်္ဂလာနေရာ ရောက်ရှိခဲ့တဲ့အခါမှာလည်း ဧပြီ ၁၂ရက် မှာ ဆရာတော်သံဃာတော်များက ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးရဲ့ ဆင်းတုတော်အပိုင်း(၁)ကို ပရိတ် နဲ့ သာရည်တွေနဲ့ ပက်ဖျန်းပူဇော်ပေးတော် မူခဲ့ကြပါတယ်။ ရုပ်ပွားတော်မြတ်ကြီးရဲ့ ဆင်းတု တော်နဲ့ ပလ္လင်တော် အစိတ်အပိုင်းတွေ သတ္တမအကြိမ် ပင့်ဆောင်ခြင်းကိုမူဧပြီ ၁၉ရက်က ဆီမီးခုံကျေးရွာမှာကျင်းပခဲ့ပါတယ်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပလ္လင်တော်အမြင့် ၁၈ပေ၊ ဉာဏ်တော် အမြင့် ၆၃ ပေ စုစုပေါင်း ၈၁ ပေအမြင့်ရှိပြီး တည်ထား ကိုးကွယ် ပြီးစီးသွားတဲ့အခါ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံများအနက် စကျင်ကျောက်တော်နဲ့ ထုဆစ်တဲ့ ဆင်းတုတော်များအနက် အကြီးဆုံးနဲ့ ဉာဏ်တော်အမြင့်ဆုံး ဆင်းတုတော်တစ်ဆူအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါ တယ်။ ဧပြီ ၂၅ ရက် နံနက်က ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာအုတ်မြစ်တော်စီ အခမ်းအနား ဆင်းတုတော် အပိုင်း (၂)နှင့် (၃) ကြိုဆိုပူဇော်ခြင်း အခမ်းအနားတွေကို ကျင်းပ နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ။ ပြည်သူများသွားလာမှု အဆင် ပြေစေရေးဆောင်ရွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ရေကြောင်း ခရီးစဉ်တွေကို ပြန်လည်ပြေးဆွဲပေးလျက်ရှိပါ တယ်။ မြန်မာ့မီးရထားမှ သင်္ကြန်ကာလ အများ ပြည်သူများ ခရီး သွားလာမှုလွယ်ကူစေဖို့ ရန်ကုန် - နေပြည်တော် - ရန်ကုန် လူစီးအမြန်ရထားများ ဖြစ်တဲ့ အမှတ် (၇) အဆန်း အမှတ် (၈) အစုန် လူစီးရထားခရီးစဉ်တွေကို ဧပြီ ၄ ရက်မှာ စတင် ပြေးဆွဲပေးလျက်ရှိတဲ့အပြင် ရန်ကုန် - မန္တလေး၊ ၊ ရန်ကုန် - မော်လမြိုင်နဲ့ ရန်ကုန် - ပြည် အစရှိတဲ့ ၊ ခရီးစဉ်တွေကိုလည်း ပြေးဆွဲပေးလျက် ရှိပါတယ်။
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း(MA) ကမှာယူထားတဲ့ Air Bus A320-214XY-ALR လေယာဉ်သစ်တစ်စင်း ထပ်မံရောက်ရှိခဲ့တာကို ဧပြီ၇ ရက်မှာ မြင်တွေ့ရပါတယ်။ ခရီးသည်၁၇၀ဆုံ အဆိုပါလေယာဉ်သစ်နဲ့ ခရီးစဉ်တွေကို ဝန်ဆောင် မှု မကြာမီပေးအပ်နိုင်တော့မှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လမ်းညွှန် မှာကြား ချက်နဲ့အညီ သင်္ကြန်ကာလ ခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့စေဖို့ အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲ ပေးနိုင်ခဲ့တဲ့ အပြင် မြို့တွင်း YBS ယာဉ်လိုင်းပေါင်း ၄၃ လိုင်း ဖြင့် ယာဉ်စီးရေ ၆၂၇ စီး ပြေးဆွဲပေးခဲ့တာကို မြင်တွေ့ ရပါတယ်။
ရှမ်းပြည်နယ် ကျိုင်းတုံနဲ့ တာချီလိတ်ခရိုင် အတွင်း ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့ စီမံဆောင်ရွက်နေတာတွေ ကိုလည်း ဧပြီ ၉ ရက်က သိရှိရပါတယ်။ ရိုးရာယဉ်ကျေးမှုများ၊ ဘုရား ဖူးဒေသများနဲ့ သဘာဝအလှအပများကို ခံစား နိုင်တဲ့ ခရီးစဉ်တွေ ပေါ်ထွက်လာစေဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး အဓိကအားဖြင့် ကျိုင်းတုံ၊ လွယ်မွေနဲ့ ကျိုင်းလပ်မြို့များ၊ မိုင်းဖုန်းကျေးရွာ စတဲ့ဒေသတွေမှာ ခရီးသွားကဏ္ဍဖွံ့ဖြိုးစေဖို့ အစီအမံ တွေ ရေးဆွဲခဲ့တာကလည်း ပြည်တွင်းခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အတွက် သာဓကပြစရာ အစီအမံတွေပဲဖြစ်ပါတယ်။
ပြည်သူ့အတွက် သတင်းမှန်နှင့် ပြန်ကြားရေး
၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုများ ကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင် ကျင်းပခဲ့ပါတယ်။ ဧပြီ ၁ ရက်က ကျင်းပတဲ့ စာပေ ဗိမာန်စာမူဆုချီးမြှင့်ပွဲမှာ စာပေဘာသာရပ် အမျိုး အစား ၁၃ မျိုးအတွက် ဆုပေါင်း ၂၉ ဆုကို ပေးအပ် ခဲ့တာဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ မြန်မာစာပေလောက ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ဆောင် ချက်ကို စဉ်ဆက်မပြတ်ဆောင်ရွက် နေပြီး ပုံနှိပ်ထုတ်ဝေဖို့အခက်အခဲရှိတဲ့ ကလောင်ရှင် တွေအတွက် စာမူများတွေကို သီးခြားပြိုင်ပွဲဖိတ် ခေါ်ဆုချီးမြှင့်ခဲ့တာ ၁၉၆၉ ခုနှစ်ကတည်းက ယနေ့ အထိ ဖြစ်ပါတယ်။
ထို့အတူ ဧပြီ ၂ ရက်ကလည်း ၂၀၁၉ ခုနှစ် အတွက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူ စာပေဆု ပညာရည် ချွန်ဆုနဲ့ ပခုက္ကူ ဦးအုန်းဖေ စာကြည့်တိုက်စာအုပ်ဆုတွေကို ပေးအပ်နိုင်ခဲ့ပါ တယ်။ ၂၀၁၉ ခုနှစ် ပခုက္ကူဦးအုန်းဖေ တစ်သက်တာ စာပေဆုကို ဆရာမကြီး ဒေါ်ကြွယ်ကြွယ်က ရရှိခဲ့ တာဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့နဲ့ ၄/၂၀၂၁ သတင်းစာရှင်းလင်းပွဲကို ဧပြီ ၉ ရက်နေ့က ကျင်းပခဲ့တယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ စီးပွားရေး ကျန်းမာရေးနဲ့ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ ပညာရေးစတဲ့ ကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်အောင် တိုးမြှင့်ဆောင် ရွက်နိုင်အောင်၊ နိုင်ငံသားတိုင်းနဲ့ တိုင်းရင်းသား တိုင်း နိုင်ငံသားမှတ်ပုံတင်ရရှိအောင် ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေကို မီဒီယာတွေထံ ရှင်းလင်းပြောကြား ခဲ့တာ ဖြစ်ပါ တယ်။ ထို့အတူ နိုင်ငံတော်အကြီးအကဲ များက ဒေသဖွံ့ဖြိုးရေးနဲ့ လုံခြုံရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ဖို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်များ၊ တည်ငြိမ်အေးချမ်းရေးအတွက်ဆောင်ရွက်ချက်များ၊ ပြည်သူများအတွက် အန္တရာယ်ဖြစ် စေမယ့် မူးယစ် ဆေးဝါးရောင်းဝယ်မှုတိုက်ဖျက်ရေး ဆောင်ရွက်ချက် များ၊ စစ်နည်းဗျူဟာအဆင့်ဟင်းပြင် ရေအောက် စစ်ဆင် မှုနဲ့ ပစ်ခတ်မှုလေ့ကျင့်ခန်း အခြေအနေများ စတာတွေကို ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီးသတင်း ထုတ်ပြန်ရေးအဖွဲ့က ဗီဒီယိုကွန်ဖရင့်နဲ့ အပတ်စဉ် သတင်းစာ ရှင်းလင်း ပွဲကို ဧပြီ ၂၉ ရက်က ကျင်းပ ခဲ့ရာ ပြည်တွင်းသတင်းဌာနတွေ နေ့စဉ်ထုတ် သတင်းစာတွေနဲ့ ဂျာနယ်တွေ၊ ပြည်တွင်း ရုပ်မြင် သံကြား သတင်းဌာနတွေနဲ့ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနတွေက သတင်းထောက်တွေ တက်ရောက် သတင်းရယူခဲ့ကြပါတယ်။ အာဆီယံ နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးဆိုင်ရာ သတင်းအချက် အလက်များ၊ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ အရေးယူခံရတဲ့ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ သတင်းအချက် အလက် များ၊ နယ်စပ်လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ တပ်မတော် စခန်းတွေကို KNLA တပ်မဟာ(၅)က NCA သဘော တူညီချက်တွေကို ချိုးဖောက်ပြီး တိုက်ခိုက် ခဲ့မှုအခြေအနေ၊ မကွေးမြို့နဲ့ မိတ္ထီလာမြို့ တို့ မှာရှိတဲ့ နယ်မြေခံ စခန်း တွေကို စိစစ်ဆဲ (သောင်းကျန်းသူ)အဖွဲ့ က ၁၀၇ မမ ရှေ့တိုက်ဒုံး တွေနဲ့ နှောင့်ယှက်ပစ်ခတ်မှုအခြေအနေ၊ မင်းတပ် မြို့မှာ ဧပြီ ၂၄ ရက်က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကောလာဟလသတင်းမှားတွေကို အချို့ မီဒီယာများက ဖြန့်ချိသွေးထိုးတဲ့ အခြေ အနေတွေကို တာဝန်ရှိသူတွေက ပွင့်လင်း မြင်သာစွာ ရှင်းလင်းပြောကြားခဲ့ပါတယ်။
ပြည်သူများအတွက် ပြည်သူ့အစိုးရ
မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ဧပြီ ၁ ရက်မှာ ၅၅သန်းပြည့်မြောက်ခဲ့ပြီးဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်း နေထိုင်ကြတဲ့ မိမိတို့တိုင်း ပြည်မှာ ပြည်သူတွေအားလုံးရဲ့ ဘုံရည်မှန်းချက်က နိုင်ငံတော်တည်ငြိမ်အေးချမ်းဖို့နဲ့ တိုးတက် ဖွံ့ဖြိုးဖို့ ဖြစ်ပါတယ်။ သွားရမယ့်လမ်းကြောင်းနဲ့ ပန်းတိုင် ကို ဒီမိုကရေစီစနစ်အဖြစ် ရွေးချယ်သတ်မှတ် ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်း မချွတ်ချော် မတိမ်းယိမ်းရအောင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ က တည့်မတ်ပေးလျက်ရှိနေ တဲ့ လက်ရှိအချိန်အခါမှာ တစ်လက်စတည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ပြည်သူများ စားဝတ် နေရေး၊ အလုပ်အကိုင်ရရှိရေး ပညာသင်ကြားရေး၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူရေးနဲ့ လူနေမှု ဘဝမြင့် မားရေး တွေကိုလည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက အချိန်တိုအတွင်း လုပ်ဆောင်မှု အရှိန်အဟုန်အပြည့်နဲ့ ကြိုးပမ်းပေး နေတယ်ဆိုတာ ဧပြီလ တစ်လတာအတွင်း ဖြတ်သန်းဆောင်ရွက်ချက်တွေကပင် သက်သေ ထူလျက် ရှိနေပြီ ဆိုတာကို ပြည်သူကို အစီရင်ခံ တင်ပြလိုက်ရပါတယ်။ ။