Skip to main content

ခရီးသည်လိုက်ပါစီးနင်းမှု များပြားသော ရန်ကုန်-ပဲခူး RBE ရထား ယနေ့စတင်ပြေးဆွဲ

ရန်ကုန် မေ ၈

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ ခရီးသွား ပြည်သူများ အဆင်ပြေစေရန် ရည်ရွယ်၍ ယခင် နေ့စဉ် ခရီးသည် လိုက်ပါစီးနင်းမှု များသော ရန်ကုန်- ပဲခူး RBE ခရီးသည်တင် ရထားကို ယနေ့ နံနက်ပိုင်တွင် ပဲခူး ဘူတာကြီးမှ ရန်ကုန်သို့ စတင် ထွက်ခွာပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

“ဒီကနေ့ ပြန်လည်စတင်ပြေးဆွဲပေးတဲ့ ရန်ကုန်- ပဲခူး RBE ရထားဟာ အရင်ပြေးဆွဲကတည်းက နေ့စဉ် ခရီးသည် လိုက်ပါ စီးနင်းမှု များပါတယ်။ ပြန်လည်စတင်ပြေးဆွဲတဲ့ ဒီကနေ့မှာတောင် ခရီးသည် လိုက်ပါစီးနင်းမှု မနည်းပါဘူး။ ဒါတောင် ရုံးတွေ၊ အလုပ်တွေ ပိတ်ရက်ဖြစ်နေတာ။ ရုံးတွေအလုပ်တွေ ဖွင့်ရက်ဆိုရင် အများစုက ဒီရထားကို လိုက်ပါ စီးနင်း တာများတယ်။ ပြီးတော့ ရန်ကုန်နဲ့ ပဲခူး ကုန်သွယ်မှုပြုကြတဲ့သူတွေကလည်း အနည်းအပါး ကုန်တင်လို့ရတော့ ဒီရ ထားကို အားထားပြုကြတယ်။ ဒါကြောင့် အရင်ပုံမှန်လည်ပတ် တုန်းကဆိုရင် ဒီရထားရဲ့ ခရီးသည် လိုက်ပါ စီးနင် မှုက နံနက်ပိုင်းနဲ့ ညနေပိုင်းမှာ အတော်လေးကိုများပါတယ် “ ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ယနေ့စတင်ပြေးဆွဲပေးသော ရန်ကုန် - ပဲခူး RBE ရထားသည် ပဲခူးမှ နံနက် ၆ နာရီ ၁၅ မိနစ်တွင် ထွက်ခွာ၍ လမ်း တစ်လျှောက် ပြုလုပ်ကာ ရန်ကုန်ဘူတာကြီးသို့ နံနက် ၉ နာရီ မိနစ် ၂၀ တွင် ဆိုက်ရောက်မည်ဖြစ်သည်။ ယင်း RBE ရထားကို ညနေ ၃ နာရီ ၁၅ မိနစ်တွင် ရန်ကုန်ဘူတာကြီးမှ ပြန်လည် ထွက်ခွာမည်ဖြစ်ကာ ပဲခူးဘူတာကြီးသို့ညနေ ၆ နာရီ မိနစ် ၂၀ တွင် ဆိုက်ရောက် မည် ဖြစ်သည်။ ယခုပြန်လည် ပြေးဆွဲပေးသော ရန်ကုန်- ပဲခူး RBE ရထားမှာ ယခင်က တွဲဆိုင်း ငါးဆိုင်းဖြင့် နေ့စဉ်ပြေးဆွဲပေးခဲ့ပြီး မေ ၈ ရက်က ပြန်လည်ပြေးဆွဲပေးရာတွင် တွဲဆိုင်း နှစ်ဆိုင်း ဖြင့်သာ စတင်ပြေးဆွဲပေးခဲ့ ကာနောက်ပိုင်းတွင် ခရီးသည်လိုက်ပါစီးနင်းမှု ပေါ်မူတည်၍ တွဲဆိုင်းများကို တိုးချဲ့ တပ်ဆင် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သွားရလာရ သက်သောင့်သက်သာဖြစ် ဒီမနက်မှာပဲ RBE ရထား နဲ့ ပဲခူးက လိုက်လာ တာပါ။ ကျွန်မက ရန်ကုန် သိမ်ကြီး ဈေးကနေ စားသုံးကုန်တွေဝယ်ပြီး ပဲခူးမှာ ပြန်ရောင်း ချပါ တယ်။ ဒီရထားစီးတာက အိမ်နဲ့နီးတာက တစ်ကြောင်း၊ သွားရလာရ တာ သက်သောင့်သက်သာ ဖြစ်တာက တစ် ကြောင်း၊ ငွေကြေးကုန်ကျမှုကလည်း ကားခန့်ကတော့ အရင် ကတည်းက ဒီ RBE ရထားကိုပ်အထား လိုက်ပါ စီးနှင် ခဲ့ရတာပါ။ အခုလို ပြန်လည်ပြေးဆွဲပေးတော့ ကျွန်မ အတွက်ကတော့ ကုန်ဝယ်ရတာ ပိုအဆင် ပြေပါတယ်။ ဒီ ရန်ကုန်- ပဲခူး RBE ရထားက သာမန်ခရီးသွားအတွေ၊ရုံးဘက်/ရုံးဆင်းလူတွေ ကုန်အရောင်း အဝယ်ပြုတဲ့သူတွေ အားလုံး လိုက်ပါစီတဲ့သူ ရီးသည်စုံပါတယ်” ဟု ပဲခူးနှင့် ရန်ကုန် အခြေခံ စားသောက် ကုန်စည် ရောင်းဝယ် မှုပြု နေသော ပဲခူးမြို့တွင် နေထိုင်သည့် ဒေါ်စန္ဒာအေးက ပြောကြား သည်။

မြန်မာ့ မီးရထားမှ ယနေ့ ပြေးဆွဲပေးသော ရန်ကုန် -ပဲခူး ခရီးသည်တင် ရထားမှာ လမ်းတစ်လျှောက် ခရီးသည် တင်ချရပ်နားပြုလုပ်ပေးပြီး ရပ်နားသည့် ဘူတာစဉ်များမှာ ဘုရားသုံးဆူ၊တာ၊ ကျောက်တန်း၊ ထုံးကြီး၊ လေးထောင့် ကန် ရွာသာကြီး၊ တိုးကြောင် ကလေး၊ သင်္ဃန်းကျွန်း၊ ပုဇွန်တောင်နှင့် ခရီးစဉ်တစ်လျှောက် ဘူတာစဉ်များဖြစ် သည်။ ခရီးစဉ် စ/ဆုံး ငွေကျပ် ၅၀ဝ သာ ကောက်ခံ ဝန်ဆောင်မှုပေးလျက်ရှိပြီး ယင်း ရန်ကုန်- ပဲခူး ရထားမှာ ယခင် ( ကိုဗစ်-၁၉ ကပ်ရောဂါ ကာလမတိုင်မီ ပြေးဆွဲပေးရာတွင် နေ့စဉ် ခရီးသည်လိုက်ပါ စီးနင်းမှုများပြီး တွဲဆိုင်း ငါးဆိုင်းတွင် ခရီးသည်၃၀၀ဝန်းကျင်အထိ လိုက်ပါစီးနင်း ခဲ့ကြောင်း သိရသည်။

မောင်စိန်လွင်(မြန်မာ့အလင်း) ဓာတ်ပုံ- မင်းထက်