Skip to main content

KIA အဖွဲ့၏ ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် ဆက်သွယ်ရေး လမ်းကြောင်းအား ဖြတ်တောက်နိုင်ရေး ကြိုးပမ်း မှုကို တပ်မတော်က တားဆီးထိန်းချုပ်နိုင်ခဲ့

 

နေပြည်တော် မေ ၈

တပ်မတော်အနေဖြင့် နိုင်ငံတော်၏လုံခြုံရေး၊ တရား  ဥပဒေစိုးမိုးရေးလုပ်ငန်းများကို နိုင်ငံအဝန်းတွင် ဆောင်ရွက် လျက်ရှိပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလား တောင့်တလျက်ရှိသော ထာဝရငြိမ်းချမ်းရေး ရရှိရန် လက်ရှိ အကောင် အထည် ဖော်ဆောင်ရွက် လျက်ရှိသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လမ်းကြောင်းအား ဆက်လက်လျှောက်လှမ်းနိုင် ရန် လက်မှတ်ရေးထိုး ပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးကို ခိုင်မာအောင် ဆက်လက် ဆွေးနွေးခြင်း၊ လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင် အဖွဲ့များကို လက်မှတ်ရေးထိုး နိုင်သည်အထိ ဆက်လက် ဆွေးနွေးနိုင်ရေးတို့ကို အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။

 အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်

ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် မတ် ၂၄ ရက် တွင် KIA အဖွဲ့ ဦးဆောင်သည့် တပ်ပေါင်းစုများက ကချင်ပြည်နယ် မိုးမောက် မြို့နယ် ဒေါ့ဖုန်းယန်မြို့၏ အရှေ့တောင်ဘက် မီတာ ၁၀၀ ခန့်၊ မြန်မာတရုတ်နှစ်နိုင်ငံ နယ်စပ်မှ မီတာ ၃၀၀၀ခန့် အကွာရှိ အာလောဘွမ် တပ်မတော်လုံခြုံရေးစခန်းကို လက်နက်ကြီးများအသုံးပြု၍ အင်အားအလုံးအရင်း ဖြင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ သည်။

ဧပြီလ ၁၁ ရက်တွင်လည်း တပ်မတော်မှ နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် နွယ်လန်းရွာ၏ အရှေ့ မြောက် ဘက်မီတာ ၄၀၀၀ ခန့်အကွာရှိ ဗျူဟာလမ်းဆုံစခန်းကုန်းနှင့် မြို့ သစ်ရွာ ၏ အရှေ့မြောက်ဘက်မီတာ ၃၀၀၀ ခန့်အကွာရှိ မိုက်ခရိုဝေ့စခန်းကုန်းအား သာလွန်အင်အားများစွာ ဖြင့် အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက် မောင်းထုတ်ခဲ့ရသည်။ တစ်ချိန်တည်းတွင် မြို့သစ်ရွာ၏ တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိမြစ်ကြီးနား မြို့နှင့် ဗန်းမော်မြို့ကို ဆက်သွယ်ထားသော လမ်းကြောင်းပေါ်ရှိ တပိန်မြစ် ကူးကြိုးတံတားအား ဖောက်ခွဲဖျက်ဆီး၍ လမ်းပန်းဆက်သွယ်မှု ပြတ် တောက်စေရန် ကြိုးပမ်းလာခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖောက်ခွဲဖျက်ဆီးမှုများ မပြုလုပ် နိုင်ရေးတားဆီးခဲ့ရာ အပြန်အလှန်ပစ်ဆော်တိုက်ခိုက် မှုများ ဖြစ်ပွားခဲ့သည်။

အလားတူ KIA အဖွဲ့အနေဖြင့် ၁၇ ရက်နေ့မှ  စ၍ မေ ၇ ရက်နေ့အထိ မြို့ သစ်ရွာတစ်ဝိုက်ရှိ နယ်မြေခံ တပ်ရင်း ဌာနချုပ်များကို ၁၀၇ မ ရှော့တိုက်ဒုံးနှင့် လက်နက်ကြီးများ အသုံးပြု၍ နှောင့်ယှက်ပစ်ခတ်မှု ၂၉ကြိမ် တိုက်ခိုက် သိမ်းပိုက် ရန်ကြိုးပမ်းမှု ၆ကြိမ် ပြုလုပ်လာခဲ့သဖြင့်တိုက်ပွဲများ ဖြစ်ပွားခဲ့ရသည်။

ထို့နောက် KIA အဖွဲ့ဦးဆောင်သည့် တပ်ပေါင်းစု များသည် ပြီ ၂၃ ရက်တွင် မြို့သစ်မိုက်ခရိုဝေ့ စခန်းကုန်ကို ယခင်ထက်သာလွန်သည့် အင်အား များစွာဖြင့် လက်နက်ကြီးများ အသုံးပြု၍ ထပ်မံ လာရောက်တိုက်ခိုက်လာခဲ့သဖြင့် စခန်းကုန်းအား ယာယီစွန့်ခွာ၍ ပြန်လည်စုဖွဲ့ခဲ့ရသည်။

ဆုတ်ခွာထွက်ပြေးသွား

KIA အဖွဲ့ ဦးဆောင်သည့် တပ်ပေါင်းစု အနေဖြင့် မြစ်ကြီးနား-ဗန်းမော် ဆက်သွယ်ရေး  လမ်းကြောင်းကို ဖြတ်တောက် ထိန်းချုပ်နိုင်ရေး ခြိမ်းခြောက်မှုအဖြစ် တပ်မတော်မှ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် အာလောဘွမ်၊ ဗျူဟာ လမ်း ဆုံး မြို့သစ်မိုက်ခရိုဝေ့စခန်း တာပိန်မြစ်ကူး ကြိုးတံတားနှင့် မြို့သစ်အနီးတစ်ဝိုက်ရှိ တပ်ရင်း ဌာနချုပ်များကို ရည်ရွယ် ချက်ရှိရှိဖြင့် တပ်ပေါင်ဆု အင်အားများစုဖွဲ့၍ ၈၂ မမ ၅၇ မမ ၆၀ မမ နှင့် ၁၀၇ မ ရော့တိုက်ဒုံးများအပါအဝင် လက်နက်ကြီး များအများအပြားအသုံးပြုကာတိုက်ခိုက်လာခဲ့သော်လည်း တပ်မတော်သားများ၏ ရဲဝံ့စွာပြန်လည် တုံ့ပြန် တိုက်ခိုက်မှုကြောင့် ဗျူဟာလမ်းဆုံ၊ တာပိန် မြစ်ကူးတံတားနှင့် မြို့သစ်အနီးတစ်ဝိုက်ရှိ  တပ်ရင်းဌာန ချုပ်များ ကို သိမ်းပိုက်နိုင်ခြင်းမရှိဘဲ အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွား ခဲ့ရသည်။

တပ်မတော်အနေဖြင့် မြို့သစ်မိုက်ခရိုစခန်း ကုန်းကို ပြန်လည်သိမ်းပိုက်ရရှိနိုင်ရေးအတွက် ကျားကုတ်ကျားခဲဖြင့် သက်စွန့် ကြိုးပမ်းတိုက်ခိုက် ခဲ့ရာ အနီးကပ် လုံးထွေး တိုက်ခိုက်ရသည်အထိ ပြင်းထန်တိုက်ပွဲ ၂၄ ကြိမ် ဖြစ်ပွားခဲ့ပြီး မေ ၇ ရက် မွန်းလွဲပိုင်တွင် မြို့သစ်မိုက်ခရိုဝေ့ စခန်းကုန်းအား ပြန်လည်သိမ်းပိုက်ရရှိခဲ့ကာ သောင်းကျန်းသူများ အနေ ဖြင့် အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်ရှိ နှစ်နိုင်ငံ နယ်စပ်နယ်နိမိတ်ဘက်သို့ ကစဉ်ကလျ ဆုတ်ခွာ ထွက်ပြေး သွားခဲ့ သည်။

သိမ်းဆည်ရရှိခဲ့

 ဖြစ်စဉ်များတွင် တပ်မတော်မှ အရာရှိ စစ်သည် အချို့ တိုင်းပြည်အတွက် အသက်စွန့်လွှတ်ခဲ့ရပြီး အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။ မြို့သစ်မိုက်ခရို ဝှေးစခန်းကုန်းကို ပြန်လည်သိမ်းပိုက်တိုက်ခိုက် ရာတွင် စခန်းကုန်း ပတ်ဝန်းကျင်တစ်ပိုက် နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ဆဲလက်ရှိ အချိန်ထိ အခြားသတင်းများအပါအဝင် မြေပြင် စစ်ဆေးချက်များအရ KIA အဖွဲ့ ဦးဆောင်သည့် တပ်ပေါင်းစုများဘက်မှ တပ်မဟာမှူးအဆင့်ရှိသူ နှစ်ဦး အပါ အဝင် အကျအဆုံးများစွာ ရှိခဲ့ကြောင်း သိရှိရပြီး လောင်းအချို့နှင့် လက်နက်မျိုးစုံ၃၅ လက်အပါအဝင် ခဲယမ်း ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကာ အလောင်းများအား ကောင်းမွန်   စွာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရှိရသည်။ ဆက်လက် ၍လည်း နယ်စပ်တစ်လျှောက် လုံခြုံရေးအတွက်  စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ၂၈ ဒီဇင်ဘာလ ၂၁ ရက်မှ စတင်၍ နိုင်ငံတော် အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရား များကို နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထုတ်ပြန်ချက်များ ထုတ်ပြန်၍ ရပ်ဆိုင်းပေးထားလျက်ရှိပြီး ငြိမ်းချမ်း ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက် နိုင်ရေး လမ်းဖွင့်ပေးထားပြီးဖြစ်သည်။ သို့သော်လည်း KIA အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် သို့ ရောက်ရှိ လာခြင်းမရှိသည့်အပြင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ပျက်စီးစေခြင်း၊ တရား  ဥပဒေစိုးမိုးရေးနှင့် နယ်မြေ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေခြင်း၊ အများပြည်သူသွားလာ အသုံးပြု လျက်ရှိသည့် ဆက်သွယ်ရေး လမ်းကြောင်းနှင့်တံတား များကို မိုင်းထောင်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ် ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန် ဆောင်ရွက်လာခဲ့သည်ကို တွေ့ရှိရသည်။

သို့ဖြစ်၍ တပ်မတော်အနေဖြင့် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ တည်ငြိမ်အေးချမ်းရေး အတွက် လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်