Apr 11, 2021
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် ဟိုတယ်နှင့်ခရီသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၉ ရက် နံနက်ပိုင်းတွင် ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းသို့ ရောက်ရှိပြီး သီလဓမ္မကုန်းသာတောရ ကျောင်း ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကောဝိဒ(ဝစီပိတ် ဆရာတော်)အား ဖူးမြော်ကြည်ညိုကာ အာရုဏ်ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
Apr 11, 2021
စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင်သည် ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း) စက်ရုံအစည်းအဝေးခန်းမ၌ ဆေးဝါးစက်ရုံ(အင်ရောင်း)နှင့် အိမ်သုံးပစ္စည်း စက်ရုံ(မင်းစု)တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
Apr 11, 2021
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
Apr 11, 2021
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် နေရာအနှံ့ အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ ကယားပြည်နယ်တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်အောက် (၂)ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှ အပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် (၄၄)ဒီဂရီစင်တီဂရိတ်၊ ဂန့်ဂေါမြို့တွင် (၄၃)ဒီဂရီစင်တီဂရိတ်နှင့် စစ်ကိုင်းမြို့၊ မန္တလေးမြို့၊ မြင်းခြံမြို့၊ ညောင်ဦးမြို့၊ တံတားဦး(လေကြောင်းမိုးလေဝသ)၊ မကွေးမြို့နှင့် ဆင်ဖြူကျွန်းမြို့တို့တွင် (၄၂)ဒီဂရီစင်တီ ဂရိတ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ တမူးတွင် (၀.၈၃)လက်မ၊ မဒေါက်မြို့တွင် (၀.၇၁)လက်မ၊ သီပေါမြို့နှင့် နောင်ချိုမြို့တို့တွင် (၀.၅၀)လက်မစီ၊ လွိုင်လင် မြို့တွင် (၀.၃၅)လက်မ၊ ဖြူးမြို့တွင် (၀.၃၂)လက်မနှင့် ကျောက်မဲမြို့နှင့် မိုးကုတ်မြို့တို့တွင် (၀.၂၇)လက်မစီတို့ ဖြစ်ကြပါသည်။
Apr 11, 2021
နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန်လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအားဖြန့်ဝေခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှုဖြစ်ပေါ်စေရန်နှင့် အများပြည်သူအထိတ်တလန့်ဖြစ်စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခြင်း၊ Social Pumishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိသည့် အောက်ဖော်ပြပါ အနုပညာရှင်အချို့နှင့် အခြားပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
Apr 11, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီးများနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရမည်းသင်းမြို့ရှိ နယ်မြေခံလေ့ကျင့်ရေး ကျောင်းမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသားစစ်သည်များအား သီးခြားစီ တွေ့ဆုံ အမှာစကားပြောကြားသည်။
Apr 11, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေး ဦးစီး ချုပ်ရုံး(ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီးများနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဗထူးတပ် နယ်အတွင်းရှိ စိုက်ပျိုး၊မွေးမြူရေး ဆောင်ရွက် ထားရှိမှု အခြေအနေများအားလိုက်လံ ကြည့်ရှုစစ်ဆေးသည်။
Apr 11, 2021
တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ခုနှစ်အရ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်ပြီး တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း၊ တပ်မတော် သားများသည် ပြည်သူများ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နိုင်ငံတော်ကို ကာကွယ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ လွတ်လပ်ရေး ရခဲ့သည်မှ ယနေ့အချိန်အထိ တပ်မတော်က နိုင်ငံတော်ကို လွတ်လပ်ရေးရရှိ အောင်နှင့် တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ခဲ့ရသဖြင့် နိုင်ငံတော်၏သမိုင်းနှင့် တပ်မတော်၏သမိုင်းကိုခွဲခြား၍မရကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ် ထားသော အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍသည် နိုင်ငံတော်ကပေးအပ် ထားသော နိုင်ငံရေးအမွေပင်ဖြစ်ကြောင်း၊ ပထမအကြိမ် လွှတ်တော်သက် တမ်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ သဘောတူညီချက်ဖြင့် နိုင်ငံတော်သမ္မတမှ နိုင်ငံတော်ပြန်တမ်းဖြင့်ခန့်အပ်ခဲ့ခြင်းဖြစ် ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ နံနက်ပိုင်းတွင် ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစစဉ် ထည့်သွင်း ပြောကြားသည်။