Skip to main content

Apr 11, 2021

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန်လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအားဖြန့်ဝေခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှုဖြစ်ပေါ်စေရန်နှင့် အများပြည်သူအထိတ်တလန့်ဖြစ်စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိသည့် အောက်ဖော်ပြပါ အနုပညာရှင်အချို့နှင့် အခြားပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးရှိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း စုပေါင်းခန်းမတွင် ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် ၁၀၃ မှ သင်တန်းဆင်းဒုရဲအုပ် အရာရှိများအား တွေ့ဆုံကာ နိုင်ငံတော်၏ လက်ရှိအခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လက်ရှိ‌ဆောင်ရွက်နေမှုများ၊ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ၊ နိုင်ငံတော် လုံခြုံရေး ဆောင်ရွက်နေမှုများ၊ တာဝန်ထမ်းဆောင်စဉ် ဆောင်ရန်ရှောင်ရန်များကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2021

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၁ ရက်

ဆက်လက်ဖတ်ရှုရန်

Apr 11, 2021

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ သည် ဧပြီ ၁၀ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင်နောင်ချိုမြို့နယ်၊ အိုရီယမ်တယ် တိုးဂိတ်အနီး၊ မူဆယ်-မန္တလေးသွား ကားလမ်းတွင်မစန္ဒာဝင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ကိုလည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2021

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2021

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီး မင်းသန်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညို၊ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၈ ရက်တွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွား ရောက်စစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2021

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အဆင့်မြင့်ပညာ၊ အခြေခံပညာ၊ နည်းပညာနှင့်သက်မွေးပညာကဏ္ဍမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2021

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် ဟိုတယ်နှင့်ခရီသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၉ ရက် နံနက်ပိုင်းတွင် ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းသို့ ရောက်ရှိပြီး သီလဓမ္မကုန်းသာတောရ ကျောင်း ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကောဝိဒ(ဝစီပိတ် ဆရာတော်)အား ဖူးမြော်ကြည်ညိုကာ အာရုဏ်ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2021

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင်သည် ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း) စက်ရုံအစည်းအဝေးခန်းမ၌ ဆေးဝါးစက်ရုံ(အင်ရောင်း)နှင့် အိမ်သုံးပစ္စည်း စက်ရုံ(မင်းစု)တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်