Skip to main content

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ပိုက်ကျော် ခြင်းလုံး အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

နေပြည်တော် ဇွန် ၂၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ ညနေပိုင်းက နေပြည်တော် ပျဉ်းမနားရှိ ပေါင်းလောင်းအားကစားရုံ၌ ကျင်းပသည်။

 အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ဦးစီးဌာနများမှ အရာထမ်းအမှုထမ်းများနှင့် နိုင်ငံဝန်ထမ်း အားကစားသမားများ တက်ရောက်ကြသည်။

 ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပထမဆုရ သမဝါယမဦးစီးဌာန အသင်းအား ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက တံခွန်စိုက်ဆုဖလားကိုလည်းကောင်း၊ တစ်ဦးချင်း အသင်းသားများကို ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီးကလည်းကောင်း၊ ဒုတိယဆုရ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ တတိယဆုရ စက်မှုလယ်ယာဦးစီးဌာနနှင့် နှစ်သိမ့်ဆုရ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနကို အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများကလည်းကောင်း  ဆုများအသီးသီး ချီးမြှင့် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)