Jun 25, 2021
မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၁)နာရီခွဲတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 25, 2021
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန (NSPC)၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနဝန်းအတွင်း၌ ကျင်းပသည်။
Jun 25, 2021
တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲနှင့် ဝန်ဆောင်မှုရေးရာကော်မတီအစည်းအဝေး (၉/၂၀၂၁)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်း မ၌ ကျင်းပသည်။
Jun 25, 2021
(၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့ ညနေ (၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။
Jun 25, 2021
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် သမဝါယမ အသင်းစု၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ဇွန် ၁၇ ရက်က မြို့နယ်သမဝါယမအသင်းစု အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
Jun 25, 2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ လက်နက်လုယူရန် ကြိုးစားခဲ့သူ အကြမ်းသမား ၁ ဦးအား ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
Jun 25, 2021
၂၀၂၁-၂ဝ၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာ အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများ ဇွန် ၁ ရက်မှစ၍ မြန်မာနိုင်ငံ တစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်
Jun 25, 2021
သုတဝေဖြာသီရိဂေဟာ မိသားစု ပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၂၀)ကို ဇွန် ၂၅ ရက်ညနေတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဆက်လက် ထုတ်လွှင့်မည်ဖြစ်သည်။ ။
Jun 25, 2021
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှအဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင် တို့သည် ဇွန် ၁၆ ရက်တွင် သာယာဝတီ ဗဟိုအကျဉ်းထောင်ကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးကျော်စိုး၊ ဦးတင်အောင်နှင့် ဦးကျော်မြင့်တို့သည် ဇွန် ၂၄ ရက်တွင် ဒိုက်ဦးဗဟိုအကျဉ်းထောင် ကို လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
Jun 25, 2021
နိုင်ငံတကာရေကြောင်းဆိုင်ရာ ကာကွယ်ရေးပြပွဲ (International Maritime Defence Show (IMDS-2021))ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ Saint Petersburg မြို့၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာသည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သည့် မြန်မာ့တပ်မတော်(ရေ)ကိုယ်စား လှယ်အဖွဲ့ ပါဝင် တက်ရောက် ကြသည်။