Jun 25, 2021
ဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်/ထောက်ခံအားပေး သူ များအနေဖြင့် အချို့မြို့ကြီးများ၌ အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ ဖောက်ခွဲရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်လာသည်ကို တွေ့ရှိရသောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ်ဖမ်းဆီး နိုင်ရေးလိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။
Jun 25, 2021
(၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Jun 25, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်မှူးကောင်းထက်စံ က MRTV မှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း လာမှုများကို အောက်ပါအတိုင်း ရှင်းလင်း ဖြေကြားခဲ့ပါသည်-
Jun 25, 2021
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်းအတွင်းရှိ ဘောလုံးအားကစားကွင်းအနီး မြေကွက်လပ်၌ ကျင်းပသည်။
Jun 25, 2021
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhuge- tovich Shoigu က မော်စကိုမြို့ရှိ RADISSON Hotel ၌ တည်ခင်းဧည့်ခံသည့် (၉)ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေး ဆိုင်ရာညီလာခံ (Moscow Conference on International Security-2021(MCIS-2021)) အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲသို့ ယမန်နေ့ ညပိုင်းတွင် ညီလာခံသို့တက်ရောက်ခဲ့ကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အတူ တက်ရောက်သည်။
Jun 25, 2021
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ ဒေသ စံတော်ချိန် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ RIA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushkina Tatiana အား ခေတ္တတည်းခိုလျက်ရှိသည့် Metropol Hotel ၌ လက်ခံတွေ့ဆုံ၍ သိရှိလိုသည်များကို ဖြေကြားသည်။
Jun 25, 2021
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ဇွန် ၂၃ ရက် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မြန်မာသံရုံးနှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံး မိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအား မော်စကိုမြို့ရှိ Turandot စားသောက်ဆိုင်တွင် တွေ့ဆုံ အမှာစကား ပြောကြားသည်။
Jun 25, 2021
(၉)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (Moscow Conference on International Security-2021(MCIS-2021))သို့ ပါဝင်တက်ရောက်ခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်မှ “ဂုဏ်ထူး ဆောင်ပါမောက္ခ”ဘွဲ့ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ဇွန် ၂၃ ရက် ညနေပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပပြုလုပ်သည်။
Jun 25, 2021
“အာရှ-ပစိဖိတ်ဒေသဟာ ပထဝီနိုင်ငံရေးအနေအထားအရ ကမ္ဘာပေါ်တွင် လွန်စွာအရေးပါသော ဒေသတစ်ခုဖြစ်ကြောင်း၊ အာရှ-ပစိဖိတ် ဒေသဟာ ကမ္ဘာ့စီးပွားရေး ဈေးကွက်၏ သုံးပုံတစ်ပုံ ခန့်ကိုလည်း ပိုင်ဆိုင်ထားပြီး အရေးပါတဲ့ အဓိကပင်လယ် ရေလမ်းကြောင်းများတည်ရှိရာ ဒေသတစ်ခုလည်း ဖြစ်ကြောင်း” ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပသည့် (၉)ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေးညီလာခံ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဆွေးနွေးရာ၌ ပြောကြား ခဲ့သည်။
Jun 25, 2021
မြန်မာနိုင်ငံတွင် သစ်တောများပြုန်းတီးရခြင်း၏ အဓိက အကြောင်းရင်းများတွင် သစ်များ အလွန်အကျွံထုတ်ယူခြင်း၊ တရားမဝင်သစ်ခိုးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင် လာခြင်း၊ မြို့သစ်များတိုးချဲ့ တည်ဆောက်လာခြင်း၊ ထင်း၊ မီးသွေးလောင်စာ လိုအပ်ချက် မြင့်မားလာခြင်း စသည်တို့ပါဝင်သည်။ မြန်မာနိုင်ငံ သစ်တောများ နှစ်စဉ်ပျက်စီးဆုံးရှုံးမှုမှာ ၁ ဒသမ ၇ ရာခိုင်နှုန်းရှိရာ သစ်တောများ ပြုန်းတီးခြင်း၏ အကျိုးဆက်အဖြစ် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကို ရင်ဆိုင် ကြုံတွေ့နေရသည်။