Skip to main content

Jun 26, 2021

အစိုးရ၏ အုပ်ချုပ်ရေးယန္တရားကို ပျက်ပြားစေရန် ရည်ရွယ်သည့် အကြမ်းဖက်အဖျက်လုပ်ရပ်များ အချို့သော မြို့ကြီးများ၌ ခပ်စိုက် စိတ် ဖြစ်ပွားလာလျက်ရှိနေရာ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်လျက် ရှိသလို အကြမ်းဖက်အုပ်စုများနှင့် ရင်ဆိုင်ပစ်ခတ် ရမှုများ၊ ထုနှင့်ထည်နှင့် ဖမ်းဆီးရမိမှုများ ရှိလာသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

နိုင်ငံတကာရေကြောင်းဆိုင်ရာကာကွယ်ရေးပြပွဲ (International Maritime Defence Show (IMDS-2021))ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Saint Petersburg မြို့၌ ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သည့် မြန်မာ့တပ်မတော်(ရေ) ကိုယ်စားလှယ်အဖွဲ့သည် ဒုတိယနေ့ ပြခန်းများတွင် ခင်းကျင်းပြသထားသည့် ကာကွယ်ရေးပစ္စည်းများအား လှည့်လည် ကြည့်ရှု လေ့လာကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ရန်ကုန်တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများကို တွေ့ဆုံ အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် Republic of the Tatastan၊ Kazan မြို့တော်ရှိ JSC “Zelenodolsk Plant named after A.M.Gorky” ရေယာဉ်တည်ဆောက်ရေးအလုပ်ရုံ တို့သို့ သွား ရောက် ကြည့်ရှု လေ့လာသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် Republic of the Tatarstan၊ Kazan မြို့တော်ရှိ ဆေးကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထုတ်လုပ်သည့် “Eidos Medicine” နှင့် “Endome-dium” ကုမ္ပဏီမှ ထုတ်လုပ်သည့် ခွဲစိတ်ခန်းသုံးစက်ကိရိယာများ အား သွားရောက် လေ့လာကြည့်ရှုကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇွန် ၂၄ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကို မြို့ Sheremetyevo အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် Republic of the Tatarstan သို့ ထွက်ခွာရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးရာဌာန၊ ဒုတိယဌာနကြီးမှူး Major General Alexander Lopilin၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံမှူးကြီး ဦးဇော်လင်းဦးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2021

(၂၄-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၅-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၅,၈၅၄)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၈၅၉) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၇၀၁,၄၀၀) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၅၁,၅၇၃) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2021

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုး ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၊ ရုံးပတ်ဝန်းကျင်၌ ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် ခုံရုံးအဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြ သည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2021

 ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေး ကွင်းများ၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2021

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး သည် ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်