Dec 10, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera နှင့် ICRC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အသစ်အဖြစ် ခန့်အပ်ခြင်းခံရသည့် Mr. Arnaud de Baecque တို့ကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
Dec 10, 2024
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၂၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါတက္ကသိုလ်ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။
Dec 10, 2024
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ်အသင်းက စာပေဗိမာန်စာမူဆု၊ စာပဒေသာ ဒုတိယဆုရ “အောင်ဘ(အုတ်ဖို)” ရေးသားသည့် “လူဆိုးပြေးတော့ လူကောင်းရောက်ပြီ” စာအုပ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ အသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်း ဝင်များထံသို့ ဖြန့်ချိလျက်ရှိသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ စာတိုက်မှတစ်ဆင့် ပေးပို့လျက်ရှိသည်။
Dec 10, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Dec 10, 2024
ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝါးဖြူချောင်းကျေးရွာနှင့် ချောင်းစောက်ကျေးရွာတို့ကို ဒီဇင်ဘာ ၈ ရက်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Dec 10, 2024
၁။ လူသားအားလုံးအတွက် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို ထည့်သွင်းဖော်ပြထားသော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ကုလသမဂ္ဂက ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ထိုနေ့ကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်မှာ ယနေ့တွင် (၇၆) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
Dec 10, 2024
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယမန်နေ့ညနေပိုင်းက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတက်ရောက်မည့် ပေကျင်းမြို့အခြေစိုက် အာဆီယံ-တရုတ်စင်တာ (ASEAN China Centre - ACC) ၏ အတွင်းရေးမှူးချုပ် Mr. Shi Zhongjun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ လက်ခံတွေ့ဆုံသည်။
Dec 10, 2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းရန်အောင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်းနှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
Dec 10, 2024
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ကနောင်ခန်းမ၌ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံ၍ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်စေရေး ရှင်းလင်းမှာကြားသည်။
Dec 10, 2024
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကြီးကို ယနေ့ကျင်းပခဲ့ပြီး ပွဲစဉ်အသီးသီး အားကစားယှဉ်ပြိုင်မှုများကိုလည်း ပြုလုပ်နေကြပြီဖြစ်ပါသည်။ ယင်းတို့အနက်မှ အားကစားအဖွဲ့ အုပ်ချုပ်သူများ၊ အခမ်းအနားတွင် အားဖြည့်ပါဝင်ကြသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများအား မြန်မာ့အလင်းသတင်းအဖွဲ့မှ တွေ့ဆုံမေးမြန်းဖြစ်သမျှ ကောက်နုတ်ဖော်ပြအပ်ပါသည်။
Dec 10, 2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Kalmykia ပြည်နယ်အကြီးအကဲ Mr. Batu Sergeyevich Khassikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
Dec 10, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား မြင်ကွင်း
Dec 10, 2024
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ် မှ “အစွန်းရောက်အကြမ်းဖက်တွေရဲ့ တော်လှန်ရေးခေါင်းစဉ်အောက်မှာ အသက်၊ ငွေကြေး၊ ဘဝတွေ ရင်းနှီးနေရသောပြည်သူများ” ခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
Dec 10, 2024
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၁-၁၂-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၈-၁၂-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၅၁၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၀၂) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိပါ။
Dec 10, 2024
အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Dec 10, 2024
၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။
Dec 10, 2024
လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံတော်နှင့် နိုင်ငံသားပြည်သူများ အကျိုးစီးပွားကို ဖော်ဆောင်ရန်အတွက် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်ဟူသည့် မဏ္ဍိုင်ကြီး (၃) ရပ်ရှိသည်။ အဆိုပါမဏ္ဍိုင်ကြီး (၃)ရပ်သည် ပြည်သူလူထုအကျိုးစီးပွားကို တည့်တည့်မတ်မတ် ရှေးရှုဆောင်ရွက်ပေးရသည်။ ယင်းမဏ္ဍိုင်ကြီး (၃) ရပ် တည့်မတ်မှန်ကန်နေစေရန်အတွက် စတုတ္ထမဏ္ဍိုင်ဟုခေါ်ဆိုသည့် မီဒီယာမဏ္ဍိုင်က စောင့်ကြပ်ကြည့်ရှုပေးရသည်။
Dec 10, 2024
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတို့၌ ကျယ်ကျယ်ပြန့်ပြန့် အမြစ်တွယ်နေသည့် ပြဿနာမှာ အဂတိလိုက်စားမှုပင်ဖြစ်သည်။ အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူ နိုင်ငံသားတို့၏ ကိုယ်စိတ်နှစ်ပါးချမ်းသာရေးတို့ကို အဓိကနှောင့်ယှက်ဟန့်တားနေသည့် ဘေးအန္တရာယ်တစ်ခုဖြစ်သည်ဆိုသည့်တိုင် လူ့အဖွဲ့အစည်းအတွင်း နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် အဂတိလိုက်စားမှုတို့ လုံးဝကင်းစင်အောင် အမြစ်ဖြတ်သုတ်သင်ရှင်းလင်းရန်နှင့် အချိန်ကာလတစ်ရပ်အတွင်း ဖယ်ရှားနိုင်ရန်မှာ လွန်စွာခဲယဉ်းမည်ဖြစ်ပြီး အောင်မြင်မှုရရှိရန်လည်း မျှော်လင့်နိုင်မည်မဟုတ်ဟုပင် ဆိုရမည်ဖြစ်သည်။
Dec 09, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးကို နေပြည်တော်ရှိ သက်ဆိုင်ရာ အားကစားကွင်းများနှင့် အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ဆင်နွှဲကြမည့် မြန်မာ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားဟောင်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ရှိ အားကစားအဖွဲ့များမှ တာဝန်ရှိသူများနှင့် အားကစားသမားများအား သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
Dec 09, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
