Skip to main content

Dec 12, 2024

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး ဦးဆောင်သော မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် လာရောက်လေ့လာကြရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2024

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာလ်မီးကီယာပြည်နယ်အကြီးအကဲ H.E. Mr. Batu KHASIKOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ မန္တလေးမြို့သို့ လေကြောင်းခရီးဖြင့်ရောက်ရှိရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများကို ယနေ့တွင် နေပြည်တော်ရှိ သက်ဆိုင်ရာအားကစားကွင်းနှင့် အားကစားရုံများ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများချီးမြှင့်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2024

​​​​​​​မြတ်နိုးဖွယ်ရာ၊ တန်ဖိုးထားဖွယ်ရာ၊ ဂုဏ်ယူဖွယ်ရာကောင်းသည့် မြန်မာနိုင်ငံ၏အခြေအနေကို နိုင်ငံလွတ်လပ်ရေးနှင့်အတူ အတည်ပြုသတ်မှတ်ထားသည့် ယနေ့ထက်တိုင် အဓိဋ္ဌာန်ပြုလျက်ရှိသော နိုင်ငံတော်သီချင်းတွင် အထင်အရှားတွေ့မြင်နိုင်ပါသည်။ မြန်မာနိုင်ငံသည် မည်သည့်ဝါဒဘက်ကိုမျှ ယိမ်းယိုင်ခြင်းမရှိဘဲ မြန်မာတို့၏မြတ်နိုးဖွယ်ရာ လူမှုဘဝထုံးတမ်းစဉ်လာများနှင့်အညီ အေးချမ်းတည်ငြိမ်စွာ၊ လွတ်လပ်ပွင့်လင်းစွာ အစဉ်ရှင်သန်ဖြစ်ထွန်းလာခဲ့သော နိုင်ငံဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2024

​​​​​​​အဖိုးတန်သတ္တုဖြစ်သည့်ရွှေသည် ကမ္ဘာ့နိုင်ငံများစွာတို့တွင် သုံးစွဲနေကြသည့် ငွေကြေးများ၏ ကျောထောက်နောက်ခံဖြစ်ပြီး လုံခြုံမှုရှိ၍ ယုံကြည်စိတ်ချရသော ပိုင်ဆိုင်မှုလည်းဖြစ်သည်။ အကြောင်းတရားအမျိုးမျိုးကြောင့် ရွှေဈေးနှုန်းအတက်အကျ ဖြစ်ပေါ်သည့်တိုင်အောင် ကာလရှည်တွင်မူ ရွှေဈေးနှုန်းသည် ဖြည်းဖြည်းမှန်မှန် တိုးတက်မြဲပင်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများသည် အပြန်အလှန်ဆက်စပ်နေသကဲ့သို့ ကမ္ဘာ့ရွှေဈေးကွက်အပေါ်တွင်လည်း လွှမ်းမိုးမှုရှိသည်။ နိုင်ငံရေး၊ စီးပွားရေးအကျပ်အတည်းကာလများတွင် ရွှေသည်ဆုံးရှုံးမှုကို ကာကွယ်နိုင်ပြီး ခိုင်မာသောပိုင်ဆိုင်မှုအဖြစ်လည်း ရှုမြင်ထားကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2024

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် သိန်းထိုက်အောင်မောင်းနှင်သည့် ISUZU ၁၂ ဘီး မော်တော်ယာဉ်နှင့် ကျော်ဝင်းမောင်းနှင်သည့် FUSO ၁၂ ဘီး မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်တွင် နွားချေးမြေဩဇာများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၂ တန်ခန့် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ကဖင်းများတရားမဝင် သယ်ဆောင်ရောင်းဝယ်ရာတွင် ပါဝင်သူ နေအောင်အား ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်၊

ဆက်လက်ဖတ်ရှုရန်

Dec 11, 2024

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ချွန်ကျုံးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးများအပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Dec 11, 2024

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ စက်မှုစီမံကိန်းခန်းမ၌ အလုပ်ရှင်၊ မန်နေဂျာနှင့် အထည်ချုပ်လုပ်သားများအား တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2024

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးမှာ မြန်မာ့သိုင်းပြိုင်ပွဲကို ပါဝင်ကျင်းပပေးတာဟာ မြန်မာ့ရိုးရာသိုင်းပညာ ပိုမိုအဆင့်မြင့်မားလာပြီး အရှေ့တောင်အာရှအထိ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ပထမခြေလှမ်းတစ်လှမ်းဖြစ်ပါတယ်။ ကလေးတွေလည်း ပြိုင်ပွဲဝင်ရတဲ့အတွက် အားကစားစိတ်ဓာတ်တွေ တက်ကြွလာမယ်။ အားကစားအဆင့်အတန်းလည်း ပိုမိုမြင့်မားလာမယ်။ မြန်မာ့သိုင်းပညာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်အဆင့်ပြိုင်ပွဲတွေ မကျင်းပနိုင်ရင်တောင် တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့်ပြိုင်ပွဲတွေ မကြာမကြာကျင်းပပေးဖို့လိုပါတယ်။ အခုလိုမြန်မာ့သိုင်း(အပြ)ပြိုင်ပွဲတွေတင်မဟုတ်ဘဲ အတိုက်ပြိုင်ပွဲတွေလည်း ကျင်းပပေးစေချင်ပါတယ်။ အဲဒီလိုကျင်းပပေးရင် နိုင်ငံတကာအထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ အခုပြိုင်ပွဲမှာတော့ သိုင်းပညာရှင်စွမ်းရည်ပြ ပြိုင်ပွဲမှာ လက်သိုင်း၊ ဓားတစ်လက်၊ ဓားနှစ်လက်၊ တုတ်ရှည်လှံရှည်၊ ၁+၂ ကျားမ အတွဲလိုက်၊ ၁+၃ ကျားမ၊ တစ်ကိုယ်တော်အပြပြိုင်ပွဲတွေလည်းပါဝင်ပါတယ်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှာ မြန်မာ့သိုင်းကို ထည့်သွင်းကျင်းပပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲတွေ၊ အားကစားဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့ကို ကျေးဇူးတင်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2024

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာနှင့် အိုင်စောက်ကျေးရွာအကြား ရာဂီမုန်တိုင်းအရှိန်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရေဆင်းဆည်ရေသောက်စနစ် လက်ယာ (၂ )မြောင်းမကြီး ပေတိုင်- ပေ ၂၉၅၀၀ မှ ၃၅၉၉၀ အတွင်း ရေပေးမြောင်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ (ASCC) ရုံးအဖွဲ့နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက်သည့် အာဆီယံစီမံကိန်း ရေးဆွဲရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (ASEAN Project Development Training for Myanmar) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မင်္ဂလာသီရိဟိုတယ်၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2024

၂၀၂၄ ခုနှစ် တောင်အာရှနှင့် အရှေ့တောင်အာရှ မီဒီယာနှစ်ပတ်လည် အစည်းအဝေးကျင်းပသည့် တောင်အာရှနှင့် အရှေ့တောင်အာရှ မီဒီယာမဟာမိတ်အဖွဲ့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတကာပြန်ကြားရေးစင်တာနှင့် တရုတ်နေ့စဉ်သတင်းစာတိုက် အာရှပစိဖိတ်ရုံးခွဲတို့က အတူတကွအဆိုပြုတည်ထောင်ခဲ့သည်။ အဆိုပါမီဒီယာမဟာမိတ်အဖွဲ့က ဒေသတွင်းမီဒီယာမှအတည်ပြုပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းအပြင် သက်ဆိုင်ရာနိုင်ငံများနှင့်ချိတ်ဆက်၍ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ဆောင်ရွက်သည့် ပထမဆုံးမီဒီယာပူးပေါင်းဆောင်ရွက်မှု မဟာမိတ်အဖွဲ့လည်းဖြစ်သည်။ 

ဆက်လက်ဖတ်ရှုရန်

Dec 11, 2024

မြန်မာပြည်သူအားလုံး မြတ်နိုးတန်ဖိုးထားရသည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ထည့်သွင်းဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပြီး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းဆောင်ရွက်နိုင်ခြင်းသည် မြန်မာပြည်သူများအတွက် တန်ဖိုးထားဂုဏ်ယူရသည့် သမိုင်းဝင်အောင်မြင်မှုလည်းဖြစ်သည်။ ထိုသို့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်ပါဝင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ စိမ်းလန်းစိုပြည်ဥယျာဉ်၌ကျင်းပခဲ့ပြီး ပါဝင်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ၏ စကားသံများကို ဖော်ပြအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မအူပင်မြို့နယ်အတွင်း၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှစ်စီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2024

မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အား ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ပါဝင်ခွင့်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးကို နေပြည်တော်ရှိ သက်ဆိုင်ရာအားကစားကွင်းများနှင့် အားကစားရုံများ၌ကျင်းပလျက်ရှိရာ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ရှိ အားကစားအဖွဲ့များမှ တာဝန်ရှိသူများနှင့် အားကစားသမားများအား သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2024

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera နှင့် မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အသစ် Mr. Arnaud de Baecque တို့ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်