ရန်ကုန် ဇူလိုင် ၂၇
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီခွဲတွင် မအူကုန်း ဘော်လီဘော အားကစားခန်းမ၌ သက်ဆိုင်ရာကော်မတီဝင်၊ ဌာနမှူးများ၊ စင်တာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကုသရေး လုပ်ငန်းများ ရှင်းလင်းတင်ပြမှုအပေါ် မြို့တော်ဝန်က လိုအပ်သည်များ မှာကြားသည်။
ထို့နောက် အလှူရှင်ဦးအောင်စေသော် နှင့်အဖွဲ့က မအူကုန်း ကိုဗစ်ကုသရေး စင်တာအတွက် ကြက်ဥအလုံး ၁၅၀၀ နှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များတွင် နေ့ ၊ ည မပြတ် လုပ်ကိုင်ပေးကြသော မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများကို ကြက်ဥအလုံး ၁၅၀၀ စုစုပေါင်း ကြက်ဥအလုံး ၃၀၀၀ တန်ဖိုးငွေကျပ် ၃၆၀၀၀၀/-ဖိုးလှူးဒါန်းရာ မြို့တော်ဝန်နှင့် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ဌာနမှူးတို့က လက်ခံရယူ၍ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။
ဆက်လက်၍ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ကြည့်မြင်တိုင်မြို့နယ် မြို့တော်သတင်းစာတိုက်နှင့် ပုံနှိပ်တိုက်သို့ သွားရောက်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် အသိပညာပေးဗီနိုင်းများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို အားပေးစကားပြောကြားသည်။
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့နယ်၊ ပြည်သူ့ဥယျာဥ်အတွင်း Rapid Diagnostic Test (RDT) Kit ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်း၊ မိသားစုများ ကိုဗစ်-၁၉ ရှိ၊ မရှိ စစ်ဆေးပေးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)