နေပြည်တော် ဇူလိုင် ၂၆
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီး မှ ရုံးပိတ်ရက်ရှည်ကာလအတွင်းနေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့ စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ၂၆-၇-၂၀၂၁ ရက်တွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီ ၈ဝ မှ Oxygen Generator / Oxygen Concentrator ၃၁၈၂ ခု၊ Oximeter ၂၃၅၅၇ ခု၊ Oxygen Regulator ၁၀၃၂ ၊ Thermometer ၁၀၂၀၊ Test Kit ၅၀၀၀၊ Remdesivir For Injection 100 mg ၁၀၃၂ ခု၊ Favipiravir Tablets ၆၀၀၀၊ Flow Meter ၅၀၊ PPE ၅၂၄၀၊ Oxygen Mask ၅၀၀၊ ရန်ကုန်ဆိပ်ကမ်းများမှ ကိုဗစ်-၁၉ ကာကွယ်ကုသဆေးနှင့် အခြားဆေးမျိုးစုံ ငါးမျိုး ၅၂၂၇၈.၂၉ kg ၊ နယ်စပ် (မူဆယ်၊ ချင်းရွှေဟော်၊ ကော့သောင်း၊ မြဝတီ၊ တာချီလိတ်) တွင် ကုမ္ပဏီ ၃၁ ခုမှ Disposable Surgical Mask ၁၇၈၃၈ kg၊ Liquid Oxygen / Oxygen Gas ၁၅၄၀၀.၈၈ m3၊ Oxygen Cylinder ၂၃၁၆ ခု၊ Oxygen Concentrator ၁၀၂၁ ခု၊ Flow Meter ၁၅၆၀၊ Oxygen Regulator ၈၀၃ ခု၊ Oximeter ၃၁၀၊ PPE ၄၀၀၀ တို့အား ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ
08 Jul, 2025

08 Jul, 2025