Skip to main content

ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်ပမှတင်သွင်းခြင်း၊ ပြည်တွင်းသယ်ယူဖြန့်ဖြူးခြင်းဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေး ညှိနှိုင်းအစည်း အဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၂၇

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်ပမှတင်သွင်းခြင်း၊ ပြည်တွင်းသယ်ယူဖြန့်ဖြူးခြင်းဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေး ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀  နာရီတွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၊ တွဲဖက် အတွင်းရေးမှူး၊ ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင် များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ပမှတင်သွင်းမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေး ဆေးဝါးနှင့် ဆေးပစ္စည်းများ အခက်အခဲမရှိ တင်သွင်းနိုင်ရေး၊ အစားအသောက်နှင့် ဆေးဝါးများ ကွပ်ကဲရေးဦးစီးဌာန  (FDA) မှ အရေးပေါ်ကာလအတွင်း ဖြေလျော့ဆောင်ရွက်ပေးမည့် အခြေ အနေ၊ ဆေးဝါးများ တင်သွင်းရာတွင် လိုအပ်သော Air Cargo ၊ Shipping Line များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမှု၊ နယ်စပ်များမှ တင်သွင်းမည့်ဆေးဝါးနှင့် ဆေးပစ္စည်းများ လွယ်ကူ လျင်မြန်စွာတင်သွင်းနိုင်ရေး၊ အကောက်ခွန်ဦးစီးဌာနမှ တင်သွင်းလာသည့် ဆေးဝါးများအပေါ် အခွန်ကောက်ခံမှုလျော့ချရေး စီစဉ်မှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်း ရှင်များအသင်းတို့မှ တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုကြသည်။ 

ပြည်ပမှ ဆေးဝါးနှင့် ဆေးပစ္စည်းများတင်သွင်းရာတွင် အခက်အခဲမရှိစေရေး၊ ဈေးကွက် အတွင်း ဆေးဝါးများ မပြတ်လပ်စေရေး၊ အရည်အသွေး ဈေးနှုန်းမှန်ကန်စေရေးတို့အတွက် ရန်ကုန်မြို့တွင် “ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ ပြည်ပမှတင်သွင်း မှုလွယ်ကူလျင်မြန်ချောမွေ့စေရေးလုပ်ငန်းအဖွဲ့ (Task Force)” ကို ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အခက်အခဲတစ်စုံတစ်ရာရှိပါက ရန်ကုန်လုပ်ငန်းအဖွဲ့ (Task Force) ဖုန်း- ၀၉၆၆၄၀၇၅၆၈၃၊ ၀၉၆၆၄၅၉၆၃၂၇ နှင့် ကုန်စည်ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းကော်မတီရုံး ဖုန်း-၀၆၇၄၀၈၄၁၉ ၊၀၉၄၂၀၇၀၃၆၁၆ သို့ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရှိရသည်။

(သတင်းစဉ်)