Skip to main content

ဒီရောဂါကို တစ်ဦးတစ်ယောက်တည်းက ကာကွယ်လို့ မရပါဘူး။ ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းပြီး ကာကွယ်ဖို့လိုပါတယ်

ဒေါက်တာ စိုးထွဋ်ခေါင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တွင် ဇူလိုင် ၄ ရက်မှ ၂၃ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာပေါင်း ၆၅၆ ဦး ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ရန် ရမည်းသင်းခရိုင် ကုသရေးဦးစီးဌာန အထွေထွေရောဂါအထူးကု သမားတော် ဒေါက်တာ စိုးထွဋ်ခေါင်အား ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက သွားရောက်တွေ့ဆုံမေးမြန်း ထားပါသည်။ မေး ။ ။ ရောဂါပိုးတွေ့ရှိသူများလာတော့ ဆေးရုံ ကြီးမှာထားဖို့ အခက်အခဲရှိလာတဲ့ အတွက် အခု ဘယ်လိုများ စီမံဆောင်ရွက်ထားပါ သလဲ။ ဖြေ။ ။ သိပ်မပြင်းထန်တဲ့ ရောဂါပိုးတွေ့လူနာ တွေကို ရမည်းသင်းမြို့က ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီ ရဲ့ ကြီးကြပ်မှုနဲ့ ရမည်းသင်းမြို့ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၊နည်းပညာ တက္ကသိုလ်(ရမည်းသင်း) နဲ့ သာသနာ့ဗိမာန် Quarantine Center တို့မှာ ထားရှိပြီး လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု တွေ ပေးနေပါတယ်။ မေး ။ ။ ရောဂါပိုးတွေ့လူနာတွေကို အရေးပေါ် ကျန်းမာရေး စောင့်ရှောက်ပေးနေတာနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။ ဖြေ။ ။ ဆေးရုံမှာ အဓိက လိုအပ်တဲ့ဆေးဝါးတွေ နဲ့ ကုသပေးနေပါတယ်။ တချို့ဆိုရင် ဆေး နှစ်ကြိမ်ထိုးဖို့ လိုပါမယ်။ ဥပမာ - ဆီးချိုလူနာ တွေကို တစ်နာရီ တစ်ခါစောင့်ကြည့်ပြီး ဆေးသွင်းရ တာလည်းရှိပါမယ်အောက်ဆီဂျင်လိုအပ်ပါကလည်း အချိန်မီပေးသွင်း ကုသမှုတွေ လုပ်ပေးပါတယ်။ မေး ။ ။ ကိုဗစ်- ၁၉ ရောဂါနဲ့ ပတ်သက်ပြီး ဆေးရုံမှာ ဘယ်နှရက် နေရပါသလဲ။ ဖြေ။ ။ ကိုဗစ်ဖြစ်ပွားတဲ့အပေါ် မူတည်ပါတယ်။ သိပ်ပြီး ရောဂါမပြင်းထန်သူတွေကျတော့ ဆေးရုံမှာ ၁၁ ရက် နေရပါတယ်။ ရောဂါပြင်းထန်သူ၊ အမြဲစောင့်ကြည့်နေရသူ၊ အသက်ရှူကျပ်ပြီး အောက်ဆီဂျင်ကျနေသူ တွေကိုတော့ အနည်းဆုံး ဆေးရုံမှာ ၂၁ ရက်နေရပါတယ်။ မေး။ ။ ရောဂါမကူးစက်အောင် ဘယ်လိုနေထိုင် ရမယ်ဆိုတာ ရှင်းပြပေးပါဦး ဆရာ။ ဖြေ။ ။ ရောဂါမကူးစက်အောင် ကိုဗစ်ရောဂါ စပေါ်တဲ့အချိန်ကတည်းက ပြောသလို ပါပဲ။ ကိုဗစ်ရောဂါအသစ်တွေ ပေါ်လာတယ်။ အခုရောဂါပိုးက ပိုပြီးကူးစက်မှုနှုန်းမြန်လာတယ်။ ဒါကြောင့် မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့၊ လူစုလူဝေး ရှောင်ကြဉ်ရပါမယ်၊ နောက်ပြီး နေအိမ်ပြင်ပထွက် မယ်ဆိုရင်လည်း နှာခေါင်းစည်းတပ်ဖို့ လိုပါတယ်။ လူတိုင်း လူတိုင်းတပ်ဖို့လိုပါတယ်။ အရာဝတ္ထုတစ်ခုခု ကို ကိုင်ပြီးတိုင်း လက်ကို စက္ကန့် ၂၀ ခန့်ကြာအောင် ဆပ်ပြာနဲ့ ဆေးရပါမယ်။ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေဖို့လည်း လိုပါတယ်။ နောက်ပြီးကျန်းမာ ရေးနဲ့ ညီညွတ်မျှတတဲ့ အစားအသောက်တွေ စားရပါမယ်။ ကျန်းမာရေးထိခိုက်စေမယ့် အိပ်ရေး ပျက်ခံတာတို့၊ ဆေးလိပ်၊ အရက်သောက်တာတို့ အပြင် မူးယစ်ဆေးသုံးစွဲခြင်းတို့ကို ရှောင်ကြဉ်ရပါ မယ်။ နောက်ပြီး ကာကွယ်ဆေးထိုးထားသူတွေက လည်း လွတ်လွတ်လပ်လပ် သွားလာခြင်း မပြုလုပ် ပါနဲ့။ ဘာဖြစ်လိုလဲဆိုတော့ သူတို့ကိုယ်ပေါ်မှာ ကပ်ပါလာတဲ့ရောဂါပိုးက ကာကွယ်ဆေး မထိုးရသူ တွေနဲ့ မိမိရဲ့ မိသားစုဝင်တွေကို ကူးစက်နိုင်တာ ကြောင့် ဖြစ်ပါတယ်။ မေး ။ ။ ဖြည့်စွက်ပြောစရာရှိရင် ပြောပြပေးပါဆရာ။ ဖြေ။ ။ကိုဗစ်ရောဂါကတော့ အခုတတိယလှိုင်း အနေနဲ့ ကူးစက်မှုနှုန်း များလာပါတယ်။ အဲဒါကြောင့်ဒီရောဂါကို တစ်ဦးတစ်ယောက်တည်းက ကာကွယ်လို့မရပါဘူး။ ပြည်သူတွေအနေနဲ့ ဝိုင်းဝန်း ပြီး ကာကွယ်ဖို့ လိုပါတယ်။ ဥပမာ - နှာခေါင်းစည်း တပ်တယ်ဆိုရင် တစ်ဦးတစ်ယောက်တည်း တပ်ထားရုံနဲ့ အပြည့်အဝကာကွယ်နိုင်မှာ မဟုတ်ပါ ဘူး။ လူတိုင်းလူတိုင်းက နှာခေါင်းစည်းတပ် ထားမယ်ဆိုရင် ကာကွယ်ပြီးသားဖြစ်ပါတယ်။ ရောဂါပိုးက ဘယ်သူထံမှာ ရှိနေသလဲဆိုတာ ( မသိနိုင်တော့ ရောဂါပိုးရှိသူအနေနဲ့လည်း နှာခေါင်း စည်းတပ်ထားခြင်းကြောင့် ပိုးကအပြင်ကို မထွက် တော့ဘဲ ရောဂါပိုးမရှိတဲ့သူကိုလည်း မကူးစက်နိုင် တော့ဘူး။ အဲဒီလိုနည်းနဲ့ ပြည်သူအားလုံး မိမိ အသိစိတ်နဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်နဲ့ စည်းကမ်း သတ်မှတ်ချက်တွေကို တိကျစွာ လိုက်နာဆောင်ရွက် ခြင်းဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ဇော်ဝင်းအောင် (ခရိုင် ပြန်/ဆက်)