Skip to main content

Jul 25, 2021

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၉ နာရီခွဲတွင် မရမ်းကုန်းမြို့နယ် မြန်မာကွန်ဗင်းရှင်းစင်တာ(MCC) ခန်းမယာဉ်ရပ်နား ရေးကွင်း၌ ကိုဗစ်-၁၉ ရောဂါ သံသယလူနာများထားရှိရန် အဆောင်သစ်ဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ရှိသူက အဆောင် သစ်ဆောက်လုပ်နေမှုကို ရှင်းလင်းတင်ပြပြီး မြို့တော်ဝန်က လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် (ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများ ပိတ်သိမ်းခြင်း) အတွက် အမိန့်အမှတ် (၁၄၇/၂၀၂၁)ကို ထုတ်ပြန်ခဲ့ရာ အမိန့်ပါ စာပိုဒ်(၂)တွင် ပါရှိသည့် အကျုံးဝင်သော အမှုအမျိုးအစားများအား (တရားရုံး စစ်ဆေးဆဲအမှုများ စိစစ်ဆေးရေးအဖွဲ့) ဖွဲ့စည်း၍ စနစ်တကျ အသေးစိတ်ကြီးကြပ် စစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2021

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက်ရှိ ခုတင် ၃၀၀ ဆေးရုံတွင် အောက်ဆီဂျင် အရည် တန် ၂၀ ဆံ့ စက်ရုံတည်ဆောက်မှု ဇူလိုင်နောက်ဆုံး ပတ်တွင် ပြီးစီးမည်ဖြစ်ကြောင်း နေပြည်တော် ကောင်စီမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2021

တရုတ်နိုင်ငံအစိုးရမှ လှူဒါန်းသည့် ကိုဗစ်- ၁၉ ကာကွယ်ဆေး နှစ်သန်းအနက် တတိယအသုတ် Sinopharm ကာကွယ်ဆေး ၇၃၆၀၀၀ နှင့် ဆေးထိုးအပ် ၈၄၈၀၀၀ တို့ တင်ဆောင်လာသော Air China လေယာဉ်သည်ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2021

လက်ရှိအချိန်အခါတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာပေါ်ရှိပြည်သူများ စိုးရိမ်သောက ရောက်နေကြသည်။ ချမ်းသာကြွယ်ဝ ဖွံ့ဖြိုးသောနိုင်ငံများအဖို့ ကပ်ရောဂါကို ရင်ဆိုင်နိုင်စွမ်းရှိကြသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၊ မဖွံ့ဖြိုးသောနိုင်ငံများတွင် ကပ်ရောဂါကို အလူးအလဲရင်ဆိုင်တွေ့ကြုံရုန်းကန်နေရသည်။ ထိုနိုင်ငံများတွင် မြန်မာနိုင်ငံလည်းပါဝင်ပြီး ကပ်ရောဂါဆိုးကို ပြည်သူများရော အစိုးရကပါ ရုန်းကန်လှုပ်ရှားရင်ဆိုင်နေကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2021

ကြိုတင်ပြင်ဆင်ခြင်းဖြင့် ကာကွယ်ဆိုးရွားပြင်းထန်သည့် ရာသီဥတုဖြစ်စဉ်များကြောင့် ကမ္ဘာ့နိုင်ငံအချို့တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်နေသည်ကို နိုင်ငံတကာ သတင်းများတွင် တွေ့မြင်ရသည်။ တရုတ်နှင့် အိန္ဒိယအပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများသာမက ဖြစ်တောင့်ဖြစ်ခဲ့ ဥရောပနိုင်ငံအချို့တွင်ပါ ရေကြီးမြေပြိုမှုသဘာဝဘေးများ ကျရောက်ခဲ့ပြီး ပုံမှန်မဟုတ်သော ရာသီဥတုဖောက်ပြန်မှု သတင်းများကို တွေ့မြင်ကြားသိ ရခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2021

ရန်ကုန်မြို့ပေါ်တွင် ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ရောဂါရှာဖွေရေး/ကုသရေးဌာနများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး (Zoom Meeting) ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန COVID-19 Command Center ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2021

နိုင်ငံတော်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေး တကြီးလိုအပ်လျက်ရှိသည့် အောက်စီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံး အောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသည့် ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၁ ရက်အထိ ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေး စခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2021

ပြည်သူလူထုအတွက် လိုအပ်လျက်ရှိသော ဆေးဝါးများ ဈေးကွက်အတွင်း မပြတ်လပ်စေ ရေးနှင့် ဆေးဝါးများ တင်သွင်းရာတွင် လွယ်ကူချောမွေ့စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ Online Meeting စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်