Jul 29, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနရှိ စပါးသီးနှံသုတေသနဌာနခွဲ၊ စပါးသီးနှံသုတေသနဗဟိုဌာနသည် မြန်မာနိုင်ငံ ရေ၊ မြေ ဒေသ အသီးသီးအတွက် သင့်လျှော်သော စပါးသီးနှံမျိုးသစ်များရရှိရန်အတွက် စဉ်ဆက်မပြတ် သုတေသန ပြုဆောင်ရွက်ခဲ့ကြရာ ဆည်ရေသောက်စပါး (၃၄ မျိုး)၊ မိုးရေသောက်စပါး (၃၉ မျိုး)၊ ရေငတ်ခံစပါး (၉ မျိုး)၊ ရေအနည်းလိုစပါး(၉ မျိုး)၊ ရေနက်ခံစပါး (၈ မျိုး)၊ ရေမြုပ်ခံစပါး (၄ မျိုး)၊ ဆားငံဒဏ်ခံစပါး (၉ မျိုး)၊ တောင်ပေါ်ယာစပါး (၆ မျိုး)၊ အရည်အသွေးကောင်းစပါး (၁၃ မျိုး) တို့ကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။
Jul 29, 2021
အင်းဝဘဏ်လီမိတက်အနေဖြင့် နိုင်ငံတော်မှ သတ်မှတ်ပေးထားသည့် ရက်ကာလများအတွင်း နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာ (အငြိမ်းစားလစာ) များကို မြန်မာမိုဘိုင်းလ် ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ (Myanmar Mobile Money) ဖြင့် ချိတ်ဆက်ထားသော အင်းဝ ဘဏ်လီမိတက်၏ ဘဏ်ခွဲများတွင် လစဉ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jul 29, 2021
ရှမ်းပြည်နယ်အတွင်း အကောင်အထည်ဖော်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များကို ငွေကြေးအထောက်အပံ့ ပေးရေး အစီအစဉ် (MCCT) နှင့် လူမှုရေးပင်စင်အစီအစဉ်များ အကောင်အထည်ဖော်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အဆိုပါ အစီအစဉ်များအတွက် ထောက်ပံ့ကြေးငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် Online စနစ်ဖြင့် ကျင်းပ သည်။
Jul 29, 2021
ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ထုတ်ဝေသည့် အလျား(၃)ပေ ၊ အနံ(၂)ပေ (၄) လက်မရှိ “ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှုမှ ကာကွယ်ရန် မပျက်မကွက် လုပ်ဆောင်ရမည့် အချက်များ” ခေါင်းစဉ်ပါ ပညာပေးပိုစတာနှင့် (၆)ပေ ပတ်လည်ရှိ “စိုးရိမ်စိတ် တွေလွန်ကဲပြီးလုပ်ရင် ကောင်းကျိုးထက်ဆိုးကျိုးဖြစ်ဖို့များ” ခေါင်းစဉ်ဖြင့် တွေ့ဆုံမေးမြန်းခန်း ဆောင်းပါး ပညာပေးပိုစတာများကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီအတွင်းရှိ ခရိုင်(၄)ခရိုင်မှစည်ပင်သာယာ အုပ်ချုပ်ရေးမှူးများကို ပေးအပ် သည့်အခမ်းအနားကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမ ရှေ့၌ကျင်းပရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီနာယက ဒုတိယမြို့တော်ဝန် ဦးညီညီ၊ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး ဦးညွန့်ဖေ တို့က တာဝန်ရှိသူများထံ ပေးအပ်ကြသည်။
Jul 29, 2021
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့် အတွက် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်းနှင့် နယ်စပ်ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက်မရှိ ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အများပြည်သူ အလုပ်ပိတ်ရက်ရှည် ဖြစ်သည့် ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၁ ရက်အထိ ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ပို့ကုန် သွင်းကုန် လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)ရုံးများသို့ ပို့ကုန်သွင်းကုန်လိုင်စင် လာရောက်လျှောက်ထားမှုများကို ပုံမှန် အွန်လိုင်းစနစ်ဖြင့် ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသည်။
Jul 29, 2021
အာဆီယံ၏ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း (APSC) မဏ္ဍိုင်မှ (၂၁)ကြိမ်မြောက် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (21st ASEAN Senior Officials Meeting on Transnational Crime - 21st SOMTC) ကို ဘရူနိုင်းဒါရူဆလမ်နိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ဇူလိုင် ၂၇ ရက်တွင် Video Conferencing ဖြင့် ကျင်းပသည်။
Jul 29, 2021
(၂၈-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၉-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၅,၀၆၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၅,၂၃၄) ဦးတွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၃,၁၃၁,၅၁၁) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၂၈၉,၃၃၃) ဦး ရှိပြီ ဖြစ်ပါသည်။
Jul 29, 2021
ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှုမှာ နေ့စဉ်မြင့်တက် လျက်ရှိသောကြောင့် တာဝန်ရှိသူများက ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်သည့် CRPH၊ NUGနှင့် PDF အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေရန်နှင့် အစိုးရ၏ အုပ်ချုပ်မှု ယန္တရားကို ပျက်ပြားစေရန် စသည့်ရည်ရွယ်ချက်များဖြင့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခြင်း၊ အများပြည်သူသွားလာလျက်ရှိသော လမ်းများ၌ မိုင်းထောင် ဖောက်ခွဲခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ကို ထောက်ထားညှာတာမှုကင်းမဲ့စွာ နည်းမျိုးစုံဖြင့် နှောင့်ယှက်ဖျက်ဆီးခြင်းများ လုပ်ဆောင် လျက်ရှိသည်။
Jul 29, 2021
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ရေး နှင့် ဈေးကွက်လိုအပ်ချက် ပြည့်မီအောင်ဖြည့်တင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဒုတိယဝန်ကြီး ဦးညွန့်အောင် ဦးဆောင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 29, 2021
အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEAN Supreme Audit Institutions: ASEANSAI) အဆင့်မြင့် အရာရှိကြီးများ၏ (၆) ကြိမ်မြောက်အစည်းအဝေး (the 6th ASEANSAI Senior Officials’ Meeting: SOM) နောက်ဆုံးနေ့ကို ယမန်နေ့တွင် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ဆက်လက်ကျင်းပသည်။