Jul 31, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့် အတွက် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်းနှင့် နယ်စပ် ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေး စခန်းများ ရုံးပိတ်ရက်မရှိ ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အများပြည်သူ အလုပ်ပိတ်ရက် ရှည်ဖြစ်သည့် ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၈ ရက်အထိ ကုန်သွယ်ရေး ဦးစီးဌာန(ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)ရုံးများသို့ ပို့ကုန်သွင်းကုန် လိုင်စင်လာရောက် လျှောက်ထားမှုများကို ပုံမှန်အွန်လိုင်းစနစ်ဖြင့် ခွင့်ပြုဆောင်ရွက် ပေးလျက်ရှိသည်။
Jul 31, 2021
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း သဘာဝ ဘေးအန္တရာယ်များကြောင့် ဖြစ်ပွားလာနိုင်သည့် ရောဂါများ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နေပြည်တော်၌ ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Jul 30, 2021
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါဖြစ်ပွားမှု အရေးပေါ်ကာလ အတွင်း ပြည်သူများသွားလာရခက်ခဲပြီး၊ လမ်းပန်းဆက်သွယ်မှုပြတ်တောက်ခြင်း မရှိစေရန် အတွက် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးကို Coronovirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လေယာဉ်၊ ရေယာဉ်၊ ရထား၊ မော်တော်ယာဉ် ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိသည်။
Jul 30, 2021
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Jul 30, 2021
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Jul 30, 2021
အကြမ်းဖက်အဖွဲ့ အစည်းများဖြစ်သည့် CRPH ၊ NUGနှင့် PDF အဖွဲ့များအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ လူငယ်များအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက်စေပြီး အများပြည်သူ လူထုသွားလာလှုပ်ရှားလျက်ရှိသည့်နေရာများကို မိုင်းထောင်တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များ ၏ ပညာရေးကိုထိခိုက်စေရန် စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက် ခြင်းနှင့် ဆရာ၊ ဆရာမများအား နှောက်ယှက်တိုက်ခိုက်ခြင်းများကို လူသားချင်းစာနာထောက် ထားမှုမရှိဘဲ လုပ်ဆောင်လျက်ရှိသည်။
Jul 30, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်။ ထိန်းချုပ်၊ ကုသရေးဆေးနှင့် ပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိကြောင်း သိရသည်။
Jul 30, 2021
လက်ရှိချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော် ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး ဆေးသိုလှောင်အအေးခန်းတွင် ထားရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinoparm များ နှင့် ဆေးထိုးအပ်များအား သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း ယနေ့ နံနက်ပိုင်းက မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်သို့ ပို့ဆောင်ပေးသည်။
Jul 30, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါအခြေအနေမှာ အရှိန်အဟုန်ဖြင့် ဖြစ်ပွားနေဆဲ ဖြစ်သည်။ ရာသီဥတုအခြေအနေအရလည်းကောင်း၊ ဖြစ်ပွားနှုန်းအရလည်းကောင်း ဆက်လက်မြင့်တက် နေဦးမည် ဖြစ်သည်။ ရောဂါသည် ပြည်သူလူထုကြားတွင် ကူးစက်ပြန့်ပွားနိုင်သဖြင့် နှာခေါင်း၊ ပါးစပ်၊ မျက်စိတို့ကို အကာအကွယ်ပြုလုပ်ခြင်း၊ လူအများကို ဝေးဝေးရှောင်၍ ခပ်ခွာခွာ နေထိုင်ခြင်း၊ လက်ကို မကြာခဏဆေးကြော ခြင်းတို့ကို အစဉ်ပြုလုပ်နေရမည့်အပြင် ကာကွယ်ဆေးပါ ထိုးနှံထားခြင်းဖြင့် ရောဂါကူးစက်မှုအတွက် အတော်အတန်စိတ်ချနိုင်မည် ဖြစ်သည်။
Jul 30, 2021
အရှိန်အဟုန်မြင့်တက်နေသော မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ရေးသည် ပစ္စုပ္ပန်အချိန်ကာလအတွင်း မြန်မာနိုင်ငံအတွင်းနေထိုင်သူ နိုင်ငံသူ နိုင်ငံသားအားလုံး၏ အဓိက အာရုံစူးစိုက်နေရသော အရေးကိစ္စဖြစ်သည်။ ဆန့်ကျင်ဘက်တွင်မူ အကြမ်းဖက်အဖွဲ့အစည်းများက လေလှိုင်းမှတစ်ဆင့် စေခိုင်းမှု များကို ဆင်ခြင်ဉာဏ်ကင်းမဲ့စွာ လိုက်ပါလုပ်ဆောင်နေသူများက မြို့ရွာများအတွင်း၊ ပြည်သူလူထုအတွင်း မတည်မငြိမ် ဖြစ်စေရေး၊ ကြောက်ရွံ့ထိတ်လန့်နေစေရေးတို့ကို အခွင့်အခါ စောင့်ဆိုင်းကာ လစ်လျှင် လစ်သလို ပြုလုပ်နေကြဆဲ။ သို့ရာတွင် မြို့ပြများအတွင်း ပြန်လည်ဝင်ရောက်ခိုအောင်းကာ အကြမ်းဖက်အဖျက်လုပ်ရပ်များ ပြုလုပ်ရန် ပုန်းကွယ်နေထိုင်နေကြသူများမှာ လူနှင့်တကွ လက်နက် ခဲယမ်းများပါ ကွင်းဆက်လိုက် ဖော်ထုတ်ဖမ်းဆီးခံရခြင်းဖြင့် အကြမ်းဖက်အဖျက် လုပ်ငန်းများကိုပါ တားဆီးနိုင်ခဲ့သည်။