Jul 29, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ် များနှင့် ပတ်သက်ပြီး မြေပြင်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိကြသည့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတ အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ ၊ လိုအပ်ချက်များ ဖော်ထုတ်ဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့ရှိ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ အစည်းများမှ ကိုယ်စား လှယ်များနှင့်လည်းကောင်း၊ ယနေ့ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့မှစေတနာ့ဝန်ထမ်းများ၊ ပရဟိတ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လည်းကောင်း Online စနစ်ဖြင့် ကျင်းပသည်။
Jul 29, 2021
လတ်တလော ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလတွင် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ပျံ့နှံ့မှုမရှိစေရေးအတွက်မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှ ဝယ်ယူရောက်ရှိလာ သော ကာကွယ်ဆေးများ စတင်ထိုးနှံမှု ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန် ဗဟိုအကျဉ်းထောင်အတွင်းရှိ အကျဉ်းသား/အချုပ်သား ၆၁၀ အား ယနေ့နံနက်ပိုင်းတွင် စတင် ထိုးနှံပေး ခဲ့ကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်မှ သိရသည်။
Jul 29, 2021
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီသို့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန် မြို့တော်စည်ပင် သာယာရေးကော်မတီ မြို့တော် ခန်းမ ပထမထပ်ရှိ အစည်းအဝေး ခန်းမ(၄)၌ ကျင်းပသည်။
Jul 29, 2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်သူများက မြန်မာနိုင်ငံမှ ကိုဗစ်လူနာများ ကုသရာတွင် အသုံးပြုရန် အောက်ဆီဂျင်အရည် (Liquid Oxygen) တန် ၂၀၀ လှူဒါန်းပွဲကို ယနေ့ညနေ ၄ နာရီကမန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီးတွင် ကျင်းပသည်။
Jul 29, 2021
လူမှုကူညီရေးအဖွဲ့အစည်းများ၏ကဏ္ဍ မိမိအတွက် အကျိုးအမြတ်တစ်စုံတစ်ရာ ရယူခြင်းမရှိဘဲ အများ အကျိုးဆောင်ရွက်သည့်လုပ်ငန်းများကို ပရဟိတလုပ်ငန်းများအဖြစ် သိရှိကြသည်။
Jul 29, 2021
ကမ္ဘာပေါ်တွင် နိုင်ငံရေး၊ ဘာသာရေး၊ ဝါဒရေး၊ စီးပွားရေး အကြောင်းတစ်မျိုးမျိုး အတွက် လက်နက်စွဲကိုင် တိုက်ခိုက်သတ်ဖြတ်သည့် အကြမ်းဖက်လမ်းစဉ်ကို အသုံးချလာကြသည်။ အကြမ်းဖက်လမ်းစဉ်မှာ ရက်စက်ယုတ်မာသည့်လုပ်ရပ်ဖြစ်ပြီး ပြည်သူများအား အကြောက် တရားကြီးမားလာအောင် လုပ်ဆောင်ကာ အာဏာထူထောင်ခြင်းပင် ဖြစ်သည်။ အကြမ်း ဖက် သမားတို့၏ရည်မှန်းချက်သည် ဖြတ်လမ်း နည်းဖြင့်ရယူသည့် ယုတ်မာရက်စက်သော လုပ်ငန်း စဉ်ဖြစ်သည်။
Jul 28, 2021
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF အဖွဲ့များ သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ လူငယ်များ အား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက် စေပြီး အများပြည်သူလူထုသွားလာလှုပ်ရှားလျက်ရှိသည့် နေရာများကို မိုင်းထောင် တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကိုထိခိုက်စေရန် စာသင်ကျောင်း များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်း၊ ဆရာ/ဆရာများအား နှောက်ယှက် တိုက်ခိုက်ခြင်းများကိုလူသားချင်းစာနာထောက်ထားမှုမရှိဘဲလုပ်ဆောင်လျက်ရှိသည်။
Jul 28, 2021
အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEAN Supreme Audit Institutions: ASEANSAI) ၏ (၆) ကြိမ်မြောက်ထိပ်သီးအစည်းအဝေး (the 6th ASEANSAI Summit) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ASEANSAI အဆင့်မြင့်အရာရှိကြီးများ၏ (၆) ကြိမ်မြောက်အစည်းအဝေး (the 6th ASEANSAI Senior Officials’ Meeting: SOM) ကို ယနေ့တွင် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
Jul 28, 2021
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမှုမြင့်တက်လျက်ရှိပြီး ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ ဝင်များ၊ လူမှုရေးအသင်းများ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများ၏ အလှူငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာခန်းမ၌ ကျင်းပသည်။