Skip to main content

Jul 31, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော်လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

ဗြိတိန်နိုင်ငံ၏ ကမကထပြုမှုဖြင့် မြန်မာနိုင်ငံဆိုင်ရာ Arria Formula အစည်းအဝေးတစ်ရပ်ကို ၂၉-၇-၂၀၂၁ ရက်က နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သည်။ Arria Formula အစည်းအဝေး၏ သဘော သဘာဝအရ အလွတ်သဘော ဆွေးနွေးမှုသာဖြစ်ပြီး အစည်းအဝေးမှ စာရွက်စာတမ်း တစ်စုံတစ်ရာ ထွက်ရှိခြင်း မရှိပါ။ လုံခြုံရေးကောင်စီ၏ လုပ်နည်းလုပ်ဟန်အရ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ ကမကထပြု ဆောင်ရွက်နိုင်ပြီး အစည်းအဝေးသို့ ဖိတ်ကြား သူများ အားလုံးနှင့် တက်ကြွလှုပ်ရှားသူများလည်း အဟန့်အတားမရှိဘဲ ပါဝင်နိုင်ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

၁။ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (CoVID-19 Vaccination Fund)ကို မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)တွင် အောက်ပါအတိုင်း ဖွင့်လှစ်ထားပါသည်-

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာပေါ်တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ပျံ့နှံ့လာခဲ့ပြီး မြန်မာနိုင်ငံသို့ ၂ဝ၂ဝ နှစ်ဆန်းပိုင်းမှ စတင်ဝင်ရောက်လာခဲ့ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ၁၂-၃-၂ဝ၂ဝ ရက်နေ့တွင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာ ခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါ သည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ပျံ့နှံ့ ဖြစ်ပွားသည့် ရောဂါဖြစ်ပြီး ကမ္ဘာ့နိုင်ငံများ အားလုံးတွင် အဆိုပါရောဂါကို ကာကွယ်ကုသရန်အတွက် ကြိုးပမ်းနေကြသလို မြန်မာနိုင်ငံတွင်လည်း ကာကွယ်ကုသရေး လုပ်ငန်းစဉ်များကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

ဇူလိုင် ၂၉ ရက် မွန်းလွဲ ၃ နာရီတွင် ကန့်ဘလူ မြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၄၂ မိုင်အကွာ တွင် အနက် ၁ဝ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၆ ဒသမ ၃ အဆင့်ရှိ အင်အား ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သည့် အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ငလျင်ရိုက်ခတ်မှုဒဏ်ကြောင့် ဌာနမှ ထိန်းသိမ်း ထားသော ရေလှောင်တမံနှင့် ဆက်စပ် ရေအားအဆောက်အအုံများ ထိခိုက်မှုရှိ/ မရှိ ချက်ချင်း ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဝန်ကြီးဌာနပေါင်းစုံမှ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးရန် ကျန်ရှိသည့် ပြည်ထောင်စုအဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရ | ဝန်ထမ်းများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (C) ရုံ၌ ကိုဗစ် - ၁၉ ကာကွယ်ဆေး (Sinopharm) ကို ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

လက်ရှိချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျှက်ရှိပြီး ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော် ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျှက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး ဆေးသို လှောင်အအေးခန်းတွင်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm များနှင့် ဆေးထိုးအပ်များအား သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း ယနေ့ နံနက်ပိုင်းတွင် တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် မြစ်ကြီးနား၊ စစ်တွေနှင့် သံတွဲမြို့များသို့ ပို့ဆောင်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

ယနေ့ကာလတွင် နိုင်ငံရေးကိုအကြောင်းပြု၍ မဟုတ်မမှန်သတင်းများ၊ ကောလာဟလ သတင်းများ၊ ပုံကြီးချဲ့ကားထားသောသတင်းများ လွှင့်ထုတ်နေကြသည်။ အဓိကမှာ နိုင်ငံရေး အမြတ်ထုတ်လိုသောကြောင့် ရည်ရွယ်ချက်ရှိရှိ လုပ်ကိုင်နေကြ သူများနှင့် ယင်းတို့နှင့် ပတ်သက်၍ အသိအမြင်လွဲမှားနေသူများ၊ အမှောင်ဖုံးနေသူများ ကလည်း နောက်မှလိုက်ပါကာ မမှန်သတင်းများ၊ ပုံကြီးချဲ့ထားသောသတင်းများကို ထပ်ဆင့်မျှဝေလာကြသည်။ ယနေ့အချိန် ကာလတွင် နိုင်ငံရေးကိစ္စသည် အဓိက မဟုတ်ပေ။ ကျန်းမာရေးကိစ္စ၊ လူ့အသက်ကိစ္စ၊ လူမှုရေးကိစ္စများမှာ အရေးကြီးနေ၍ ယင်းတို့အပေါ်ထိခိုက်စေနိုင်မည့်သတင်းစကားများ မပါးမိဖို့ လိုပေသည်။ ။

ဆက်လက်ဖတ်ရှုရန်