နေပြည်တော် ဇူလိုင် ၂၉
အင်းဝဘဏ်လီမိတက်အနေဖြင့် နိုင်ငံတော်မှ သတ်မှတ်ပေးထားသည့် ရက်ကာလများအတွင်း နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာ (အငြိမ်းစားလစာ) များကို မြန်မာမိုဘိုင်းလ် ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ (Myanmar Mobile Money) ဖြင့် ချိတ်ဆက်ထားသော အင်းဝ ဘဏ်လီမိတက်၏ ဘဏ်ခွဲများတွင် လစဉ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ထုတ်ပေးလျက်ရှိရာ ဇူလိုင်လအတွက် မြန်မာမိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုကုမ္ပဏီ (Myanmar Mobile Money) နှင့် ချိတ်ဆက်ထားသည့် ပင်စင်လစာငွေများ ထုတ်ယူနေကြသော မိဘပြည်သူနိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအနေဖြင့် ဇူလိုင်လ ၂၆ ရက်မှစတင်၍ ဘဏ်ဖွင့်ရက် များတွင် ပင်စင်လစာ (အငြိမ်းစားလစာ) များကို သက်ဆိုင်ရာ အင်းဝဘဏ် လီမိတက်များ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ဘဏ်လုပ်ငန်းချိန်အတွင်း ထုတ်ယူနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
