နေပြည်တော် စက်တင်ဘာ ၃
နေပြည်တော် PDF နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားသည်ဆိုသည့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် သတင်းမှာ သတင်းမှား ဖြစ်ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၊ ဆိတ်ဖူးတောင်နှင့် လက်ဘက်တောင်ကျေးရွာကြား လွန်းထိုးကြီး၊ လွန်းထိုးလေးအတက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများ တိုက်ပွဲဖြစ်ပွားသည်ဟု လူမှုကွန်ရက်ပေါ်တွင် ယမန်နေ့များက သတင်းထုတ်လွှင့်နေခြင်းသည် နေပြည်တော်တွင် နေထိုင်သည့် ပြည်သူလူထုကို စိုးရိမ်စိတ်ဖြစ်အောင်၊ နေပြည်တော်နယ်မြေ တည်ငြိမ်အေးချမ်းနေခြင်းကို ဖျက်ဆီးစေချင်သည့် မီဒီယာအချို့၏ လုပ်ဇာတ်ဖြစ်ပြီး မီဒီယာများကို သတင်းပေးသည့်သူများ အနေဖြင့်လည်း ဖြစ်စဉ်ဖြစ်ရပ်ပြပြီး ငွေလိမ်လည်တောင်းယူဖို့သာ ဖြစ်နိုင်ကြောင်း၊ နေပြည်တော်ဝန်းကျင်တွင် မည်သည့်ဖြစ်စဉ်မျှ မရှိကြောင်း သတင်းလိမ်သတင်းမှား လုပ်စားသတင်းသာဖြစ်ကြောင်း၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ သိရသည်။