နေပြည်တော် စက်တင်ဘာ ၃
တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ နတ်မောက်ရိပ်သာလမ်းနှင့် ဖိုးစိန်လမ်းထောင့်တွင်ရှိသည့် Two Two Five Hotel တွင် လောင်းကစားဝိုင်းများပြုလုပ်နေကြောင်း သိရှိရသည့်အတွက် သြဂုတ်လ ၃၁ ရက် ညနေ ၆ နာရီကျော်တွင် ဝင်ရောက်ဖမ်းဆီး ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တာမွေမြို့နယ်၊ Two Two Five Hotel တွင် လောင်းကစားဝိုင်းများ ပြုလုပ်နေကြောင်း သိရသည့်အတွက် သက်ဆိုင်ရာအဖွဲ့ အစည်းများက သွားရောက်ဖမ်းဆီးရာ ဟိုတယ် မန်နေဂျာနဲ့ လောင်းကစား ပြုလုပ်နေသူ ၄၀ ဦးကို လောင်းကစား ပြုလုပ်နေသည့် ပစ္စည်းများ၊ လောင်းကြေးငွေစက္ကူရောရာ ၂၆၅ သိန်းကျော်နှင့် ၎င်းတို့ကိုင်ဆောင်သည့် ဖုန်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဟိုတယ်ပိုင်ရှင်အနေဖြင့် ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ဖမ်းဆီးရမိရေး ဆက်လက်လုပ်ဆောင် နေကြောင်းနှင့် ဖမ်းမိသည့်သူများကိုလည်း လောင်းကစားဥပဒေနှင့်အညီ အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။